နေထိုင်သော သူတော်ကောင်းသည် စင်စစ်မှာ
သူ့ကိုလူအများက ချစ်ခင်လေးစားခြင်း ခံယူရန်
လိုလားချက်ထားသူ မဟုတ်ချေ၊ မဟုတ်သောကြောင့်
အများ၏ ၀ိုင်းအုံချစ်ခင်ခြင်းကို မမြတ်နိုးလှပေ။
သူကသာလျှင် သက်ရှိသတ္တ၀ါ အားလုံးအပေါ်၌
ချစ်ခြင်းမေတ္တာကိုသော် လည်းကောင်း၊ ၀မ်းမြောက်စေ
ခြင်း မုဒိတာကို လည်းကောင်း ပေးကမ်း ဖြန့်ဝေလိုခြင်း
ရှိသည်။ ဤသဘာဝသည် ရှေးသူတော်ကောင်းတို့၏
ထုံးတမ်းဖြစ်၏၊ အကြောင်းမှာ - သူက ဖြန့်ဝေ ပေးကမ်းခြင်း
သည်ပင်လျှင် သူ့ထံ ပြန်လည် ရရှိနေခြင်း ဖြစ်သော
ကြောင့်တည်း။
ထို့ပြင် မိမိက ခွင့်လွှတ်ခြင်းသည်ပင်လျှင်
သူတစ်ပါးကလည်း မိမိအား ခွင့်လွတ်ပြီး ဖြစ်နေ၏။
ဤသဘောကို ပိုင်နိုင်စွာ နားလည် ယုံကြည်ချက် မြဲမြံစွာ
ရှိရမည်။ ဤအချက်သည် အလွန်ခရီးရောက်သော အကြောင်းကျိုးဆက် ဖြစ်သည်။ လောကသား အများ
ချမ်းသာမှုရရေးအတွက် မိမိက အနာခံမှုသည်သာလျှင်
ထာဝစဉ် ရွှင်လန်းနိုင်သော ဘ၀ကို ရမည်ဟု ဧကန်
မှတ်သားရာ၏။ မြင့်မြတ်သော သူတော်ကောင်းတို့သည်
ဤသဘောတရားကို ပိုင်နိုင်စွာယုံကြည်ချက် ထားလေ့
ရှိကြသည်။
- ( ကျေးဇူးတော်ရှင် တောင်တန်းသာသနာပြုဆရာတော်ကြီး
ဦးဥတ္တမသာရ )
မူရင်း ---Young Buddhist's Association
Post By : အေးချမ်းမွန်... မှ ကူးယူတင်ပြပါသည်။

- ( ကျေးဇူးတော်ရှင် တောင်တန်းသာသနာပြုဆရာတော်ကြ