Monday, October 29, 2012

(***) မီးမြင့်မိုရ်ပွဲ (***)


 
** တာဝတိံ ကသစ်နန်းမှာလ၊ ခုနှစ်ကျမ်းရယ်တဲ့ အဘိဓမ္မာ၊
သန္တုဿီ မိနတ်မှူးကိုကွယ် ဦးတည်လို့သာ၊
သောင်းစကြာ ဗြဟ္မာနတ်ညွှတ်ပြောင်း၊
ခုနှစ်ဝါ ကြိမ်လာသင့်ပြန်တော့ ဒေသနာ ရွှေစာဖွင့်ပါလို့၊
ဧကစာ ၀ါတော်ကျင့်တယ်ကွယ်မြင့်မိုရ်ရွှေကျောင်း..။

** မြ, ရွှေ, ငွေ နတ်လမ်းနဲ့ ၊ စောင်းတန်းရယ်က သုံးသွယ်၊
လူတို့ပြည် သင်္ကသ်နန်းကို ၊ မြန်းကြွချီတယ်၊
ရောင်ခြောက်သွယ် ၊ တင့်တယ်လို့ လွန်ကဲ၊
မိုးဗြဟ္မာ နတ်အမင်းရယ်တို့ ၊ ၀ဲနှင့်ယာ ထံတော်ချဉ်းပါလို့၊
ခြံရံကာ ကျွတ်သီတင်းမှာကွယ် ၊ ဆင်းပြန်သည့်ပွဲ..။

** ထိုခေတ်ခါ ပြည်သင်္ကသ်မှာလ ၊ ပြည့်အကြပ် များဗိုလ်လူ၊
ပူဇော်ဖွယ် ပန်းဆီမီးရယ်နှင့် ၊ ဆီးပါလို့ ကြို၊
ရှေးအဟို ၊ နဂိုရ်က ကျင့်ထုံး၊
တိတ်ယူကာ ၊ တန်ဆောင်မီးတွေနဲ့၊
နိဗ္ဗူတာ ၊ အခေါင်နီးစေဖို့၊
ဒို့မြန်မာ စဉ်လာကြီးမှာကွယ် ၊ မီးပူဇော်ထုံး…။


♣♣ ပခုက္ကူမြို့ ၊ မဟာဝိသုတာရာမတိုက် ဆရာတော် ဘဒ္ဒန္တ နန္ဒိယမဟာထေရ်၏ အမြုတေစာပေများ(နှာ-၉၆)မှ….ရေးမှတ်ခဲ့မိတာလေးကို ပြန်လည်ဝေငှလိုက်ပါတယ်။ မူရင်းစာအုပ်မှာ ရှာမရတော့ပါ။ •••
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ