Thursday, August 30, 2012

♣ တစ်ကြိမ်ဝတ်ချလို့ရှိရင် လူတစ်သိန်းကျွေးရတာနဲ့ ညီမျှတဲ့ ကုသိုရတဲ့ ၀တ်ချနည်း ♣

တစ်ကြိမ်ဝတ်ချလို့ရှိရင် လူတစ်သိန်းကျွေးရတာနဲ့ ညီမျှတဲ့ ကုသိုရတဲ့ ၀တ်ချနည်းရှိသေးတယ်။ ဘယ်လို့ ၀တ်ချမလဲဆိုတော့….

မမြဲသော မိမိခန္ဓာကိုယ်ကြီးကို မမြဲတဲ့အကြောင်း ပွားတာက ၀ိပဿနာ။
ကိလေသာမရှိတဲ့ ဘရား၊
ကိလေသာကင်းကြောင်းဖြစ်တဲ့ တရား၊
ကိလေသာကင်းပြီးတဲ

့ သံဃာတွေကို အာရုံပြုတာ သမထ။
လှူဒါန်းပါ၏ ဆိုတက ဒါန။

ဒါနရော သမထရော ၀ိပဿနာရော ပါသွားတဲ့ အဲဒီဝတ်ချနည်း ၀တ်ချကြရအောင်။
ဘုန်းကြီးကချပေးမယ် လိုက်ဆိုကြ…။

မမြဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအား လှူဒါန်းပါ၏ ဘုရား…(တစ်ကြိမ်ဝတ်ချလိုက်)

ဆင်းရဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအား လှူဒါန်းပါ၏ ဘုရား…(တစ်ကြိမ်ဝတ်ချလိုက်)

အစိုးမရသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား
သံဃာအား လှူဒါန်းပါ၏ ဘုရား…(တစ်ကြိမ်ဝတ်ချလိုက်)

*** မဟာဗောဓိတစ်ထောင်ဆရာတော်ဘုရားကြီး နယူးဇီလန်နိုင်ငံ ၀ယ်လင်တန်မြို့ မဟာဗောဓိစေတီ ထီးတော်ထင်ပွဲ၌ ဟောကြားတော်မူသော် တရားတော်မှ ထုတ်နုတ် ဓမ္မဒါနပြုပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ