Sunday, December 2, 2012

နတ်အတတ်နှင့် ဝိဇ္ဇာအတတ်


ဦးပဉ္စင်း မှတ်ထား။
လိုချင်လို့ အဂ္ဂိရတ်ထိုးရင် ဘယ်တော့မှ ရွှေမဖြစ်ဘူး။

လောကမှာ မလိုချင်မှ ရတယ်။
လိုချင်ရင် မရဘူး။
လောဘကြီးတတ်သူဟာ မွဲတတ်တယ်။
ဒီရွှေကို မလိုချင်နဲ့။

ဦးပဉ္စင်း၊ မင်း တစ်သက်လုံးမှတ်ထားဖို့ ပြောလိုက်ဦးမယ်။ နားထောင်နော်။
ရဟန်းဆိုတာ ရွှေငွေ မအပ်ဘူး။
မအပ်တဲ့ ရွှေငွေကို ဖြစ်အောင်လည်း မလုပ်ကောင်းဘူး။
ရအောင်လည်း မရှာကောင်းဘူး။
ရပြန်ရင်လည်း သိမ်းမထားကောင်းဘူး။
ဒီတော့ ရွှေဖြစ် ငွေဖြစ် အဂ္ဂိရတ်မထိုးကောင်းဘူး။
မှတ်မိရဲ့လား။

ရွှေဖြစ် ငွေဖြစ်မဟုတ်ဘူး။
ထွက်ရပ်ပေါက်ဝိဇ္ဇာဖြစ်အောင် ထိုးရင်ကော ဘယ့်နှယ်လို့ မေးခဲ့ရင်
အဂ္ဂိရတ်ထိုးလို့ ဝိဇ္ဇာဖြစ်မှာအမှန်လို့ ဘယ်သမျှ ဝန်မခံနိုင်ဘူး။

ဘုရားရင်ပြင်တော်မှာ တံမြက်စည်း တစ်ချက်၊ နှစ်ချက်လှည်းရင်
အဲဒီစေတနာကြောင့် နတ်ဖြစ်လိမ့်မယ်လို့ ငါတို့ တာဝန်ယူနိုင်တယ်။

လောကမှာ နတ်နဲ့ ဝိဇ္ဇာ ဘယ်သူသာလဲ။
နတ်က ဝိဇ္ဇာထက် သာတယ်။

ဒါကြောင့် မသေချာတဲ့ ဝိဇ္ဇာအတတ်ကို မလုပ်ချင်ပါနဲ့။
သေချာတဲ့ နတ်အတတ်ကို လုပ်ပါလို့ ဆရာ တိုက်တွန်းတယ်။

(ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ကြီး)

****************
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၆၂) မှ
ကောက်နုတ်ပူဇော်ပါသည်။
 
Ye Win Tun ၏ facebook မှ ကူးယူတင်ပြပါသည်
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ