ပဉ္စမ သင်္ဂါယနာတင် "မင်းတုန်းမင်းတရားကြီး"လက်
"ဒကာတော် ရေမြေ့ရှင်- ဘာသံ တဲ့လဲ?"
"မှန်လှပါ ညီတော် အိမ်ရှေ့မင်းသား က အောင်ပင်လယ် ကန်တော် အတွင်း ရေမြှုပ်ဗုံး စမ်းသပ်ဖောက်ခွဲခြင်း ပါဘုရား"
"ဒကာတော် ရေမြေ့ရှင် ထာဝရပယောဂ(လူသတ်လက်နက်) မလုပ်သင့်ဘူး"
ဟူ၍ "သာသနာပိုင်ဆရာတော် ကြီး" က သြ၀ါဒပေးသောကြောင့် "မင်းတုန်းမင်းတရားကြီး" သည် "ရေမြှုပ်ဗုံး" ထုတ်လုပ်ခြင်း ကို ရပ်စဲ ခဲ့လေသည်။
ထို့ကြောင့် "သီပေါမင်း" လက်ထက် "အင်္ဂလိပ် နယ်ချဲ့" ရေတပ်သင်္ဘော ကျူးကျော်တိုက်ခိုက်လာသည့်အ
**************************
ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်း(၄၀)ခန့်က နာမည်ကျော်စာရေးဆရာကြီး တစ်ဦးမှ "ရေမြှုပ်ဗုံး" အကြောင်း ရေးသားဖော်ပြချက် ဖြစ်ပါသည်။
ထို့ပြင် "တိုင်းရေးပြည်ရေး ၌ ဘုန်းကြီး ရဟန်း ၀င်ရောက်စွက်ဖက်သည့်အတွက် သူ့ကျွန် ဖြစ်ခဲ့ရသည်" ဟူ၍များတောင် မှတ်ချက်ပြုခဲ့ပါသေးသည်။
ထို့ထက်ဆိုးသည် က ယင်း ဆောင်းပါးရှင်၏ "ရေမြှုပ်ဗုံး ပြဿနာ ၀ါဒဖြန့်၊တင်ပြချက်" ကို "ဒါရိုက်တာ ဦးတင်ယု" က အတည်ပြု၍ (မန္တလေး နန်းတွင်း အရေးတော်ပုံ) အမည်ရ ရုပ်ရှင်ဇာတ်ကားတွင် ထည့်သွင်းရိုက်ကူးလိုက်ခြင်
ထို့ကြောင့် ထို (မန္တလေး နန်းတွင်း အရေးတော်ပုံ) ရုပ်ရှင်ဇာတ်ကား ကို ကြည့်ရှုမိသူတိုင်းက "သာသနာပိုင် ဆရာတော်ကြီး" အား အကြည်ညိုပျက်ခဲ့ကြပါသတဲ့။ "တိုင်းရေးပြည်ရေးကို ဘာလို့ ၀င်စွက်ရတာလဲ" စသည်ဖြင့် မကျေမနပ် ဖြစ်ခဲ့ကြသည်တဲ့။
အမှန်စင်စစ် သာသနာတော်ပိုင် ဆရာတော်ကြီး သည် ဘုရင်မင်းတရားကြီးအား "ထာဝရလက်နက် မလုပ်ရ" ဟု သြ၀ါဒပေးခြင်း လုံးဝ မပြုလုပ်ခဲ့ပါချေ။
အဘယ့်ကြောင့်ဆိုသော် တိုင်းရေး၊ပြည်ရေး နိုင်ငံအရေး၌ သာသနာပိုင်ဆရာတော် အဆက်ဆက် တို့သည် ၀င်ရောက် ပါဝင် စွက်ဖက်ခြင်း အစဉ်အလာ မရှိခဲ့ပါ။
ထင်ရှားသော ဥပမာ တစ်ခုမှာ-
"ဗုဒ္ဓမြတ်စွာဘုရားရှင်" သည် မိမိ ၏ ကျောင်းဒကာကြီး "ဗိမ္ပိသာရမင်း တရားကြီး" ကို သားတော် "အဇာတသတ်မင်း" က လှောင်အိမ်တွင်းအစာငတ်ခံထား
အကြောင်းမူကား, "အာဏာ အတွက် လုပ်ကြံနေသူ" ကို ၀င်ရောက်တားမြစ်ပါက လက်မခံသည့်အပြင် ရန်ငြိုးထား၊ရန်ပွား၍ အန္တရယ်ပြုလာနိုင်ပေသည်။
ဤကဲ့သို့ ကောင်းကျိုးမမြင်၊ဆိုးကျိုး
"အမရပူရမြို့တော်" ကို "မင်းတုန်းမင်းသား" နှင့် "ကနောင်မင်းသား" တို့ စစ်တပ် နှင့် ၀န်းရံ တိုက်ခိုက်နေရာ၌ မည်သည့် ဆရာတော် ကမှ ၀င်ရောက်တားမြစ်ခြင်း ၊မေတ္တာရပ်ခံခြင်း မပြုခဲ့ကြချေ။
အကြောင်းမှာ-မေတ္တာရပ်ခံ၍ မရနိုင်သည့်အခြေအနေ ကိုသိရှိရသောကြောင့် ဖြစ်ပါသည်။ "အမရပူရ ရွှေနန်းရှင် ပုဂံမင်းတရား" နှင့် ညီတော် "မင်းတုန်း၊ကနောင်" တို့၏ ပြဿနာမှာ နှစ်ဦး နှစ်ဖက် အပြီးသတ် ဖြေရှင်းတော့မည့် အခြေအနေ ကိုတွေ့မြင်ရသောကြောင့် ဆရာတော်ကြီးများ အနေဖြင့် ကြားဝင်ဖြန်ဖြေမှု မပြုလုပ်ခဲ့ပါ။
"မောင်းထောင်သာသနာပိုင် ဆရာတော်ကြီး" သည် ခမည်းတော် "သာယာဝတီမင်း" လက်ထက် ၌ သာသနာပိုင် ဖြစ်ခဲ့သော်လည်း "ပုဂံမင်း" လက်ထက်တွင် သာသနာပိုင်ရာထူး မှ ချထားခြင်းခံနေရပါသည်။ညီနော
ဤကဲ့သို့ စစ်မက်ရေးရာ နှင့် အာဏာ လုပွဲ ၌ ရှောင်တိမ်းနေခဲ့သော သာသနာပိုင်ဆရာတော်ကြီးတစ်ပါ
အကယ်၍ ထာဝရလက်နက် များ ပိတ်ပင်လိုသည် ဆိုပါက အခြားသော "အမြှောက်" လက်နက်များသွန်းလုပ်ခြင်း၊"
ထို့ကြောင့် အခြားသော ဓား၊လှံ၊ဗုံး၊အမြှောက် ပြုလုပ်နေခြင်းကို မတားမြစ်ပါဘဲနှင့် "ရေမြှုပ်ဗုံး" တစ်မျိုးတည်း ကိုသာ တားမြစ်သည် ဆိုခြင်းမှာ ယုတ္တိ မတန်ပါ။
သာသနာပိုင်ဆရာတော်ကြီး က တားမြစ်ပိတ်ပင်စကား မိန့်ကြားတော်မူသည်ပဲ ဆိုပါဦးတော့။ မင်းတုန်းမင်းတရားကြီး က လိုက်နာမည် မဟုတ်ပါ။ ပဉ္စမသင်္ဂါယနာ တင် ခြင်းကိုပြုလုပ်သော ဘုရင် ဖြစ်၍ စစ်မက်ရေးရာ တိုက်ခိုက်မှုများ မလုပ်ဟု ထင်မြင်ယူဆစရာရှိပါသည်။
မဟုတ်ပါ။
မင်းတုန်းမင်းတရားကြီး သည် သားတော် "မြင်ကွန်း၊မြင်းခုံတိုင် အရေးအခင်း" ဖြစ်ပွားရာ၌ အမြှောက်တပ် ကို ကိုယ်တိုင်ဦးစီး၍ ပစ်ခတ်နှိမ်နင်းပြီး "ပတိမ်းမင်းသား" ကို အဆုံးစီရင်ခဲ့ကြောင်း တွေ့ရပါသည်။ ရှမ်းပြည်နယ် မှ စော်ဘွား အချို့ ပုန်ကန် မှု၌ "မန္တလေး" မှ "မိုးနဲ" သို့ စစ်တပ်များစေလွှတ်၍ တိုက်ခိုက်နှိမ်နင်းခဲ့ပါသ
ထို့ကြောင့် "သာသနာပိုင်ဆရာတော်ကြီး က တားမြစ်ပိတ်ပင်မှုကြောင့် ရေမြှုပ်ဗုံး ဆက်လက် မလုပ်ဆောင်တော့" ဟူသော ထင်မြင်ယူဆ ပြောဆိုခဲ့ကြခြင်း သည် "အထောက်အထားမဲ့၊ အခြေအမြစ် မရှိ၊ ရမယ်ရှာ" ပြောဆိုနေသော "လုပ်ဇာတ်" တစ်ခုသာ ဖြစ်ပါသည်။
ယင်း လုပ်ဇာတ် တစ်ခုကို အခိုင်အမာ ယုံကြည်ပြောကြားနေသူများ သည် သာသနာပိုင် မောင်းထောင်ဆရာတော်ဘုရားကြီ
သတိပြုဆင်ခြင်မိစေရန် လေးစားစွာ တင်ပြအပ်ပါ၏။
ချမ်းသာကြပါစေ..၊အေးငြိမ်ြး
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြော
ဘ၀တုသဗ္ဗမင်္ဂလံ
ဉာဏ်လင်းမြို့
၁၃၇၅ခုနှစ်၊ပြာသို လဆုတ်(၁၄)ရက် ၊(29th-January,2014)၊ဗုဒ္ဓဟ
(http://