မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ အထိုက်အလျောက် မေးပြီးနောက် သာသနာတော်ဝယ်လွန်စွာ အရေးကြီးသော ပြဿနာတို့ကို မေးဖို့ရန် အကြံဖြစ်လာသောအခါ ထိုပြဿနာများကို မမေးသေးဘဲ ၇ ရက်ပတ်လုံး မိမိစိတ်ကို သမာဓိရအောင် ထိန်းသိမ်းစောင့်စည်းပုံမှာ သူတော်ကောင်းတို့ အတုယူစရာ ကောင်းလှပါသည်။
စောင့်စည်းပုံကား= နံနက်စောစော အိပ်ရာထပြီးလျှင် ကိုယ်လက်စင်ကြယ်အောင် ရေချိုး၍ ၀တ်ရိုးဝတ်စဉ် အ၀တ်တန်ဆာများကို မ၀တ်တော့ဘဲ ဖန်ရည်ဆိုးသော အ၀တ်ဝါကို ၀တ်ဆင်ကာ ဦးခေါင်းလည်း ခေါင်းတုံးအသွင်း မှတ်ထင်လောက်အောင် ခေါင်းစွပ်လျက် (ရဟန်းမဟုတ်သော်လည်) ရဟန်းဟုပင် မှတ်ထင်ရလောက်အောင် ကြံဆောင် ၀တ်ဆင်ပြီးနောက် ၈-ပါးသော အချက်များကို ၇-ရက်လုံးလုံး မပျက်ပြားရအောင် စိတ်၌ စွဲမြဲစွာ ဆောက်တည်လေသည်။
(၈)ပါးကား….
(၁) ၇-ရက်အတွင်း မင်းကိစ္စကို မပြုတော့ပြီ။
(၂) ရာဂစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
(၃) ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
(၄) မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
(၅) ကျေးတော်၊ ကျွန်တော်၊ အလုပ်သမား၊ အမှုတော်ထမ်းများအပေါ်၌သော်လည်းကောင်း စိတ်ကို နှိမ့်ချ၍ မာန်မာနမဖြစ်အောင် စောင့်စည်းမည်။
(၆) ကိုယ်မှု၊ နှုတ်မှုများ ထူးခြားစွာ စောင့်စည်းမည်။
(၇) မြင်ရ၊ ကြားရ၊ တွေ့ရ၊ သိရသမျှသော အာရုံများအတွက် အကုသိုလ်မဖြစ်အောင် မျက်စိ၊ နားစသော ဣနြေ္ဒများကို စောင့်စည်းမည်။
(၈) အားလုံးသတ္တ၀ါတို့အပေါ် မေတ္တာစိတ်ထားမည်။
ဤ ရှစ်ပါးသော အချက်ကို ၇ ရက်လုံး စောင့်သုံးလျက် ၈ ရက်မြောက်နေ့၏ နံနက်အခါဝယ် နံနက်စာ စောစောစား၍ ဣနြေ္ဒကြီးမားလှသော ရဟန်းတော်ကဲ့သို့ စက္ခုနြေ္ဒချပြီးလျှင် စကားပြော ဆင်ခြင်ကာ အရှင်နာဂသိန်ထံသို့ ကြည်လင်ရွှင်ပျ အေးမြသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်လျက် လေးနက်စွာသော ပြဿနာများကို မေးလျှောက်လေသည်။
♣♣ အတုယူဖွယ်
ဤမိလိန္ဒမင်းကြီး၏ ၇ရက်လုံးလုံး စိတ်ပြုပြင်ပုံကို အတုယူလျက် သူတော်ကောင်းဘက်က အထက်တန်း ရောက်သော အမျိုးသား အမျိုးသမီးများလည်း မိမိနေအိမ်မှာပင် တစ်နေ့တစ်ရက် တစ်နံနက်စသည်ဖြင့် ရက်ပိုင်းခြား၍ မိမိသန္တာန်၌ ဖြစ်လေ့ရှိသော အကုသိုလ်စိတ်များ မဖြစ်ရလေအောင် မကြာမကြာ အထူးစောင့်စည်း သင့်ပေသည်။
ဤသို့ စောင့်စည်းဖန်များလျှင် အကုသိုလ်စိတ်အထူးနည်းပါးသော သူတော်စင်အဖြစ်သို့ တက်ရောက်၍ သဒ္ဓါထူး ပညာထူး ပေါ်ပေါက်လာပါလိမ့်မည်။ ရက်ပေါင်းအတော်ကြာအောင် နဂိုဖြစ်တတ်သော အကုသိုလ်စိတ်များလည်း မဖြစ်ဘဲ ရှိပါလိမ့်မည်။
"ဤလောကကြီးကို စိတ်သည် ဆောင်ကြဉ်းအပ်၏၊
ဤလောကကြီးကို စိတ်သည် ဆွဲငင်အပ်၏၊
သတ္တ၀ါအားလုံးပင် စိတ်တည်းဟူသော တရားတစ်ခု၏ အလိုသို့ လိုက်နေရသည်။" (တရားတော်)
"ဓာတ်မရိုက်ခင်၊ ကောင်းစွာပြင်မှ၊ ပုံတွင်ကျန၊ ရုပ်သွင်လှသို့၊ မုချမှန်စွာ၊ သံသရာ၏၊ ကမ္ဘာရပ်ခွင်၊ ဓာတ်အပြင်၌၊ စိတ်စဉ်ကျန၊ ရုပ်သွင်လှ၍၊ ခေမမြို့နန်း၊ အရောက်လှမ်းဖို့၊ ပြင်စမ်းစေချင်၊ စိတ်အစဉ်ကို၊ ပြင်ဆင်လေကွဲ့၊ နေစဉ်တဲ့။" (မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာမှ)
♣♣ ပန်းချီးက http:// aupyitkhar.multiply.com/ကပါ
(၈)ပါးကား….
(၁) ၇-ရက်အတွင်း မင်းကိစ္စကို မပြုတော့ပြီ။
(၂) ရာဂစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
(၃) ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
(၄) မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
(၅) ကျေးတော်၊ ကျွန်တော်၊ အလုပ်သမား၊ အမှုတော်ထမ်းများအပေါ်၌သော်လည
(၆) ကိုယ်မှု၊ နှုတ်မှုများ ထူးခြားစွာ စောင့်စည်းမည်။
(၇) မြင်ရ၊ ကြားရ၊ တွေ့ရ၊ သိရသမျှသော အာရုံများအတွက် အကုသိုလ်မဖြစ်အောင် မျက်စိ၊ နားစသော ဣနြေ္ဒများကို စောင့်စည်းမည်။
(၈) အားလုံးသတ္တ၀ါတို့အပေါ် မေတ္တာစိတ်ထားမည်။
ဤ ရှစ်ပါးသော အချက်ကို ၇ ရက်လုံး စောင့်သုံးလျက် ၈ ရက်မြောက်နေ့၏ နံနက်အခါဝယ် နံနက်စာ စောစောစား၍ ဣနြေ္ဒကြီးမားလှသော ရဟန်းတော်ကဲ့သို့ စက္ခုနြေ္ဒချပြီးလျှင် စကားပြော ဆင်ခြင်ကာ အရှင်နာဂသိန်ထံသို့ ကြည်လင်ရွှင်ပျ အေးမြသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်လျက် လေးနက်စွာသော ပြဿနာများကို မေးလျှောက်လေသည်။
♣♣ အတုယူဖွယ်
ဤမိလိန္ဒမင်းကြီး၏ ၇ရက်လုံးလုံး စိတ်ပြုပြင်ပုံကို အတုယူလျက် သူတော်ကောင်းဘက်က အထက်တန်း ရောက်သော အမျိုးသား အမျိုးသမီးများလည်း မိမိနေအိမ်မှာပင် တစ်နေ့တစ်ရက် တစ်နံနက်စသည်ဖြင့် ရက်ပိုင်းခြား၍ မိမိသန္တာန်၌ ဖြစ်လေ့ရှိသော အကုသိုလ်စိတ်များ မဖြစ်ရလေအောင် မကြာမကြာ အထူးစောင့်စည်း သင့်ပေသည်။
ဤသို့ စောင့်စည်းဖန်များလျှင် အကုသိုလ်စိတ်အထူးနည်းပါးသော
"ဤလောကကြီးကို စိတ်သည် ဆောင်ကြဉ်းအပ်၏၊
ဤလောကကြီးကို စိတ်သည် ဆွဲငင်အပ်၏၊
သတ္တ၀ါအားလုံးပင် စိတ်တည်းဟူသော တရားတစ်ခု၏ အလိုသို့ လိုက်နေရသည်။" (တရားတော်)
"ဓာတ်မရိုက်ခင်၊ ကောင်းစွာပြင်မှ၊ ပုံတွင်ကျန၊ ရုပ်သွင်လှသို့၊ မုချမှန်စွာ၊ သံသရာ၏၊ ကမ္ဘာရပ်ခွင်၊ ဓာတ်အပြင်၌၊ စိတ်စဉ်ကျန၊ ရုပ်သွင်လှ၍၊ ခေမမြို့နန်း၊ အရောက်လှမ်းဖို့၊ ပြင်စမ်းစေချင်၊ စိတ်အစဉ်ကို၊ ပြင်ဆင်လေကွဲ့၊ နေစဉ်တဲ့။" (မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာမှ)
♣♣ ပန်းချီးက http://
