Saturday, November 24, 2012

ခလုပ်မထိ ဆူးမငြိနိုင်သော ဂါထာတော်

ပါသာဏာ သက္ခရာ စေ၀၊ ကထလာ ခါဏုကဏ္ဋကာ။
သဗ္ဗေမဂ္ဂါ ၀ိဝဇ္ဇန္တိ၊ ဂစ္ဆန္တေ လောကနာယကေ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။

မြန်မာပြန်။ ။ လောကထွတ်ထား မြတ်ဘုရားသည်၊ ထိုထိုဤဤ ဒေသစာရီ ကြွချီတော်မူလသော်၊ ကျောက်လွှာ ကျောက်ချပ်တို့သည်လည်းကောင်း၊ ကျောက်စရစ်ခဲတို့သည် လည်းကောင်း၊ အိုးခြမ်းကွဲ အိုးခြမ်းပဲ့ အစအနတို့သည်လည်းကောင်း၊ သစ်ငုတ်ဆူးငြောင့်တို့သည်လည်းကောင်း၊
အလုံးစုံသော ထိခိုက်ရှနဖွယ် မှန်သမျှတို့သည်၊
ရှင်တော်ဘုရား ကြွရာလမ်းမှ၊ တိမ်းရှောင်ဖယ်ရှား ကြလေကုန်၏။

ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်၏၊ သွားလာရခြင်း ကိစ္စသည်၊ ပြည့်စုံပါစေသတည်း..။

ဤဂါထာတော်အရ ဘုရားရှင် ကြွရာလမ်းမှ ကျောက်ချပ် ကျောက်လွှာ ကျောက်စရစ် အိုးခြမ်း ဆူးငြောင့် ခလုပ်စသည့် အနှောင့်အယှက် ဟူသမျှတို့ ရှောင်ကွင်းသွားကြခြင်းသည်
ဘုရားရှင်၏ ပါရမီတော် ကံတော်တို့၏ အစွမ်းသတ္တိကြောင့် ဖြစ်သည်။

ယင်းသို့ ဖြစ်သည်ကို နှုတ်မြွက်၍ သစ္စာပြုပါက မိမိ သွားလေရာရာ၌
ခလုပ်မထိ ဆူးမငြိဘဲ လိုရာခရီး ချောမောစွာ ရောက်ရှိနိုင်သည်။

မိမိတို့ စားဝတ်နေရေး အတွက် အမြဲသွားလာ လှုပ်ရှားနေကြရာ၌
ခရီးစဉ်ချောမောအောင် အမြဲ ရွတ်ဖတ်ပူဇော်သင့်ကြသည်။

(ဗုဒ္ဓဘာသာလက်စွဲကျမ်းမှ)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ