(၃)လိုအပ်သည့်ခါလှူဒါန်းရာ၊ လိုချိန်မှာရသည်။
(၄)မငြိမကပ်လှူဒါန်းလတ်၊ အမြတ်သုံးရသည်။
(၅)မထိမပါးလှူဒါန်းငြား၊ ၅ ပါးရန်ကင်းသည်။
သူတော်ပြုစဉ်မူ ၅ ခု၊လှူမှမှန်ကန်သည်။
ပညာရှိသူတော်စင်တွေဟာလှူတဲ့ အခါမူ ၅မျိုးချမှတ်ပြီးလှူလေ့ရှိတ ယ်
(၁)သဒါတရားထက်သန်စွာနဲ့ ယုံယုံကြည်ကြည်လှူတယ်၊စိတ်ြ ကည်လင်မှု့ကြောင့်ရုပ်သွင်လှပတဲ့ အကျိုးရတယ်။
(၂)ပစ္စည်းကိုလည်းသန့်သန့်ရှ င်းရှင်းထား၊ အလှုခံကိုလည်းလေးစားပြီးရို ရိုသေသေလှူတယ်၊ရိုသေမှု့ကြောင့်
သြဇာငြောင်းခြင်း၊အများလေးစားခံရခြင်းအကျိုးတွေရတယ်။
(၃) လိုအပ်တဲ့အခါ လိုအပ်တာကိုလှူတယ်၊အလိုက်သိ မှု့ကြောင့်လိုအပ်ချိန်မှာ လိုတာရခြင်းအကျိုးကိုရတယ်။
(၄) အလှူခံရန်ဝတ္တုအပေါ် မငြိကပ်မတွယ်တာဘဲလွတ်လွတ်ကျွတ်ကျွတ် ပြတ်ပြတ်သားသား လှူတယ်၊ ပြတ်သားမှု့ကြောင့်အမွန်အမြ တ်ကိုသာသုံးဆောင်ရခြင်း
အကျိုးရတယ်၊
(၅)မိမိနဲ့သူတပါးကို မထိမပါး မပုတ်မခတ်ဘဲလှူတယ်၊ အပြိုင်အဆိုင်အနေမျိုးနဲ့မလှူဘဲပစ္စည်းရဲ့အနှစ်ကို
ထုတ်ယူတဲ့အနေနဲ့လှူတယ်၊မထိပါးမှု့ကြောင့် ရန်သူမျိုး ၅ပါးဘေးမှကင်းလွတ်ခြင်း အကျိုးရတယ်။အဲ့ဒါဟာပညာရှင်သူတော်စင်များရဲ့လှူပုံလှူနည်းဘဲ။
(အရှင်သိရိန္ဒာဘိဝံသ တိပိဋကယော ဆရာတော်၏ ) ..... သာဓုလေးပါးမြတ်တရားမှဓမ္မဒါန ဖြန့်လှူပူဇော်ပါသည်။