Saturday, September 8, 2012

♣♣ ငါးပိသြဇာ ထေမနာ တေးထပ် ♣♣


ဟင်းပွဲရုံရှိသမျှတွင်ဖြင့်၊ အဓိကကြံမူ၊
ငါးပိကအလံထူတယ်၊ စံမတူဖက်ရှား။
ပွဲတော်အုပ် ပလ္လင်ပျံမှာ၊ ဘုရင်ဟန် မြှောက်တင်လို့ထား။ (ပွဲတော်အုပ်ပလ္လင်ဗွေမှာ၊ ဘုရင်တွေ မြှောက်တင်လို့ထား)။ 

သက်ရှည်ရေးလာဘ်ကောင်းကြုံအောင်၊ ဓာတ်ပေါင်းစုံတည်ထား၊
ရသာရုံ သည်တပါးပေမယ့်၊ စားလိုက်တိုင်း ထင်ပေါ်၊
သူမပါ အားအင်ချို့ပေလိမ့်၊ စားဝင်ဘို့ ခက်လှသနော်။

ဓာတ်ကောင်းစု အသိပေါ်အောင်၊ က၀ိမော်ပဏ္ဍိတို့၊
ဉာဏ်ရှိတိုင်းတွေးဘို့အစုံ၊ ရေးလို့မကုန်၊(ဉာဏ်အသိတွေးဘို့အစုံ၊ ရေးလို့မကုန်)၊
အစာကဆေးဖြစ်ပုံမှာ၊ ရှေးခေတ်ကြုံ ငါးပိရှင့်လေး…။

(အရှင်နာဂသိန်၏ ပုံပြဆေးအဘိဓာန်၊ ပဉ္စမတွဲ(ဒုတိယပိုင်း)၊ နှာ-၁၈၂)

ငါးပိအကြောင်းစုံကို ထိုစာအုပ်တွင် ရှုပါလေ.. မြန်မာမှန်ရင် ငပိကို မမေ့နဲ့…တဲ့။ 

ပုံကတော့ face book ကကူးယူခဲ့တာပါ 
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ