လှူလှူဆိုတိုင်း
မကောင်း
တကတဲ ဆရာသမားက ဆရာသမားအနေနဲ့ ဥစ္စာရှင်က ဥစ္စာ
ရှင် အနေနဲ့, ဥစ္စာမရှိတဲ့ လူကလဲ မှီခိုအားထားပြီးတော့ နေရလေ သည့်အတွက် ကျေနပ်လို့၊
ဒီတော့ ဘုန်းကြီးက ဒီအထဲ ပြဿနာ တစ်ခု ဝင်လာတာ စဉ်းစားမိတယ်၊ "တို့ ဘုန်းကြီးတွေက
ဆင်းရဲ သားတွေ, အလုပ်သမားတွေç လယ်သမားတွေ လှူလှူ လှူလှူ ဆိုတာ တို့ မတရားဘူး"၊
ဟဲဟဲ...ဘုန်းကြီးက ဒီပြဿနာ ဘုန်းကြီးထဲ
ရောက်လာတယ်၊ ဘာလဲ "လှူလှူ" ဘယ်တော့မှ ဒီ လှူလှူ လှူလှူဆိုပြီးတော့ သားတစ်ယောက်
ရှင်ပြုလိုက်တယ်ဆို လို့ရှိရင် မဏ္ဍပ်ကနားကြီးက ဘယ်လောက်, ကျွေးရမွေးရတာက ဘယ်လောက်, ဘုန်းကြီးတွေ
လှူရတာက ဘယ်လောက်ဆိုပြီး စားရင်း ချလိုက်တာ တစ်ခါထဲ ကြွေးတင် ကျန်ရစ်ခဲ့တာပဲ၊
ဒီတော့ တို့ ဘုန်းကြီးတွေကလဲ ဒီပြဿနာထဲ ဝင်ရှင်းစရာ
လိုတယ်၊ လှူလှူ မဟုတ်ရဘူး၊ သူတို့ ဆင်းရဲတယ်၊ တို့ ရွာသူရွာသားတွေ ဆင်းရဲ တယ်၊ ဒီတော့
ဆွမ်းကလေး ရရင်တော်ပြီ၊ ကျောင်းကြီးကန်ကြီးတွေ ဆောက်ဖို့ မလိုပါဘူး၊ တို့ ထန်းရွက်တဲနဲ့
လဲနေလို့ ဖြစ်တာပဲ၊ သက်ကယ်ကျောင်းနဲ့လဲ နေလို့ဖြစ်တာပဲ၊ ဝါးကပ်ကျောင်းနဲ့လဲ နေလို့ဖြစ်တာပဲ၊
ရပ်သူရွာသားတွေ ငွေ ချမ်းချမ်းသာသာနဲ့, ဝမ်းစာ စပါးတွေ ပြည့်ပြည့်စုံစုံနဲ့ နွားနဲ့၊
ဒီလို နေနိုင်ဖို့ အရေးကြီးတယ်၊ ဒီလိုနေနိုင်လို့ ပိုလျှံတော့ လှူကြပေါ့။
ထမင်းဦးလေး ခူးလောင်းရုံနဲ့မမွဲ
တစ်ခါတုန်းက ဝေသာလီပြည်နယ်မှာ ငတ်မွတ်ခေါင်းပါပြီးနေတုန်း
မြတ်စွာဘုရားက ဒေသစာရီ ကြွတော်မူလာ၊ တိတ္ထိတွေက အခွင့်ရပြီဆိုပြီးတော့ "ရှင်ဂေါတမဟာ
ဆင်းရဲသူ ဆင်းရဲသားကို သနားတယ် ဆိုသေးရဲ့၊ ယခု အစာရေစာ ငတ်မွတ်ခေါင်းပါး ရှားပါးနေတဲ့အခါ
သံဃာငါးရာနဲ့ လျှောက်ပြီးတော့ လယ်ပြီး ဆင်း ရဲသူ ဆင်းရဲသားတွေရဲ့ ချွေးနဲစာတွေကို စားတယ်၊
ဘယ်မှာ သနားကရုဏာç မေတ္တာကရုဏာ ကြီးမလဲ"
လို့ ဘုရားကို စွပ်စွဲကြ တော့ ဘုရားရှင်ကိုယ်တော်မြတ်က "ငါဘုရား ကမ္ဘာပေါင်းများစွာ
ပြန်ပြီးတော့ ကြည့်တဲ့အခါမှာ စားဦးစားဖျား ချက်ထားတဲ့ ထမင်း ထဲက စားဦးစားဖျား လှူလို့
မွဲသွားတာ တစ်ယောက်မျှ မတွေ့ဘူး" တဲ့၊
ကျန်တဲ့ လူက ဒါလောက်မက အလုပ်လုပ်နေရင်တော့
မမွဲပါဘူး၊ ဒါ့ ကြောင့် ဒီပြဿနာဟာလေ သူတ်ာကောင်းလက္ခဏာနဲ့ ရှင်းလို့ ရှိရင် တို့ မြန်မာနိုင်ငံဟာ
အတော်ကြီး ရှင်းနိုင်စရာ ရှိရက်သားနဲ့ အခုလို မရှင်းလို့မို့ ပြဿနာတွေ ဖြစ်ပြီးတော့
"ဘာကို ပြည်သူပိုင် လုပ်မယ်, လယ်မြေတွေ သိမ်းမယ်, ဘယ်စက်ရုံကြီးကို အစိုးရပိုင်
လုပ်မယ်" စသည်ဖြင့် အဲသလို ပြဿနာတွေ ရှုပ်ထွေးကုန်တာပဲ၊ ယခု သူတော်ကောင်းလက္ခဏာနဲ့
ဆိုရင် -
ဒုက္ခိတဿ-မိမိမျက်မှောက်, ဒုက္ခရောက် သဖြင့်,
ပံ့ထောက် မဲ့မူ, ဆင်းရဲသူ၏၊ ကိစ္စံ-စားသောက်နေရေး, ဆေးဝါးပေးလျက်, လုပ်ကျွေးသမှု, ကိစ္စစုကို၊
ကရောတိ-ပြု၏။
ကြီးပွားရေးအတွက်တရားတော်က
အဲဒီလိုသာ ပြုစုပေးလို့ရှိရင် အထက်လူက ညှာတာ,
အောက်လူတွေက ဖြေရှင်းပေးနိုင် ကတညုတ ကတဝေဒီကျေးဇူး သိ, နှစ်ဖက်စလုံးလဲ ဖြစ်မှနော်၊
ဒီလို ဆိုရင် သူတော်ကောင်း နိုင်ငံကြီးဖြစ်ပြီ၊ ဒီနိုင်ငံကြီးဟာ သာယာ ဝပြောဖို့ရာ အင်မတန်မှ လွယ်ကူတယ်၊
အဲဒီတော့ကာ ဘုန်းကြီး တော့ နိုင်ငံကြီးကို
အသာထားပြီးတော့ ကိုယ်ရေးကိုယ်တာနဲ့ ကြည့်လို့ရှိရင် ဒီလမ်း မသွားလို့ မဖြစ်ဖူးဆိုပါတော့
ဆရာသမား လုပ်ပြီးတော့ ရဟန်းသံဃာ ဆရာတော်ကြီး သမားတော်ကြီးက တကတဲ ဟင်းတွေ ဘာတွေ ကောင်းကောင်းမွန်မွန်နဲ့
နေရာထိုင် ခင်းတွေ ကောင်းကောင်းမွန်မွန်နဲ့ နေလို့, တပည့်တပန်း ပရိသတ် တွေ ကျတော့ ဆင်းဆင်းရဲရဲနဲ့
နေတာ ကြည့်လို့၊
သူတို့ ဆင်း ရဲတာတွေ ဂရုမစိုက်လို့၊ ဒီလိုဆိုရင်
ဒီပြဿနာဟာ ရှုပ်ထွေး နေမှာပဲ၊ တပည့်တပန်းကလဲ ဆရားသမားကို မရိုသေနိုင်ဘူး၊
ကတညုတ ကတဝေဒီ မဖြစ်နိုင်ဘူး၊ ဆရာသမားတွေကလဲ မေတ္တာကရုဏာနဲ့ ဒုက္ခရောက်နေတာကို မကူညီနိုင်ဘူး,
ဒီလို ဆိုရင် ဒီပြဿနာဟာ ကျယ်ပြီးတော့ သူတော်ကောင်းလက္ခဏာ ပျက်မှာပဲ၊ ဆရာမှာလဲ ပျက်,
တပည့်မှာလဲ ပျက်ပြီးတော့ ဒီလက္ခ ဏာဟာ အပျက်လောကကြီး ဖြစ်မှာပဲ၊
ဒါ့ကြောင့် မြတ်စွာဘုရားရဲ့ တရားတော်ဟာလေ
လောကီကြီးပွားရေးမှာလဲ ဖြေရှင်းလို့ရတယ်၊ သံသရာကြီးပွားရေးမှာလဲ ဖြေရှင်းလို့ ရတယ်၊
ဒါ့ကြောင့် ဒီတရား ကို သူတော်ကောင်းလက္ခဏာနဲ့ ကြည့်ပြီးတော့ ဒီသူတော်ကောင်း ဖြစ်အောင်ဟာ
ဘယ်သူဖြစ်ဖြစ် ကြိုးစားထိုက်တယ်လို့ -
ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်, ဘဝနောက်နှောင်း,
ကောင်းထက်ကောင်းဖို့, လမ်းကြောင်းတီထွင်, အကြင်ပညာရှင် သည်၊ ဝေ-စင်စစ်ဧကန်, အမှန်စိတ်ထား,
ရိုးဖြောင့်သောအားဖြင့်, ကတညူ-သူတစ်ပါးတို့, ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို, အထူးရှိ
သရွေ့, သိလေ့ရှိသည်လည်းကောင်း၊ ကတဝေဒီ-သူများပြုအပ်, ကျေးဇူးရပ်ကို, တတ်သရွေ့ မှတ်သရွေ့,
ဆပ်လေ့ရှိသည်လည်း ကောင်း၊ ဟုတွာ-ဖြစ်၍၊ ကလျာဏမိတ္တော-မိကောင်းဖကောင်း, ဆရာကောင်းနှင့်,
ဖော်ပေါင်းအတိ, မိတ်ကောင်းရှိသည်လည်း ကောင်း။
မိတ်ကောင်း ဆွေကောင်းဆိုတာ တစ်ခါတစ်ခါ သိပ်အဆင့်
အတန်း မြင့်ပြီးတော့ တက်သွားတာပဲ၊ ဆိုပါတော့ လူတစ်ယောက် က နည်းနည်းဆင်းရဲတယ်၊ ပစ္စည်းရှိတဲ့လူက
ကြည့်ရှုစောင့်ရှောက် မ-စလိုက်တယ်ဆိုရင် တစ်ခါထဲ တက်သွားတာပဲ၊ လူတစ်ယောက် ဟာ စားရေးသောက်ရေးမှာ
အင်မတန် ခဲယဉ်းနေတယ်၊ တစ် ယောက်ကနေပြီးတော့ကာ အရင်းအနှီး ထုတ်ပေးတယ်၊ တစ်ခါ ထဲ တက်သွားတာ,
ပြည့်စုံသွားတာပဲ။
အရှင်အာနန္ဒာ စဉ်းစားချက်
ကလျာဏမိတ္တော - မိကောင်း, ဖကောင်း, ဆရာကောင်းနှင့်, ဖော်ပေါင်းအတိ, မိတ် ကောင်းရှိသည်လည်းကောင်း" ….
တစ်ခါတုန်း က အရှင်အာနန္ဒာ စဉ်းစားတယ်၊ မြတ်စွာဘုရား
ကျေးဇူးတင် လွန်းလို့, "ဪသာ် မိတ်ကောင်း ဆွေကောင်း အဖော်ကောင်းဆို တာ သိပ်အရေးကြီးတာပဲ၊
ဒီသူတော်ကောင်းကျင့်တဲ့ အကျင့်နေ ရာမှာပဲ ဒီမဂ်ဖိုလ်နိဗ္ဗာန်ရဖို့ ကျင့်တဲ့နေရာမှာ ဒီသူတော်ကောင်း
ဖြစ်တဲ့ မြတ်စွာဘုရားကြောင့် တစ်ဝက်တော့ ပြီးစီးသွားတာပဲ၊ တစ်ဝက်သာ ကိုယ်က ကြိုးစားဖို့
လိုတော့တယ်၊ တစ်ဝက်ကတော့ မြတ်စွာဘုရားရဲ့ အညွှန်အပြနဲ့ပဲ ပြီးသွားတာပဲ၊ သိပ်ကျေးဇူး
တင် စရာ ကောင်းတာပဲ၊ မိတ်ကောင်း ဆွေကောင်းများ တယ် ကျေးဇူး တင်စရာ ကောင်းတယ်"လို့
အရှင်အာနန္ဒာက စဉ်းစားပြီးတော့
ဟုတ်လှပြီ, ငါ့စဉ်းစားချက်ဟာ မှန်လှပြီဆိုပြီးတော့
မြတ်စွာဘုရား သွားလျှောက်တယ်ကိုး၊ "မြတ်စွာဘုရား - သူတော်ကောင်းအကျင့် ဒီဗြဟ္မစရိယအကျင့်ဟာ
ဒီကလျာဏမိတ္တအတွက် မိတ်ကောင်း ဆွေကောင်းအတွက် တစ်ဝက်တော့ ပြီးသွားတာပဲဘုရား" လို့
လျှောက်တော့ "အာနန္ဒာ ဒီလိုမပြောနဲ့, ဒီလို မယူဆနဲ့ ကလျာဏ မိတ္တအတွက် ကောင်းသောအကျင့်
ကျင့်တဲ့နေရာမှာ အကုန်လုံး ပြီးတယ်၊ တစ်ဝက် မဟုတ်ဘူး၊ အာနန္ဒာ- စဉ်းစားစမ်း၊ ငါဘုရား
တည်းဟူသော ကလျာဏမိတ္တ မိတ်ကောင်း ဆွေကောင်းနဲ့ တွေ့ ကြရလို့ တစ်သံသရာလုံး တစ်အိုထည်း
အိုနေမယ့် သတ္တဝါအများ ကြီးဟာ အိုခြင်းဒုက္ခမှ လွတ်ကြရတယ် မဟုတ်လား၊
ငါဘုရား တည်းဟူသော ကလျာဏမိတ္တနဲ့ တွေ့ကြရလို့
တစ်သံသရာလုံး တစ်နာထဲနာç တစ်သေထဲသေနေကြရမယ့် သတ္တဝါတွေ နာခြင်း, သေခြင်းမှ လွတ်ကြရတယ် မဟုတ်လား၊ ဒါ့ကြောင့် မြတ်သော အကျင့်ကို
ကျင့်တဲ့နေရာမှာ ကလျာဏမိတ္တအတွက် တစ်ဝက်လို့ မဆုံးဖြတ်နဲ့ç အကုန်လုံးလို့ ဆုံးဖြတ်"
လို့ ဘုရားရှင်က ဆုံးမတော် မူတယ်။
ပြောင်းပြန် ပြန်ကြည့်ဦး အဲဒါလေ..ပြောင်းပြန် ပြန်ကြည့်၊ ဘုရားရှင်သာ
မရှိလို့ရှိရင်, ဘုရား ရှင်သာ မပွင့်လို့ရှိရင် အဲဒီ ဗြဟ္မစရိယ တစ်ခုမှ ကောင်းတဲ့အကျင့်
နည်းနည်းလေးမှ ကျင့်နိုင်မှာ မဟုတ်ဘူး၊ မြတ်သောအလုပ် မဂ် ဖိုလ်နိဗ္ဗာန်အကျင့်မျိုးကို
တစ်ခုမှ ကျင့်နိုင်မှာ မဟုတ်ဘူး၊
ဘုရား ပွင့်လာလို့မို့ အချို့ မဂ်ဖိုလ်နိဗ္ဗာန်
တွေ့ကြရလို့ အိုနာသေးရေး ဒုက္ခဘေးမှ လွတ်ကြတာဖြစ်တော့ မြတ်စွာဘုရားအတွက် အကုန် လုံး
အကျိုးတွေ ရလာတယ်လို့ ဆိုရမယ်တဲ့၊ ဒီတော့ မြတ်စွာ ဘုရားတည်းဟူသော ကလျာဏမိတ္တ ကောင်းလိုက်တာ။
ခု ဘုန်းကြီး တရားဟောတယ်ç စိတ်ပါ လက်ပါ
ဟောတယ်၊ အားရပါးရ ဟောတယ်၊ စေတနာနဲ့ ဟောတယ်၊ "ရိုးသားဖြောင့် မတ်ရမယ်"လို့
ကိုယ့်ကိုယ်ကို ဟောရင်းဟောရင်း ဆုံးမသွားတယ်၊ အဲဒါတွေ ဘယ်သူ့ကြောင့်လဲ, ဘုရားကြောင့်,
ဘုရားကြောင့်၊
ဘုရားရှင် ကိုယ်တော်မြတ်တည်းဟူသော
ကလျာဏမိတ္တကို တိုက် ရိုက် မဖူးလိုက်ရပေမယ်လို့ ဘုရားရှင်ရဲ့ တရားတော်တွေနဲ့တကွ ဆက်သွယ်ပြီးတော့ သိရလို့, အဲဒီ ကလျာဏမိတ္တကြောင့်ပဲ၊
ဘယ်လောက်များ ဘုန်ကြီးတို့ ဓာတ်ခံ တက်သွားသလဲ၊
ယခု ရဟန်းဒကာ ရဟန်းအမတွေရဲ့ ဓာတ်ခံ ဘယ်လောက် တက်သွား သလဲ၊ အဲ အခု မိမိတို့ ဆိုင်ရာမှာ
ကုသိုလ်ကောင်းမှုတွေ ပြုပြီး တော့ နေကြတဲ့ ဒကာ ဒကာမတွေမှာ မြတ် စွာဘုရားတည်း ဟူသော ကလျာဏမိတ္တ
သူတော်ကောင်းကြီးနဲ့ တွေ့လို့, သူတော် ကောင်းကြီးရဲ့ စကား တစ်ဆင့်ကြားလိုက်ရလို့မို့,
သူတော်ကောင်း ကြီးရဲ့ တရားတွေ သိရလို့မို့ ဘယ်လောက်များ မိမိတို့ ဓာတ်ခံ တက်သွားသလဲ၊
ဒါ့ကြောင့် ကလျာဏမိတ္တ အတွက် သူတော် ကောင်းတရားဓာတ်ခံ တက်တယ်ဆိုတဲ့ဥစ္စာဟာ တစ်ဝက်မက ပါဘူးç
အကုန်လုံး တက်တယ်လို့ ဆိုရမယ်တဲ့။
"ကလျာဏမိတ္တော-မိကောင်း, ဖကောင်း, ဆရာကောင်းနှင့်"၊
….
အဲဒီကလဲလေ အမိမကောင်း, အဖမကောင်း, ဆရာမကောင်းတဲ့
သူတွေ တိုးတက်ရမယ့်ဥစ္စာ မတိုးတက်ဘဲနဲ့ အောက်ကျပြီးတော့ ဓာတ်ပျက်တွေ တွေ့တာ ထောက်လို့ရှိရင် မိကောင်း ဖကောင်းနဲ့
တွေ့ရတာ ဝမ်းမြောက်စရာ ကောင်းတယ်၊ ဆရာကောင်း သမား ကောင်းနဲ့ တွေ့ရတာ တယ် ဝမ်းသာစရာ
ကောင်းတယ်၊ ကျေးဇူး တင်စရာ ကောင်းတယ်။
ဆက်လက်ဖော်ပြပါမည်။
