Tuesday, January 7, 2014

ဘက်ပြောင်းလိုက်ပါ


သံလိုက်ဟာ တစ်ချောင်းထဲပေမယ့်
အခြားတဖက်မှာ တွန်းအားရှိပြီး
အခြားတဖက်မှာ ဆွဲအားရှိတယ်။
အသွင်မတူတဲ့အစွန်းချင်းဆိုရင် ဆွဲအား၊
အသွင်တူအစွန်းဆိုရင် တွန်းအားဖြစ်သွားတယ်ပေါ့။

ကိုယ်ထိတွေ့ရမည့် အခြားတဖက်ကသံလိုက်ကို
တွန်အားနဲ့ဆက်ဆံထိတွေ့ချင်လည်းဖြစ်တယ်။
ဆွဲအားနဲ့ ဆက်ဆံထိတွေ့လို့လည်းရတယ်။

လူ့အသိုင်းအဝိုင်းမှာ
ကိုယ်နဲ့ သဘောထားချင်း တူသူတွေ
သဘောထားချင်းနှီးနှောလို့ အဆင်ပြေသူတွေလည်းရှိနေတယ်။
သဘောထားချင်း မတိုက်ဆိုင်ဘဲ အမြင်မတူသူတွေလည်း ရှိနေတယ်။

အသွင်မတူဘဲ သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ
နားလည်မှုချင်းလွဲသွားတဲ့အခါများမှာ
တွန်းအားတွေ ဖြစ်သွားပြီး
သူတစ်လူငါတမင်းနဲ့ စည်းလုံးညီညွတ်ခြင်းတွေ
ကွယ်ပျောက်ကုန်ကြတာတော့ သံလိုက်ကို အားနားစရာပါ။


သဘောထားအမြင်ခြင်း မတူပေမယ့်
နားလည်မှု သည်းခံခွင့်လွတ်မှုတွေနဲ့ ဆွဲအားဖြစ်နိုင်ပါတယ်၊
သက်မဲ့သံလိုက်က အသွင်းမတူပဲ စည်းလုံးပြနေတယ်လေ။

ဆွဲအားဖြစ်စေမည့် အပြုအမူမျိုး
အပြောအဆိုမျိုး စိတ်သဘောထားမျိုးနဲ့ ဆက်ဆံမလား ဖြစ်တယ်။

တွန်းအားဖြစ်စေမည့်
အပြုအမူမျိုး
အပြောအဆိုမျိုး စိတ်သဘောထားမျိုးနဲ့ ဆက်ဆံမလား ရတယ်။

အသွင်မတူပေမယ့် ကိုယ်ဆက်ဆံတဲ့
စည်းရုံးညီညွတ်မှု ဆွဲအား
စည်းလုံးပျက်ပြားမှု တွန်းအားအတိုင်း
ကိုယ့်ပတ်ဝန်းကျင်က
ပြန်လည်တုံ့ပြန်ကြပါလိမ့်မယ်ဆိုတာ
သံလိုက်က သက်သေပြနေပြီ။

ဒါကြောင့် အသွင်မတူပေမယ့်
မတူတဲ့အပြစ်တွေ ပြောပြီး တွန်းအားမလုပ်ဘဲ
သည်းခံမှု စာနာ နားလည်မှု ဆွဲအားဘက်ပြောင်းပြီး
စည်းလုံးညီညွတ်ကြမယ်လေ။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ