အမေ….
ဒီနေ့ဟာ ၀ါခေါင်လပြည့်နေ့နော်…၊
ဒီနေ့ဟာ ၀ါခေါင်လပြည့်နေ့နော်…၊
ကောင်းကင်က ငွေလမင်း
ပြည့်ဝန်းဝိုင်းစက်ပေမယ့်
ကံစေတနာ အပြည့်ပေးလိုက်တဲ့
လူ့ဘ၀လေးမှာ ကျင်လည်ရမယ့် သက်တမ်း
ထူးဆန်းစွာဆုတ်ယုတ်သွားလို့
လဆုပ်လို့ပဲ အမည်ပေးလိုက်ချင်တယ် အမေ…။
ငွေလမင်းကြီး ပြည့်နေပေမယ့်
လူ့ပြည်မှာနေဖို့ လတွေ ဆုတ်နေတာပဲမဟုတ်လား အမေ..။
အမေ...
အမ၀မ်းကွဲတစ်ယောက်က ဖုန်းဆက်တယ်
ရွာပြန်ရင် အမေကို ဂရုစိုက်
အထက်ရောက်ချင် အမေကို ဂရုစိုက်
အဆင့်အတန်းမြင့်ချင် အမေကို ရိုသေ
အမေရှိတုန်း အမေ့နဲ့ ပတ်သက်တဲ့
ကုသိုလ်တွေ အကုန်ရအောင်ယူထား...တဲ့။
နားထဲ သကာပျားလောင်းထည့်လိုက်သလို
ချိုသာလိုက်တာ အမေ….။
ကောင်းကင်က ငွေလမင်း
မှောင်အတိညခင်းမှာ
ရောင်အလင်း ပက်ဖျန်းရင်
ငြိမ်းချမ်းစရာ ကြည်နူးစရာပေါ့ အမေ…။
ဘယ်လောက်ပဲ မှောင်မှောင်
အရောင်လာရင်တော့
အမှောင်ဟာ ကွယ်ပျောက်စမြဲပါအမေ…။
အ၀ိဇ္ဇာ အမှောင်လွှမ်းနေတဲ့
ဘ၀ညခင်းမှာ
ဓမ္မအလင်းရောင်တွေ
ပြောင်ထိန်ဝေနေစေဖို့ လိုအပ်တယ် အမေ…။
ဓမ္မအရောင်သာမှ
အ၀ိဇ္ဇာအမှောင် ကွာမှာမို့ပါအမေ..။
အမေ့ဘ၀ ညခင်း
ဓမ္မလမင်း သာယာပေးပါအမေ…
တစ်ခါတစ်ရံ
လမင်းရဲ့ အလင်းရောင်
မှေးမှောင်သွားတတ်တယ် အမေ..
ဆီးနှင်းနှင့်မြူ တိမ် သူရိန် မီးခိုး
ငါးမျိုးသော သံယောဇဉ်နွယ်
ဝှက်ကွယ်ထားတဲ့ အခါမျိုးတွေမှာပေါ့ အမေ…။
အမေ့ဘ၀ညခင်းမှာ
ဓမ္မလမင်း ထိန်ထိန်သာဖို့
တိမ်လွှာတွေ ဖယ်ရှားဖို့ လိုတယ်အမေ…။
သားကို ခင်တွယ်တဲ့ ဆီးနှင်းသမီးကို ခင်တွယ်တဲ့ မြူ
ပစ္စည်းတွေ ခင်တွယ်တဲ့ တိမ်လွှာ
သောကဆိုတဲ့ သူရိန်
သားသမီးအတွက်
ရတက်မအေးတဲ့ မီးခိုးတွေကို
ဖယ်ရှားပေးပါ အမေ…။
အဲဒါတွေ အားလုံးဟာ
အမေ့ဘ၀ ညခင်းမှာ
ထိန်ထိန်သာနေတဲ့ ဓမ္မလမင်းကို
ချက်ချင်း မှောင်သွားစေမယ့်
အမှောင့်တရားတွေပါ အမေ….။
အရောင်ကို မှိန်သွားစေတဲ့
အဲဒီ အမှောင့်တရားတွေကို
ဟို……အဝေးရောက်အောင်
ပြင်းထန်တဲ့ မုန်တိုင်း
ခပ်ကြမ်းကြမ်းလေး တိုက်ခတ်လိုက်စမ်းပါအမေ…။
ရက်စက်လိုက်တာလို့ မထင်ပါဘူး။
သားကို မချစ်တော့ဘူးလို့ မဆိုပါဘူး။
အမေ့ဘ၀ ညခင်းမှာ
ဓမ္မလမင်းထိန်ထိန်သာဖို့ မျှော်လင့်နေတာပါ အမေ…။
တကယ်တော့
အမေ့ဘ၀ညခင်းက
ကြည်နူးစရာ ချမ်းမြေ့စရာပါ။
ဓမ္မလမင်း ထိန်ထိန်သာနေတဲ့
ဘ၀ညခင်းက အလှရှုခင်းတစ်ခုပါ အမေ…..။
သားသမီးတွေအတွက် ရတက်မအေး
တိမ်လွှာလေး ဖုံးလို့ မိန်မှေးနေတာကလွဲလို့ပေါ့…။
သား….ကို မပူပါနဲ့ အမေ…။
အမေဆက်ရမယ့် ဘ၀ခရီး
ပျော်စရာကြီး ဖြစ်အောင်သာ
ပြင်ဆင်လိုက်ပါအမေ….။
အမေချန်ခဲ့မယ့် ဓမ္မ
အမေကျန်ခဲ့မယ့် တရားလရောင်အောက်မှာ
သား ဟို…ငယ်ငယ်တုန်းကလို
ပျော်ရွှင် လွတ်လပ်စွာ
ဆော့ ကစားချင်လို့ပါ အမေ…။
(မွေးမိခင် ကျေးဇူးရှင်နှင့်တကွ အမေအားလုံးကို ရည်ညွှန်းလျှက်…..)
♣♣ တွေးမိတာကို ရေးတတ်သလို ရေးထားတာပါ ကဗျာမဟုတ်ပါဘူး။ ♣♣
ပန်းချီ kyaw_aung_htet
ပြည့်ဝန်းဝိုင်းစက်ပေမယ့်
ကံစေတနာ အပြည့်ပေးလိုက်တဲ့
လူ့ဘ၀လေးမှာ ကျင်လည်ရမယ့် သက်တမ်း
ထူးဆန်းစွာဆုတ်ယုတ်သွားလို့
လဆုပ်လို့ပဲ အမည်ပေးလိုက်ချင်တယ် အမေ…။
ငွေလမင်းကြီး ပြည့်နေပေမယ့်
လူ့ပြည်မှာနေဖို့ လတွေ ဆုတ်နေတာပဲမဟုတ်လား အမေ..။
အမေ...
အမ၀မ်းကွဲတစ်ယောက်က ဖုန်းဆက်တယ်
ရွာပြန်ရင် အမေကို ဂရုစိုက်
အထက်ရောက်ချင် အမေကို ဂရုစိုက်
အဆင့်အတန်းမြင့်ချင် အမေကို ရိုသေ
အမေရှိတုန်း အမေ့နဲ့ ပတ်သက်တဲ့
ကုသိုလ်တွေ အကုန်ရအောင်ယူထား...တဲ့။
နားထဲ သကာပျားလောင်းထည့်လိုက်သလို
ချိုသာလိုက်တာ အမေ….။
ကောင်းကင်က ငွေလမင်း
မှောင်အတိညခင်းမှာ
ရောင်အလင်း ပက်ဖျန်းရင်
ငြိမ်းချမ်းစရာ ကြည်နူးစရာပေါ့ အမေ…။
ဘယ်လောက်ပဲ မှောင်မှောင်
အရောင်လာရင်တော့
အမှောင်ဟာ ကွယ်ပျောက်စမြဲပါအမေ…။
အ၀ိဇ္ဇာ အမှောင်လွှမ်းနေတဲ့
ဘ၀ညခင်းမှာ
ဓမ္မအလင်းရောင်တွေ
ပြောင်ထိန်ဝေနေစေဖို့ လိုအပ်တယ် အမေ…။
ဓမ္မအရောင်သာမှ
အ၀ိဇ္ဇာအမှောင် ကွာမှာမို့ပါအမေ..။
အမေ့ဘ၀ ညခင်း
ဓမ္မလမင်း သာယာပေးပါအမေ…
တစ်ခါတစ်ရံ
လမင်းရဲ့ အလင်းရောင်
မှေးမှောင်သွားတတ်တယ် အမေ..
ဆီးနှင်းနှင့်မြူ တိမ် သူရိန် မီးခိုး
ငါးမျိုးသော သံယောဇဉ်နွယ်
ဝှက်ကွယ်ထားတဲ့ အခါမျိုးတွေမှာပေါ့ အမေ…။
အမေ့ဘ၀ညခင်းမှာ
ဓမ္မလမင်း ထိန်ထိန်သာဖို့
တိမ်လွှာတွေ ဖယ်ရှားဖို့ လိုတယ်အမေ…။
သားကို ခင်တွယ်တဲ့ ဆီးနှင်းသမီးကို ခင်တွယ်တဲ့ မြူ
ပစ္စည်းတွေ ခင်တွယ်တဲ့ တိမ်လွှာ
သောကဆိုတဲ့ သူရိန်
သားသမီးအတွက်
ရတက်မအေးတဲ့ မီးခိုးတွေကို
ဖယ်ရှားပေးပါ အမေ…။
အဲဒါတွေ အားလုံးဟာ
အမေ့ဘ၀ ညခင်းမှာ
ထိန်ထိန်သာနေတဲ့ ဓမ္မလမင်းကို
ချက်ချင်း မှောင်သွားစေမယ့်
အမှောင့်တရားတွေပါ အမေ….။
အရောင်ကို မှိန်သွားစေတဲ့
အဲဒီ အမှောင့်တရားတွေကို
ဟို……အဝေးရောက်အောင်
ပြင်းထန်တဲ့ မုန်တိုင်း
ခပ်ကြမ်းကြမ်းလေး တိုက်ခတ်လိုက်စမ်းပါအမေ…။
ရက်စက်လိုက်တာလို့ မထင်ပါဘူး။
သားကို မချစ်တော့ဘူးလို့ မဆိုပါဘူး။
အမေ့ဘ၀ ညခင်းမှာ
ဓမ္မလမင်းထိန်ထိန်သာဖို့ မျှော်လင့်နေတာပါ အမေ…။
တကယ်တော့
အမေ့ဘ၀ညခင်းက
ကြည်နူးစရာ ချမ်းမြေ့စရာပါ။
ဓမ္မလမင်း ထိန်ထိန်သာနေတဲ့
ဘ၀ညခင်းက အလှရှုခင်းတစ်ခုပါ အမေ…..။
သားသမီးတွေအတွက် ရတက်မအေး
တိမ်လွှာလေး ဖုံးလို့ မိန်မှေးနေတာကလွဲလို့ပေါ့…။
သား….ကို မပူပါနဲ့ အမေ…။
အမေဆက်ရမယ့် ဘ၀ခရီး
ပျော်စရာကြီး ဖြစ်အောင်သာ
ပြင်ဆင်လိုက်ပါအမေ….။
အမေချန်ခဲ့မယ့် ဓမ္မ
အမေကျန်ခဲ့မယ့် တရားလရောင်အောက်မှာ
သား ဟို…ငယ်ငယ်တုန်းကလို
ပျော်ရွှင် လွတ်လပ်စွာ
ဆော့ ကစားချင်လို့ပါ အမေ…။
(မွေးမိခင် ကျေးဇူးရှင်နှင့်တကွ အမေအားလုံးကို ရည်ညွှန်းလျှက်…..)
♣♣ တွေးမိတာကို ရေးတတ်သလို ရေးထားတာပါ ကဗျာမဟုတ်ပါဘူး။ ♣♣
ပန်းချီ kyaw_aung_htet
