နေမင်းဖန်ဝါ ယွန်းတော့ရှာ
အိပ်ပါလူလေး မေ့ရင်သွေး။
ရည်းလေလေ့ ရည်းလေလေး။
ငှက်မငှက်ဖို သိုက်မြုံခို
သံချိုမကြွေး အိပ်ပြီလေး
ရည်းလေလေ့ ရည်းလေလေး။
ရနံ့ မထုံ ပန်းဝတ်မှုန်
ပန်းငုံမှာကွေး အိပ်ပြီလေး။
ရည်းလေလေ့ ရည်းလေလေး။
လမင်းသော်တာ ရောင်ခြည်ဖြာ
အိပ်ပါလူလေး မေ့ရင်သွေး
ရည်းလေလေ့ ရည်းလေလေး။ (မင်းသုဝဏ်)
ဒီနေရာလေးကနေ ကူးယူတင်ပြလိုက်တာပါ။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...
