ဘုရားအဆုံးအမအတိုင်း လိုက်နာကြ
ဆုံးမပဲ့ပြင်
လောကမှာ ဘယ်သူမှ စိတ်မချရဘူး၊ ကိုယ်တော်တို့ ဆွမ်းခံသွားရင် ရင်ပေါင်တန်း
မသွား ရဘူး၊ ကျောင်းက နောက်ပိုင်းမှာ နာမည် ပျံ့နေတယ်၊ ခု သာသနာရဲ့ ထုံးတမ်း နားလည်အောင်လို့
ဒုလ္လဘဝတ်ပါစေလို့ ပြောထားတယ်၊ ဘုန်းကြီးက လာမယ့်သာသနာကို တစ်ချိန်မှာ ပြုသင့် ပြုရမှာလားလို့
ကြိုးစားနေတာ၊ ဘယ်သူမှ ဒီကျောင်း လာနေဖို့ မတိုက်တွန်းပါဘူး၊ သွေးဆောင်လဲ မခေါ်ပါဘူး၊
စေတနာရှိမှ နေကြ၊ နောင်သာသနာကို နမူနာအဖြစ် ထားခဲ့ ချင်တယ်၊
သူများလုပ်စာ စားပြီး ကောင်းကောင်းနေကြ၊ ဒါမှ လှူရသူတွေ
ကုသိုလ်ရမယ်၊ ဒုလ္လဘတွေ ဆွမ်းခံရင် သတိ ပေးထား၊ ဣနြ္ဒိယသံဝရသီလက ခက်တယ်၊ ခုခေတ်က စိတ်က
ရိုးနေရင် ဂရုမစိုက်ကြဘူး၊ မကြည်ညိုကြဘူး၊ ဘုန်းကြီးက ရှေးဆန်ဆန်နေမှ စောင့်ရှောက်ချင်
တယ်၊ သာသနာက တဖြည်းဖြည်းလျော့လာတော့ လူတွေကအထင်သေးကြတယ်၊ သာသနာတွင်း ဝင်သူကို အတင်းနေရမယ်လို့
မတိုက်တွန်း ရဘူး၊ ခေတ်အလိုက် မစဉ်းစားကြနဲ့၊ သာသနာတော်မှာ ဘုရားအဆုံးအမအတိုင်းလိုက်နာရမှာပါ၊
ဘုန်းကြီးတို့ရဲ့တာဝန်တွေက အများကြီးရှိတယ်၊ ဘုန်းကြီးတို့က တက်တက်ကြွကြွလုပ်မှ နိုင်ငံ
သာသနာကောင်းမှာပါ၊ ခုခေတ်ကလေးတွေဆိုရင် မိဘတွေက အလုပ်များနေတော့ အဆုံးအမနည်းပြီး မလိမ္မာကြ
တော့ဘူး၊ ဘုန်းကြီးတို့က ဆုံးမနိုင်မှ ပြန်ကောင်းမယ်။
အကုန်အကျ မများစေနဲ့
လောကကြီးမှာ
ပြုပြင်ပေးရင် ခွေးကတောင် နောက်က လိုက်ပါတယ်၊
ရပ် ရွာထဲမှာလဲ ဘုန်းကြီးကောင်းကောင်းနဲ့ ပြင်ပေးရင် တက်လာပါမယ်၊ လှူဒါန်းနည်းက
စပြင်ပေးရမယ်၊ ဘုန်းကြီးတို့ ဘုရားလက်ထက်က ဘာမှ မကုန်ကျဘဲနဲ့ ရဟန္တာ ဖြစ်ကြတာ၊ ခု ရှင်ပြု
ရဟန်းခံတွေက အကုန်အကျတွေ များပြီး ဘာမှ မထူးကြဘူး၊ အကုန်အကျတွေ မများကြစေနဲ့၊ ဘုန်းကြီးတွေက
တစ်ချက်ခုတ် နှစ်ချက် ပြတ်ရမယ်၊ မျှော်လင့်ချက်နဲ့ နေကြပါ။
လောကမှာ
နားမလည်တာတွေ အများကြီး ပြင်နေရတာပဲ၊ ကြီးမှ နားလည်မယ်လို့ မထင်ကြနဲ့၊ ငယ်ငယ်က နားလည်မှ
ကောင်းတယ်၊ လောကမှာ အားလုံး သုခချမ်းသာကို လိုချင် ကြတာချည်းပဲ၊ ချမ်းသာသလားဆိုတော့
မချမ်းသာပါဘူး၊ ပစ္စည်းချမ်းသာပြီး စိတ်မချမ်းသာတာတွေ ပြည့်နေတာပါ၊ ဘုန်းကြီးမှာ ကိုယ့်ကျမ်းစာ
ကိုယ်ရေးပြီးနေရတာ ချမ်းသာ ပါတယ်၊ ဘယ်အလှူအတန်းမှ မလိုက်ချင်ပါဘူး၊ တချို့က ဥုးဇနက
အလှူတွေ တရားဟော မလိုက်ဘူး, မလိုက်ဘူးနဲ့ နာမည်ကြီးတဲ့ ဒကာတွေကျတော့ လိုက်ပါတယ်လို့
ပြောကြ လိမ့်မယ်၊ ဘုန်းကြီးက တာဝန်ခံထားတာ ရှိလို့ပါ၊ လူက နေကောင်းတာ မဟုတ်ဘူး၊ ဒီလိုနဲ့
အပြောခံရတာ များလှပါပြီ၊ အသံက သိပ်မရတော့ဘူး။
ကိုယ်လွတ် မရုန်းကြနဲ့
စာတော်လို့ ဘေးမှာ
အလုပ် လုပ်ဖြစ်မယ် မထင်ကြနဲ့၊ ဒီကျောင်းတိုက် ကြည်ညိုတာက စာတော်လို့ ကြည်ညိုတာ
မဟုတ်ဘူး၊ အနေ အထိုင်ကောင်းလို့ ကြည်ညိုနေကြတာ၊ ကိုရင်တို့ ကိုယ်လွတ် ရုန်းမယ်လို့တော့
မကြံကြနဲ့၊ ကိုယ်လွတ်ရုန်းရင် အရာရာ ကြီးပွားလမ်း မရှိဘူး၊ ဒီကျောင်းတိုက်မှာ ဘုန်းကြီးကိုယ်တိုင်
ကြိုးစားလာရတာ၊ ဇိမ်နဲ့နေမယ် မကြံကြနဲ့၊ ဘုန်းကြီးခေါ်ရင် ကြားသူက လာကြပါ၊ ဘုန်းကြီးက
ဘယ်သူမှ မမြှောက်ဘူး၊ ဘုန်းကြီးလိုချင်တာက သာသနာတော် ကောင်းစားရေး လိုရင်း ပါပဲ။
ကျောင်းသားလေးတွေ စာပြနေတဲ့
ဘုန်းကြီးတွေက သာသနာရေး အမြင်ကျယ်ရတယ်၊ ဒီက စည်းကမ်းကို တခြား နေရာမှာ အသုံးမချရဘူး၊
ဒီက စည်းကမ်း မသုံးတဲ့ ပုဂ္ဂိုလ်တွေ ဒီကျောင်းတိုက်မှာ မနေကြပါနဲ့၊ စာမေးပွဲအတွက်နဲ့လဲ
မနေကြပါနဲ့၊ တခြားနေရာမှာ သွားတော့ နောက်ကျတယ် ကောင်းတယ်လို့ ထင်တယ်၊ အသုံးမချတာက အသိုင်းအဝိုင်းက
နည်းနေလို့ မလိုက်နာနိုင်တာကိုတော့ မတတ်နိုင်ဘူး၊ ကိုယ်လုပ်ချင်တာကို သူများ မပုတ်ခတ်ရဘူး၊
မပြောရဘူး။
ဘာသာရေး အရင်းခံက
တစ်ခါက ရွာတစ်ရွာမှာ
ဘုန်းကြီးတစ်ပါး သာသနာပြုတာ တော်တော် အရာထင် တယ်၊ တစ်ရွာလုံး တံငါသည်တွေဟာ သူတော်
ကောင်းချည်း အားလုံး ဖြစ်ကုန်ကြတယ်၊ မိမိတို့ကလေးတွေ လိမ္မာအောင် ဆုံးမပေး၊ လူတွေကို
ပြုပြင်ပေးနေတာဟာ ဒါ သာသနာပြုတာပါပဲ၊ ရှင်ပြု ရဟန်းခံ စတဲ့ကုသိုလ်ရေးမှာ ဆိုရင် အပိုတွေ
မကုန်စေနဲ့၊ ဒီလို ပြောပေးနေကြရတာပါ၊ ဘုန်းကြီးတွေက သာသနာပြုရင် နိုင်ငံပါ တိုးတက်ပြီး
ကောင်း မှာပါ၊ သာသနာပြုနည်းတွေ အများကြီးရှိပါတယ်၊ ဗုဒ္ဓဘာသာ တည်တံ့ရေး နောက်မဆုတ်နိုင်ရေး
ဒီအရေးတွေကို ဘုန်းကြီး တွေက ထမ်းဆောင်ပါ၊ သာသနာရေးမှာဆိုရင် ဘုန်းကြီးတွေ အရင်းခံပါ။
နာမည်ကျော်ဆရာတော်တွေကို
ကိုးကွယ်တော့ စောင့် ရှောက်ကြရဲ့လား၊ ကိုယ့်စိတ်သာ လိုရင်းပါ၊
နေ့လည် ကြောင်တောင်ကြီး ဘုရား မီးပူဇော်တာကတော့ သဘာဝကို မကျဘူး၊ တန်ခိုးကြီးတဲ့ဘုရားတွေမှာ တွေ့ရတယ်၊ သတိ
မထားရင် မီးလောင်တတ်သေးတယ်၊ စာကို နားလည်ပါစေ၊ ဘုန်းကြီးက စာအတိုင်းသွားနေတာ၊ ဘုန်းကြီးကတော့
ဝတ္တရားအတိုင်း ပြောရသလိုပါပဲ၊ ကိုယ်တော်တို့က ဂရုမစိုက် ကြဘူး၊ ဒီကျောင်းမှာ လူအမျိုးမျိုးက
ကြည်ညိုနေကြတယ်၊ ချီးမွမ်းနေကြတယ်၊ ဘုန်းကြီးက “မချီးမွမ်းပါနဲ့၊ ကိစ္စတစ်ခု ဆိုတာဟာ
မပြီးသေးခင်က မချီးမွမ်းရဘူး၊ ပြီးမှ ချီးမွမ်းပါ”လို့ ပြောရတယ်။
မပျော်ရင် စောစောထွက်
ခုနောက်ပိုင်း
ပိဋကသုံးပုံ နှုတ်ငုံမဆောင်နိုင်လို့ စာအုပ်တွေ
ပေါ်လာတာ၊ စတုတ္ထသံဂါယနာမှာ ပေစာတွေ ပေါ်လာခဲ့တယ်၊ ခုပိဋကတွေနှုတ်ငုံ ပြန်ကြတယ်၊ ကောင်းပါတယ်၊
ကိုယ်တော်တို့ ဝိနည်းကို လေးစားကြပါ၊ အဘယာရာမဆရာတော်က ‘ဦးပဉ္စင်းတို့ မပျော်မှာဖြင့်
စောစောက ထွက်ကြ၊ သားသမီးရ နောက်ကျ ကုန်လိမ့်မယ်’တဲ့၊ ကိုယ်တော်တို့ စာတတ်ရုံနဲ့ မပြီးသေးဘူး၊
စာတတ်တာ ပညာမဟုတ်ဘူး၊ သညာပါ။
သံဃာဆိုတာ
ရတနာဆိုတာ လူတကာ မဝတ်နိုင်ဘူး၊ ဆင်ပျံတော် ရတနာက အထက်တန်းတွေမှ
စီးကြရတယ်၊ လေးကျွန်းလုံးကို ခဏလေးပတ်တာ၊ အနှစ်တစ်ရာ အတွင်းမှာ စကြာရတနာ မပေါ်ဘူး၊ မမျှော်ကြနဲ့၊
ဘုန်းကြီး တွေက မေတ္တာနဲ့ နေကြပါဆိုတာ ခဲယဉ်းတာ မဟုတ်ဘူး၊ ဒါကို မလုပ်ချင်ကြဘူး၊ စကြာရတနာ
ရှိတယ်ဆိုတာကိုလဲ သိပံ္ပခေတ်က မယုံကြဘူး၊ မယုံနေကြ၊ တို့ဘုန်းကြီးတွေတောင်မှ တစ်မျိုးစီပဲ၊
တရားက ပြောင်းချင်သလို မရဘူး။
အဂတိ လိုက်စားသူဟာ
လဆုတ်ပက္ခမှာ ထွက်လာတဲ့ လလိုပဲ၊ ဆုတ်လျက်ပါ၊ အဂတိ လိုက်စားရင် ပျက်စီးတတ် ပါတယ်၊ စိတ်နေ
စိတ်ထား ပြင်တာကတစ်မျိုး, ပင်ကိုက တစ်မျိုး၊ ကံတော် ကံငြား စပ်လို့ ဒီကျောင်းလာနေရတာ၊
ကောင်းကောင်း နေကြ၊ သံဃာဆိုတာ စာချဘုန်းကြီးက ဖြစ် တာ၊ ချော့မထားကြနဲ့၊ အကန်း တက်စရှိရင်
တက်ချင်တယ်။
ဆေးဆိုတာကြာမှ
ဝိနည်း မလေးစားသူတွေ သေရင်တော့ စိတ်မချရဘူး၊ သူပေး လူပေး စားရတာ မလွယ်ဘူး၊ ဘာဝနာနဲ့ နေကြ၊ ဘုန်းကြီးက
“ဒီကျောင်းတိုက် သာသနာတော်ဖြင့် ဗုဒ္ဓမြတ်စွာအား ပူဇော်ပါ၏”လို့ နေ့တိုင်း ပူဇော်နေတာ၊
ကောင်းကောင်း မနေသူကိုတော့ မထားကြနဲ့၊ ပြောမရရင်
ထုတ်ပစ်ပါ၊ ဆရာမိဘဆိုတာ ကိုယ့်တပည့် သား သမီး ဘယ်လိုနေတယ်ဆိုတာ သိရတယ်၊ ဘာဝနာကို
ကြပ် ကြပ် ပွားပေးကြပါ၊ ဘာဝနာက ခဏချင်း အကျိုးမပေးပါဘူး၊ ဆေးဆိုတာလဲ ကြာမှ ရောဂါပျောက်တာပါ၊
နောက်ကျမှ အကျိုးရတာပါ၊ ဘာဝနာဟာလဲ ဒီအတိုင်းပါပဲ။
စာကို ဇောက်ထိုး မြင်မနေကြနဲ့
လောကမှာအခြွေအရံရှိရင်
စိတ်ကကြွလို့၊ မရှိရင် စိတ်က နိမ့်လို့၊ တရားသဘောက ဒီလို မဟုတ်ပါဘူး၊ တချို့ ကမ္မဋ္ဌာန်းထိုင်
ကြတာက ရှင်ဘုရင်စိတ်ပေါက်နေတယ်လို့ ကြားရတယ်၊ ကိုယ်တော်တို့လဲ တရားထိုင်ပြီး
ရှင်ဘုရင်စိတ်ပေါက်မနေ ကြနဲ့ဦး၊ ဘုန်းကြီးမှာတော့ ဘဝအမျိုးမျိုးနဲ့ တွေ့ခဲ့ရတယ်၊
ဂျပန်ခေတ်မှာဆိုလဲ ဂျပန်တွေနဲ့ နေခဲ့ရတယ်၊ ဘုန်းကြီးက မကြောက်ပါဘူး၊
နေတာပါပဲ၊ ကိုယ်တော်တို့ စာမေးပွဲစာနဲ့ ပြီးမနေကြနဲ့၊ ခု စာမေးပွဲတွေ အောင်ပြီး အလုပ်
လုပ်သူက နည်းနေတယ်၊ သဒ္ဓါတရားအရေးကြီးတယ်၊ စာကို ဇောက်ထိုး မြင်မနေကြနဲ့။
ဓမ္မဗျူဟာ
အတွဲ(၁၉)၊
အမှတ်(၉)
(၁၉၈၀၊
နိုဝင်ဘာလ)