Thursday, August 30, 2012

♣♣ မေတ္တာတန်ခိုး နေ့စဉ်တိုး အကျိုးများလှသည် ♣♣

သတ္တာသွယ်သွယ်၊ ၊ မြတ်နိုးဖွယ်ဟု
စိတ်ဝယ်ရှုရန် ၊ အကြောင်းခံကြောင့်
ဖန်ဖန်ပွားများ၊ မေတ္တာထားမူ
စီးပွားချမ်းသာ ၊ သူ့တွက်တာ၌
မှန်စွာပင်ကိုယ်၊ ဖြစ်စေလို၏။

လိုသည့်အလျောက် အခွင့်ရောက်က ၊
ဖြစ်မြောက်လေအောင် စီးပွားဆောင်၏။

အခေါင်ရှေးက ၊ အာဃာတဟု
ရန်ငြိုးပြုလည်း ၊ ယခုချိန်မှာ
ပြေပျောက်ကာဖြင့် ၊ မေတ္တာတန်ခိုး
နေ့စဉ်တိုးသည် ၊ အကျိုးများလှပေသည်တကား.....။

** ဘာသာဋီကာဆရာတော်ကြီး (မဟာဂန္ဓာရုံဆရာတော်) ရေးစပ်ခဲ့သော ဆောင်ပုဒ်လင်္ကာဟု စာချဘုန်းတော်ကြီး ဆရာတော်ဥုးအဂ္ဂ၀ံသာလင်္ကာရာဘိဝံသ(ပျံလွန်) မှ စာချရင်း မိန့်တော်မူကြောင်း မှတ်သားရပါသည်၊ ယင်းဆောင်ပုဒ်လင်္ကာသည် ပုံနှိပ်မူအဖြစ်သို့ ရောက်ရှိခဲ့ခြင်းလည်း မရှိခဲ့ကြောင်း သိရပါသည်။ **


♣♣♣ မေတ္တာအခါတော်နေ့အကြိုအဖြစ်ဖြင့် တင်ပြပူဇော်ပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ