Friday, September 7, 2012

♣♣ ချစ်ဖွယ့်လူသား (သို့) အားဖြည့်ချက် ♣♣


 
တစ်တောင်ပေါ်၊ တစ်တောင်ဆင့်
တောင်အမြင့်၊ ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့၊ တစ်လုံးကျန်ပေသမို့
ဖန်ဖန်လေ၊ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ခါတလေ၊ တကယ်ပန်းတာကြောင့်
တော်ပါပြီ၊ ဆက်မလှမ်းချင်ဘု
ရပ်တန်းက၊ ရပ်မယ်ကြံ
အမှန်တော့၊ ဖြစ်နိုင်ပါမလား။

စခဲ့မိဟာပေါ့
တစ်နေ့မှာ၊ ဆုံးရာရောက်ပါလိမ့်
အားလျော့ကာ၊ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေဦး
မာလာငွေ၊ ကန်ရေအေးရယ်နှင့်
ငှက်တေးကို၊ အာရုံဆင်လို့
မူတသွင်၊ အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား…။

(ငွေတာရီ)

မိမိကိုယ်ကို အားဖြည့်လိုက်တာပါ၊ သူငယ်ချင်းတွေအတွက်လည်း အားဆေးတစ်ခွက် ဖြစ်လေမလား၊ သို့မဟုတ် ?????? :))))
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ