အကြည့်ခံနိုင်အောင် ကြိုးစား
သူ့အလိုလို တက်လာပါစေ
တရားထိုင်ရတာ ဝတ်ကျေတမ်းကျေ မလုပ်ကြပါနဲ့၊
ခုဒီကျောင်းတိုက် ဘုန်းကြီး တစ်သက်တာ မဟုတ်၊ နောင်လဲ ကောင်းပါစေ၊ သွားတဲ့အခါ အသိတရားနဲ့
သွားပါ၊ ဘုန်းကြီးတွေက “ခု ချဉ်ပေါင်ဟင်း စားနေရပေမယ့် နောင်ဝက်သားဟင်း ဖြစ်မှာပါ”ဆိုတဲ့
အနေမျိုးနဲ့ တပည့်တွေ မြှောက်ပေးမနေကြနဲ့၊ ဒီလို မြှောက်ပေးရင် နောက်ကျတော့ ပျက်ကုန်ရော၊
အားမပေးကြ ပါနဲ့၊ အလိုလို တက်လာပါစေ။
ဒီကျောင်းမှာ ဟိုတုန်းက ကိုယ်တော်တွေက ဣနြေ္ဒ
ရှိကြတယ်၊ ခုကိုယ်တော်တွေက စပ်ဖြဲဖြဲနဲ့၊ ကိုယ်တော်တို့ ဘာဝနာ မပါရင် စိတ်မငြိမ်ပါဘူး၊
စိတ်ငြိမ်အောင် ဘာဝနာပွားကြ၊ ကိုယ်တော်တို့က ဘုန်းကြီးကိုလေ မောလိုက်တာလို့ အောက်မေ့
နေမယ်၊ ဘုန်းကြီးကတော့ ဝတ္တရားအတိုင်း နာရီကြည့်ပြီး ပြောရမှာပဲ၊ ဒီကျောင်းမှာ စာတတ်သက်သက်
ခွင့်မပေးဘူး၊ ကိုယ်တော်တို့ ဂုဏ်မမက်ကြနဲ့၊
ဘုန်းကြီးက
ငြိမ်သက်တဲ့ မျက်နှာကို လိုချင်တယ်၊ တရားကိုလဲ ဆင်ခြင်, စာကိုလဲ ကြည့်၊ တောကျောင်းဘုန်းကြီး ပျင်းတော့
ရေခပ်လမ်းက ဈေးပြန်လာတဲ့ အပျိုတွေကို လိုက်ကြည့်နေတယ်၊ ထိုင်နေရာက အားမရတော့ ကျောင်းပေါက်အထိ
လိုက်သွားကြည့်တယ်၊ ခု ဒီမှာ ဒကာ ဒကာမတွေ လာတယ်၊ လိုက်မကြည့်ကြပါနဲ့၊ ဣနြ္ဒိယသံဝရသီလ
ထိန်းသိမ်းပေးကြပါ၊ ဘာဝနာ သီလရှိရင် ဝမ်းမြောက်ရတယ်၊ ကျန်းမာချမ်းသာတယ်၊ ဒီကျောင်းတိုက်က
ဘယ်အချိန် လာကြည့်ကြည့် အကြည့်ခံနိုင်ပါစေ။
စည်းကမ်းကို ရှေ့သို့တိုး
တောင်မြို့က
ဘာဖြစ်ဖြစ် များများစားစား လှူခဲတယ်၊ ဒါပေမယ့် ဆွမ်းလောင်းနေရတဲ့ နေ့စဉ်တာဝန်ကြီးဟာ
နည်းတာ မဟုတ်ဘူး၊ ဒါတွေကို ထောက်ပြီး မေတ္တာများများ ပွားပေးကြပါ၊ ကိုယ်တော်တို့ စာတတ်ဖို့ချည်း
မမျှော်ကြပါနဲ့၊ ကောင်းကောင်းသာ နေကြပါ၊ ဘုန်းကြီးက သံသရာပါ တာဝန်ခံပေးမယ်၊ ဘုန်းကြီး
သာသနာ့သမိုင်းကို လေ့လာနေတယ်၊ မိမိကို ဘေးက ကြည်ညိုရုံတင် မဟုတ်ဘဲ ကိုယ့်ကိုယ်လဲ ကြည်ညိုနိုင်အောင်
လုပ်ပါ၊ မူမပျက်ကြပါနဲ့၊ ရရှိတဲ့ စည်းကမ်းကို နောက်မဆုတ်နဲ့၊ ရှေ့တိုးပါ။
တာရှည်လုပ်မှ ရတယ်
နိဗ္ဗာန်ရောက်ကြောင်း
လမ်းကောင်းကို မကျင့်ဘဲနဲ့ နိဗ္ဗာန်ရောက်ချင်လို့တော့ မရပါဘူး၊ ရန်ကုန် သွားချင်ရင်တောင်
ဆုတောင်းနေရုံနဲ့ မရောက်ပါဘူး၊ သွားမှ ရောက်တာပါ၊ ဒီလိုပဲ နိဗ္ဗာန် လိုချင်ရင် ဆုတောင်းမနေနဲ့၊
ကြိုးစားပြီးတော့ အားထုတ်ပါ၊ နိဗ္ဗာန်နဲ့ လက်ထပ်ရမှာ မလွဲပါဘူး၊ ဆုတောင်းနေရုံနဲ့တော့တစ်သက်
မရဘူး၊ နှစ်သက် မရဘူး၊ ကမ္ဘာကုန်တောင် မရဘူး၊ ဘဝမှာ တာရှည် လုပ်ရတယ်၊ တစ်နေ့ မရမရှိ
ရမှာပါ။
စိတ်ကောင်းရှိမှ ဂုဏ်ထင်
ဘုန်းကြီးက ကံကလဲ ပါလာတယ်၊ ကျန်းမာရေးကလဲ
ကောင်းတယ်၊ ဒီကျောင်းတိုက်က အတွင်းဝင်ကြည့်မှ အသေအချာ သိရတယ်၊ ကိုယ်တော်တို့ စိတ်ကောင်းမရှိဘဲနဲ့
ဂုဏ်ရှိနေလို့ကတော့ မကောင်းပါဘူး၊ ဆွမ်းစားတဲ့အခါမှာ သေသေချာချာ စားပါ၊ စားတဲ့နေရာမှာ
ဆွမ်းလုံးကျသွားရင် ကောက်သွားရတယ်၊ ဆွမ်းကို ပါးစပ်နဲ့ ဟပ်တာကတော့ ဘယ်ဘဝက ပါလာတဲ့ အကျင့်မှန်း
မသိဘူး၊ ဆွမ်းခံသွားရင် ရှေ့နောက် တန်းသွားပါ၊ ရိုရိုသေသေလဲ နေကြပါ။
ကိုယ်တော်တို့ အပြောအဆို ပြင်ကြပါလို့ ဆိုတယ်၊
ဘယ် တော့မှ ပြင်ရမှာ မဟုတ်ဘူး၊ ပြင်ပြီးတော့ နေကြပါ၊ နောက် ဘဝသံသရာထိအောင် ပါသွားတတ်တယ်၊
လူတွေနဲ့ စကား ပြောရင် ခင်ဗျားç ကျွန်တော် မပြောပါနဲ့ဆို ပြင်မရဘူး၊ ကိုယ်က အထက်တန်းရောက်နေတာ
အထက်တန်းစကား ပြောပေါ့၊ မပြောချင်တဲ့သူ နေပေါ့၊ စိတ်ကောင်းရှိပေမယ့် လူက မိုက်တူးနေရင်
ဘာမှ သုံးလို့ မဖြစ်ဘူး၊ ဒီကျောင်းမှာ ကျန်းမာရေးနဲ့ ညီအောင် ပြုပြင်နေကြပါ။
ရိုးရိုးကျင့် မြင့်မြင့်ကြံ
ကိုယ်ရေးကိုယ်တာ မကြည့်နဲ့၊ တစ်ဘဝတည်းကြည့်ရင် ကျဉ်းမြောင်းတယ်၊ လောကမှာ ကိုယ်က အဆင့်အတန်းမမြင့်ရင် တစ်ယောက်နဲ့
တစ်ယောက် ကွဲကြရတယ်၊ ငယ်ငယ်က ကွဲပေမယ့် ကိုယ်က သာရင် ပြန်တွေ့ချင်ကြတယ်၊ ကိုယ်က ချာတူးဆိုရင်
ဘယ်သူ ကမှ လှည့်မကြည့်ချင်ဘူး၊ ချာတူး မဖြစ်စေကြနဲ့၊ ကောင်း ကောင်း ကျင့်ကြပါ၊ ဘုန်းကြီးငယ်ငယ်က
အိမ်မီးလောင်တော့ အဘွားက ဘုန်းကြီးရဲ့ ဆွမ်းအုပ်ကို ပိုက်ပြီး အိမ်က ဆင်းခဲ့ တယ်၊ ဒီ့ပြင်
ဘာပစ္စည်းမှ မယူဘူး၊ စိတ်က ယုတ်မာရင် နောက်ဘဝ သိပ်ကျသွားမယ်၊ ခုဘဝ နာမည်ကောင်းလေးနဲ့
အားရမနေကြနဲ့၊ နောက်ဘဝ နိမ့်ကျလာမယ်၊ ကိုယ့်သီလ သိက္ခာကို ထိန်းပေးကြပါ။
အလုပ်ဆိုတာ လုံ့လ ဝီရိယ ပညာနဲ့ လုပ်ရင် မပြီးတာ
မရှိပါဘူး၊ ဒီကျောင်းမှာတော့ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း အခြေခံလို့ သဘောထားကြပါ၊
လောကီအာရုံကို ငြီးငွေ့ကြပါ၊ မေ့လျော့နေတဲ့သူကတော့ မေ့လျော့သလိုပဲ ဖြစ်ရ မယ်၊ မလိုလဲ
လိုလဲ အလုပ် မလုပ်ကြပါနဲ့၊ စိတ်ပါ လက်ပါ အလုပ်လုပ်ကြပါ။
မေ့သူနဲ့ မမေ့သူ
ငယ်ငယ်က လောကီအာရုံနဲ့ နေပြီး ကြီးလာတော့
သားသမီးမြေးတွေနဲ့ အဘိုးအဘွားတွေက အအိုပြိုင်နေကြတာ၊ အပိုအချိန်တွေ မကုန်ပါစေနဲ့၊ ဒါနç
သီလစတဲ့ ကုသိုလ်တရားတွေ မေ့လျော့နေရင် အသေပါပဲတဲ့၊ မေ့သူနဲ့ မမေ့သူက ကွာခြားပါတယ်၊
မမေ့သူက ဝမ်းမြောက် မှုနဲ့ ချမ်းချမ်းသာသာ နေရတယ်၊ မိမိတို့ဘဝ ထူးတဲ့ဘဝ ရနေတာ၊ လူ့ဘဝမှာဆိုရင်
မနက်လင်းတာနဲ့ ကုသိုလ်ဘက် စိတ်မကူးဘူး၊ လူချင်းတူပေမယ့် အသက်ရှူချင်း ကွာသေး တယ်၊
လောက အများကို ကြည့်မနေပါနဲ့၊ လောကီအာရုံနဲ့ နေချင်ရင် နတ်ပြည်မှာ ပေါပါတယ်၊ တရားနဲ့
နေချင်ရင် လူ့လောကမှာ ကောင်းပါတယ်။
သာသနာ့အသရေ ဆောင်ကြ
ခု ဘုရားရတနာတွေကို တွေ့နေရတာ ကံကောင်းလွန်းလို့ တွေ့နေရတာပါ၊ ကံဆိုတာ ဉာဏ်, ဝီရိယက ရေလာမြောင်းပေး
လုပ်ပေးရတယ်၊ စကြာရတနာ ပေါ်တယ်ဆိုတာ ကံအရင်းခံ ပါလာတယ်၊ ပတ္တမြားရတနာတွေလဲ ဒီအတိုင်းပါပဲ၊
တို့တတွေ မှာ ဒီလို ရတနာတွေ တစ်လုံးတလေမှ မရှိဘူး၊ ဒီအနားရပ်ပြီး အားရမနေကြနဲ့၊ ဆွမ်းဟင်းဆွမ်းရတာလဲ
မျှတပေးရတယ်၊ သီလလဲ စင်ကြယ်အောင် နေကြ၊ သီလ မစင်ကြယ်ရင် ဧရက ပတ္တနဂါးမင်းလို ဖြစ်တတ်တယ်၊
“အာပတ်ဆို ချိုနဲ့လား”ဆိုတာ အဟုတ်ရှိတယ်၊ သူခွေ့ရင် အထက်မရောက်ဘူး၊ အောက်ကိုသာ ခွေ့ချတာ၊ လောကမှာ
ထုံထိုင်းထိုင်းတွေနဲ့ အောက်ကျ နောက်ကျ မနေနဲ့၊ သာသနာ့ အသရေလဲ ဆောင်ကြပါ၊ ကောင်းကောင်းလဲ
နေကြပါ။
လောကကို လှစေချင်
ဘုန်းကြီးရဲ့ရုပ်ဟာ အရုပ်ဆိုးထဲကတော့မဟုတ်
ပါဘူး၊ဒါပေမယ့် ပြန်ဖျက်ပွတ်ချေပြီး လှလှလေး ပြန်လုပ်ချင်တယ်၊ ကောင်မလေးတစ်ယောက် လှနေပေမယ့်
မင်းသမီးဘဝ ရောက်ပြီး လူတကာနဲ့ တွဲနေရရင် ကံကောင်းပါ့မလား၊ ကိုယ်တော်လေးတွေလဲ ဘုန်းကြီးက
လှစေချင်တယ်၊ မြတ်စွာဘုရားနဲ့ ယသော်ဓရာတို့ ပရိနိဗ္ဗာန် စံသွားတာ နှမြောလှတယ်၊ ဘုန်းကြီးက
လောကကို ပြချင်လို့ပါ။
ဘုန်းကြီးက ကိုယ်တော်လေးတွေကို လှလှလေးနဲ့
ဉာဏ် ကောင်းတွေ လိုချင်တယ်၊ ဘုန်းကြီးက နိုင်ငံရော နောက်ဘဝ အတွက်ရော ကိုယ်တော်တို့ကို
ပြင်ပေးနေတာ၊ နိဿဂ္ဂိတွေ မထိုက်ကြပါစေနဲ့၊ နိဿဂ္ဂိထိုက်တော့ လက်တိုသွားသလား၊ မတိုပါဘူး၊
မတိုပေမယ့် သံသရာအပြစ်က နေမှာ မဟုတ်ဘူး၊ ကိုယ်တော်တို့ကတော့ တွေးမယ်၊ “ဒါလောက် ဂျီးချောင်များတဲ့
ဆရာသမားနဲ့တော့ မနေချင်, မတွေ့ချင်ပါဘူး”လို့ ပြောချင် ပြောမှာ၊ ဒီလိုဆိုရင်လဲ သွားကြပေါ့။
ဓမ္မဗျူဟာ
အတွဲ(၁၉)၊
အမှတ်(၁၀)
(၁၉၈၀၊
ဒီဇင်ဘာလ)