ရန်သူဝိုင်းထား၊
ထိုယောကျားကား၊ ပြေးသွားဖို့ရာ၊
လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက် မဟုတ်ချေ၊
မစင်လူးလျင်၊
အေးကြည်လင်သည့်၊ ရေစင်ရှိလျက်၊ မဆေးရက်၊
ကန်(ရေ)တွက် မဟုတ်ချေ။
ကိလေသာဘင်၊ သန့်စင်လျှော်ဆေး၊ ရေအေးလေးမဂ်၊
ရှိပါလျက်နှင့်၊ မထွက်ပြေးလို၊ မဆေးလို၊ မင်းပျို ကိုယ့်တွက်ပေ၊ (မဟာဝိသုဒ္ဓါရုံဆရာတော်)