နားလည်နိုင်ခြင်းဆိုတာ ဘ၀မှာ မရှိမဖြစ်လိုအပ်တဲ့ စွမ်းအင်တစ်ခုလို့ဆိုချင်တယ်...ဒီနေ့ဘ၀ကို အနှစ်သာရရှိရှိနဲ့ ဖြတ်သန်းလိုတယ်.. အသက်ရှင်နေထိုင်ရခြင်းရဲ့အနက်အဓိပ္ပါယ်ကို ကိုယ်တိုင်ဥာဏ်နဲ့ ထွင်းဖေါက်သက်ဝင်လိုတယ်ဆိုခဲ့ယင်တော့ နားလည်နိုင်ခြင်းဆိုတဲ့စွမ်းအားဟာ ဘ၀အတွက်မရှိမဖြစ်လိုအပ်ပါတယ်.အားလုံးကိုသိတဲ့ ဘုရားရှင်အနေနဲ့ အားလုံးကို ခွင့်လွှတ်နိုင်ခြင်းဟာ..အားလုံးကိုနားလည်လို့ လို့ဆိုရမယ်...ဒါပေမယ့် ..အားလုံးကိုသိခြင်း...အားလုံးကိုနားလည်ခြင်းဆိုတာတွေဟာ ....သမ္မာသမ္ဗုဒ္ဓဘုရားရှင်နဲ့သာ သက်ဆိုင်ပြီး သာမန်ပုဂ္ဂိုလ်တွေနဲ့မဆက်ဆံတဲ့တရားလဲဖြစ်ပါတယ်.
ဒါကြောင့် အားလုံးကို မသိနိုင်သူတွေအနေနဲ့ အားလုံးကို နားလည်ပေးဘို့ရာ မစွမ်းနိုင်ဘူးဆိုတာကလည်း သဘာဝပါဘဲ..
သို့သော် သိနိုင်သလောက် သိအောင် ကြိုးစားဖြစ်ခဲ့မယ်ဆိုယင်တော့ နားလည်နိုင်သလောက် နားလည်နိုင်ခွင့်ရကြမှာ ဓမ္မတာဘဲမဟုတ်လား.
.အသိမှန်မှ အတွေးမှန်သလို ... အတွေးမှန်ပါမှလဲ အလုပ်မှန်မယ်......
အသိမှန် အတွေးမှန်ခြင်းကြောင့်လည်း.. အပြောမှန် အလုပ်မှန်ခြင်းတွေ ဖြစ်ပေါ်လာရတယ်.
အတွေးမှန်ခြင်းကိုတော့ မနောကံ၏ မှန်ကန်ခြင်းလို့ .စာပေနယ်က သုံးနှုန်းပါတယ်.
အပြောမှန်ခြင်းနဲ့ အလုပ်မှန်ခြင်းကိုတော့ ၀စီကံ၏ မှန်ကန်ခြင်းနဲ့ ကာယကံ၏ မှန်ကန်ခြင်းလို့ သုံးနှုန်းပါတယ်..
ဒါတွေဟာ ..နားယဉ်ပြီးသား စာပေနယ်သုံး ဝေါဟာရတွေ ဖြစ်ကြပါတယ်....
ဒါကြောင့်... အပြစ်ကင်းတဲ့ နားလည်ခြင်းဆိုတာဟာ အသိမှန်ခြင်း အတွေးမှန်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာတဲ့ အလုပ်မှန်ခြင်းဆိုတဲ့
ရလာဒ်တစ်ခုဘဲဆိုတာကို ဆက်စပ်စဉ်းစားနိုင်ကြမှာပါ..
အသိမှန်ဘို့ဆိုယင်တော့ မချွတ်ချော် မတိမ်းပါး..မလွဲချော်တဲ့ သညာရှာမှီးမှုကိုတော့ အားလုံးပြုကြရမယ်...ဒီသညာဆိုတာဟာ ...
မြတ်စွာဘုရားရှင်ရဲ့ အနှိုင်းမဲ့ဥာဏ်တော်က ဖြစ်ပေါ်လာတဲ့တရားအနှစ်တွေ ပညာတွေကို ဆိုခြင်းပါ.
.ဒ့ါကြောင့်လဲ...သညာကြောင့်ပညာဖြစ်တယ်ဆိုတဲ့စကားကို ဒီနေ့သုံးနှုန်းကြတာပါ
ဆိုတော့..............
ဒီတရားအနှစ်တွေကို သိအောင်လေ့လာရတယ်...သိတာကိုလည်း ကျင့်ရတယ်.
တကယ်ကျင့်ယင် တကယ်သိလာစမြဲပါ..သညာသိကနေ.. ပညာသိဖြစ်အောင်လို့တော့ ကူးပြောင်းတတ်ဘို့နဲ့...ကူးပြောင်းရဲဘို့တော့ လိုမယ်နော်....
သိတာကို လက်တွေ့ကျင့်မှ သညာသိကနေ ပညာသိဖြစ်လာမှာပေါ့.....ပညာသိရဲ့ အနုံ့ အထက်..ပေါ်မူတည်ပြီးတော့..နားလည်နိုင်တဲ့စွမ်းအား အနုံ့အထက်ဆိုတာဟာလည်း ဖြစ်ပေါ်လာစမြဲဘဲ.....နားလည်နိုင်လေ.....ခွင့်လွတ်နိုင်လာလေ........ခွင့်လွတ်နိုင်လာလေ... အေးချမ်းတဲ့ အနေအထိုင်ရှိသူ ဖြစ်လာလေဘဲပေါ့....
လောကသားတွေရဲ့ အားကောင်းတဲ့ကိလေသာစရိုက်ကြောင့် ..မိမိဟာ သူတစ်ပါးရဲ့နားလည်မှုကို အာသာငမ်းငမ်းတောင့်တတတ်ပေမယ့်...ကိုယ်က နားလည်မှုပေးလိုက်ရတာကိုတော့ ရှက်နိုးတွန့်ဆုတ်နေတတ်ကြတာ မဟုတ်လား...ဒါကြောင့်လဲ....အသက်ရှင်နေထိုင်ရတဲ့ ဒီဘ၀တိုတိုလေးမှာ.... ချမ်းသာမှုကို လိုလားတောင့်တတဲ့စိတ်နဲ့ ရှာဖွေနေပေမယ့်...နားလည်နိုင်ခြင်းဆိုတဲ့ ဓမ္မကို ..ဘ၀နဲ့ထပ်တူပြုခွင့်မပေးခြင်းကြောင့်လိုလားတဲ့ ချမ်းသာမှုကို လိုချင်ရက်နဲ့ဆုံးရှူံးနေကြတာလို့ ... ဒီလိုလည်း နားလည်သဘောပေါက်မိတယ်..
လက်တွေ့ကျင့်ခြင်းကြောင့် သစ္စာလေးရပ်တရားမြတ်ကို ဟုတ်တိုင်းမှန်စွာသိလာသူတစ်ဦးဟာ လောကကြီးကို မှန်မှန်ကန်ကန်မြင်ခွင့်ရရှိပြီ....ကိုယ့်ကိုကိုယ်လဲမှန်မှန်ကန်ကန်မြင်ခွင့်ရရှိပြီ...
မှန်မှန်ကန်ကန်မြင်လာခြင်းကြောင့် မှန်မှန်ကန်ကန်နားလည်နိုင်လာမယ်..
မှန်မှန်ကန်ကန်နားလည်နိုင်သူအဖို့..ခွင့်လွှတ်နိုင်လာမယ်...
ခွင့်လွှတ်နိုင်ခြင်းကို နားလည်နိုင်ခြင်းရဲ့ပြယုဂ်လို့လဲဆိုရမယ်..
သစ္စာလေးရပ်တရားမြတ်ကို အပိတ်အပင်အတားအဆီးမရှိ သိလာတဲ့အချိန်ဟာ.. နားလည်နိုင်ခြင်းရဲ့စွမ်းအား...အထက်မြက်ဆုံးအချိန်ပါဘဲ..
ဒီစွမ်းအားဟာ ..မိမိဘ၀ကို တန်ဘိုးရှိစေသလို.... အသက်ရှင်နေထိုင်ရခြင်းရဲ့ အနက်အဓိပ္ပါယ်ကိုလည်း သက်ဝင်စေပါလိမ့်မယ်..
နားလည်နိုင်ခြင်းရဲ့စွမ်းအားတို့..တစ်စထက်တစ်စ...ရင့်သထက်ရင့်...မြင့်သထက်မြင့်စေလိုတဲ့ စေတနာဆန္ဒနဲ့..ဒီစာကို ရေးဖြစ်ပါတယ်...ဒီစေတနာ ဆန္ဒရဲ့ အကျိုးဖြစ်ထွန်းမှုဆိုတာကတော့....သိလျက်နဲ့ကျင့်သူဖြစ်ပါမှ ဘ၀နဲ့ဓမ္မကို ထပ်တူပြုခွင့်ပေးမှသာ.... သက်ဝင်နားလည်နိုင်ကြမှာပါ...
သိလျက်ကျင့်နိုင်ကြပါစေ...ကျင့်နိုင်ကြသည့်အလျောက် နားလည်ခွင့်လွှတ်နိုင်တဲ့စွမ်းအားများ..တစ်စထက်တစ်စ ရင့်ကျက် မြင့်တက်လာနိုင်ကြပါစေကုန်သတည်း....
အစဉ်နားလည်နိုင်အောင်ကြိုးစားလျက်...
အရှင်ဓမ္မပါလ....
ဖါးအောက်တောရ
မှတ်ချက်။ ။ facebook မှ ကူးယူဖော်ပြပါသည်။