၄၇။ အတွင်းစိတ်ထား
သိနိုင်ခြင်းလေးပါး
အာကာရ
ဣင်္ဂိတဂ္ဂတျာ၊
ကြိယာယ
ဘာသနေနစ။
နေတြ၀က္က
ဝိကာရေန၊
လက္ချတေန္တဂ္ဂတံ
မနံ။ (ဟိတောပဒေသ)
အာကာရ ဣင်္ဂိတဂ္ဂတျာ=ခြင်းရာအရိပ် နိမိတ် လက္ခဏာ သွားအလာအားဖြင့်လည်းကောင်း၊
ကြိယာယ စ=ပြုလုပ်အဖြာဖြာ မူအရာအားဖြင့်လည်းကောင်း၊ ဘာသ-နေနစ=နှုတ်သံစကား ထုတ်ပြန်ကြားခြင်းဖြင့်လည်းကောင်း၊
နေတြ၀က္က ၀ိကာရေနစ=မျက်ရိပ်မျက်စ ဖောက်ပြန်၍ ပြ သဖြင့်လည်းကောင်း၊ အန္တဂ္ဂတံ=အတွင်းအသည်း
နှလုံးထဲး၌တည်သော၊ မနံ=မနောစိတ်ထား သဘောသွားကို၊ လက္ချတေ=မုချဆတ်ဆတ် အမှန်ကို သိသင့်သိ
အပ်၏။
-------------
အဓိပ္ပါယ် အနှစ်ချုပ်
* သွားမှုလာမှု၊ ခြင်းရာစုကို၊
ကြည့်ရှုကဲခတ်၊ တွင်း စိတ်ဓာတ်ကို၊
ပိုင်းဖြတ်ပိုင်ပိုင်၊ သိမြင်နိုင်၏။
ကြည့်ရှုကဲခတ်၊ တွင်း စိတ်ဓာတ်ကို၊
ပိုင်းဖြတ်ပိုင်ပိုင်၊ သိမြင်နိုင်၏။
* ပြောမှုဆိုမှု၊ နှုတ်လျာမှုကို၊
ကြည့်ရှုကဲခတ်၊ တွင်း စိတ်ဓာတ်ကို၊
ပိုင်းဖြတ်ပိုင်ပိုင်၊ သိမြင်နိုင်၏။
* မျက်ခွက် မျက်နှာ၊
ဖောက်ပြန်စွာကို၊
ကြည့်ကာ ကဲခတ်၊ တွင်းစိတ်ဓာတ်ကို၊
ပိုင်းဖြတ်ပိုင်ပိုင်၊ သိမြင်နိုင်၏။
----------
၄၈။ မာန်တက်ကြောင်းတရား လေးပါး
ယောဗ္ဗနံ
ဓနသမ္ပတ္တိ၊
ပဘူတွ
မ၀ိဝေကတာ။
ဧကေကမပျနတ္ထာယ၊
ကိမု
ယတြ စတုတ္ထယံ။ (ဟိတောပဒေသ)
ယောဗ္ဗနံ=လှပတင့်တယ် အရွယ်၏ပြည့်စုံခြင်းသည်လည်းကောင်း၊ ဓနသမ္ပတ္တိ=စည်းစိမ်ဥစ္စာ
ရတနာနှင့် ပြည့်စံ ခြင်းသည်လည်းကောင်း၊ ပဘူတွံစ=အာဏာလွှမ်းမိုး တန်ခိုး တက်ကြွ အစိုးရသည်၏
အဖြစ်သည်လည်းကောင်း၊ အ၀ိဝေကတာ=စူးစမ်းဆင်ခြင် မြော်မြင်ဉာဏ်မရှိသည်၏ အဖြစ်သည်လည်းကောင်း၊
ဧကေကံပိ=တစ်ပါးပါးသော အကြောင်းမျှသည်လည်းကောင်း၊ အနတ္ထာယ=မာန်မာန တက်တိုးသဖြင့် အကျိုးမဲ့ခြင်းငှါ၊
ဘ၀တိ=မသွေစင်စစ် ဧကန်ဖြစ်၏၊ ယတြ=အကြင်သူ၌၊ စတုတ္ထယံ=ရုပ်ရေရူပ လှပတင့်တယ် ဥစ္စာကြွယ်ဝ
အစိုးရခြင်း ဆင်ခြင်ကင်းလျက် လေးချက်အပေါင်း အကြောင်းစုံစီ အင်္ဂါညီခဲ့အံ့၊ တတြ= ထိုအကျိုးမဲ့ကြောင်း
အပေါင်းလေးလီ ပြည့်စုံညီသောသူ၌၊ ကိမု=အဘယ်မှာ တစ်ဖန်လော၍ ပြောဆိုဘွယ်ရာ ရှိပါတော့အံ့နည်း။
-------------
အဓိပ္ပါယ် အနှစ်ချုပ်
* လှပရုပ်ဆင်း၊ ရွယ်နုခြင်းကား၊
ထန်ပြင်းမာန၊ တက်တတ်စွ။
* ဥစ္စာပြည့်တင်း၊
ပေါများခြင်းကား၊
ထန်ပြင်းမာန၊ တက်တတ်စွ။
* အာဏာပြည့်တင်း၊
စိုးရခြင်းကား၊
ထန်ပြင်းမာန၊ တက်တတ်စွ။
* စူးစမ်းနိုင်ခြင်း၊
ဉာဏ်မြင်ကင်းက၊
ထန်ပြင်းမာန၊ တက်တတ်စွ။
------------
နိဂုံး စကား
က။ ထောင့်သုံးရာ ရောက်ခဲ့လစ်၊
ခြောက်ဆယ့်နှစ် စွန်းကျော်။
- မိန်ရာသီ စက်ရပ်တွင်း၊
ငှက်မြတ်မင်း မြူးစံလို့ပျော်။
- လတပေါင်း ပြည့်ကျော်၊
တစ်ရက်နော် ခါတွင်း။
- နီတိငဲ့ မှတ်တမ်းလွှာ၊
တစ်ခန်းစာ ပြီးခဲ့လေခြင်း။ ။
ခ။ လယ်တီရှင် ကေလာသ၊
ပေးနာမ မည်တွင်။
- တိုက်မဟာ လယ်တီတွင်း၊
မြတ်သီတင်း သုံးမွေ့ပျော်ရွှင်။
- ကျမ်းနီတိ ထိုထိုလျှင်၊
ကြည့်ရှုစဉ် မှတ်တမ်း။
- စုပေါင်းလို့ ဖြန့်ဝေချီ၊
မြန်ရွှေပြည် ရှုကြည့်ရွှင်လန်း။ ။
-----------
ဆုတောင်း စကား
ဂ။ မှတ်တမ်းလွှာ နီတိစု၊
ရေးပြုတဲ့ ဤကုသိုလ်။
- စိတ်ရွယ်ရည် အာသီလောင်း၊
တောင်း ပန်ဆုဆို။
- ခုဘ၀ ဤကိုယ်၊
မဂ်နှင့်ဖိုလ် လျင်ဆော။
- မသေရာ ဓာတ်အထူး၊
ကူး ရစေသော။
ဃ။ မဂ်နှင့်ဖိုလ် ဤဘ၀၊
မရခဲ့လေလျှင်။
- ၀တိံသာ နန်းပြာသာဒ်၊
သမ္မာနတ် ဖြစ်ရစေချင်။
- ထူးမြတ်သည့် သုဓမ္မာတွင်၊
ပျော်ပျော်ရွှင် တရား။
- နားပွါးလို့ ကျွတ်တမ်းဝင်၊
ဝဋ်လမ်းစဉ် ပြတ်ရစေသား။
----------
င။ ပါရမီနုလှလို့ ဒုတိယဘ၀တွင်၊
မဂ်နှင့်ဖိုလ် နိဗ္ဗာန်နန်း။
လှမ်း ကွာခဲ့လျှင်။
- ဘိက္ခုဖြစ် သီလစင်၊
ကျင့်ဓုတင် အရညော၊
- ကာမဂုဏ် အပုပ်တုံးကို၊
မုန်း ရစေသော။
နီတိမှတ်တမ်းလွှာ ဤတွင်ပြီးပြီ။