Friday, August 16, 2013

အမေ့အိပ်ရာက စာလေးတစ်စောင်

ကျွန်တော်သိတတ်စ အရွယ်တည်းက အဖေက မရှိတော့ပါဘူး အမေက မျက်စိတစ်ဖက် ပျက်စီးနေပါတယ် ။

ငယ်ငယ်က ကျောင်းကို အမေလာပြီး ကြိုရင် သူငယ်ချင်းက တစ်ဖက်လပ်ရဲ့သား/ငရန်မန်ကမ်းသား ဆိုပြီး ၀ိုင်းစကြတဲ့ အတွက် အရမ်းအရှက်ရခဲ့ပါတယ် ။

အဲဒါကြောင့် အမေကို နောက်ဆို ဘယ်တော့မှ ကျောင်းမှာလာမကြိုဖို ပြောမိပါတယ် ။

အမေကလည်း ကျွန်တော် အစခံရလို အရှက်ရနေမှန်းသိလိုထင်ပါတယ် အဲလိုပြောပြီးကတည်းက ကျောင်းကိုဘယ်တော့မှ လာမကြိုတော့ပါဘူး ။

အဲဒီလိုနဲ့ ကျောင်းတွေပြီး အလုပ်တွေရ မိန်းမလည်းရတော့ ကျွန်တော်လည်း အမေနဲ့ အိမ်ခွဲပြီး မိန်မနဲ့အတူတူလိုက်ပြီးနေပါတယ် ။

အမေကတော့ ရံဖန်ရံခါ အိမ်ကို အလည်လာတတ်ပါတယ် ။

ကလေးတွေရတော့ အမေက သူ့မြေးလေးတွေကို တွေ့ချင်လို ခဏခဏလာပါတယ် ။


ကလေးတွေကလည်း အမေက မျက်စိတစ်ဖက်လပ်နေတော့ ကြောက်နေတဲ့အတွက် အမေကို ခဏခဏ မလာဖို တားမိပြန်တယ် ။

အဲဒီတော့လည်း အမေက အိမ်ထဲတိ မလာတော့ပဲ တစ်ခါတစ်ခါ ခြံပေါက်ဝကနေ ကြည့်ပြီး ပြန်သွားလေ့ရှိပါတယ် ။

ကျွန်တော်ကတော့ အမေ့ကို ငွေးကြေးထောက်ပံ့မှုပေးပေမယ့် အမေ့အိမ်ကိုတော့ မရောက်ဖြစ်ပါဘူး ။

အဲလိုနဲ့ အမေဆုံးတော့ ကျွန်တော် အမေအိမ်ကို ရောက်ဖြစ်ပါတယ် ။

အဲဒီတော့မှ အမေ့အိပ်ရာ အောက်က စာလေးတစ်စောင်ကို ကျွန်တော်တွေလိုက်ပါတယ် ။

စာထဲမှာ ရေးထားတာတွေကတော့ ”ငါ့သား ဒီစာကိုဖတ်နေစဉ်မှာ အမေလူလောကထဲမှာ ရှိချင်မှ ရှိနေပါလိမ့်မယ် ငါ့သား ဒါပေမယ့် ငါ့သားငယ်ငယ်တုန်းက ဆော့ကစားရင် မျက်လုံးတစ်ဖက် ပျက်စီးသွားတဲ့အတွက် အမေ့မျက်လုံးတစ်လုံးကို ငါ့သားကို ပေးခဲ့တယ် ။
အမေသေသွားပေ့မယ် ငါ့သားကို အမေပေးထားတဲ့ မျက်လုံးနဲ့ လောကကြီးကို ရဲရဲဝံ့ဝံ့ကြည့်ပြီး ရင်ဆိုင်နေမယ်ဆိုတာ အမေသိနေတဲ့အတွက် အမေဂုဏ်ယူပါတယ် "

အဲဒီစာကိုဖတ်ပြီး ကျွန်တော် အရမ်းနောင်တ ရမိသွားတယ် ။ ဒါပေ့မယ့် ကျွန်တော် အမေကိုဘာမှ လုပ်မပေးနိုင်တော့ဘူး ။

အမေ ကောင်းရာသုဂတိလားပါစေလို ဆုတောင်းပေးနေပါတယ် ။

(ဘာသာပြန်)

စာပေရိပ်မွန် စာအုပ်စင် မှကူးယူဖော်ပြပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ