Friday, August 16, 2013
နန်းမတော် မမြကလေးအမြဲရွတ်ဆိုသည့် "မြကလေး ဂါထာ"
ဗုဒ္ဓေါ စ မင်္ဂလော လေကေ၊
သမ္ဗုဒ္ဓေါ စာပိ လောကဂ္ဂေါ။
ဗုဒ္ဓံ သရဏမာဂမ္မ၊
သဗ္ဗဒုက္ခာ ပမုစ္စရေ။
ဓမ္မော စ မင်္ဂလော လေကေ၊
ဂမ္ဘီရော စာပိ ဒုဒ္ဒသော။
ဓမ္မံ သရဏမာဂမ္မ၊
သဗ္ဗဒုက္ခာ ပမုစ္စရေ။
သံဃော စ မင်္ဂလော လောကေ၊
ဒက္ခိဏေယျော သဒါ ဟောတိ။
သံဃံသရဏ မာဂမ္မ၊
သဗ္ဗဒုက္ခာ ပမုစ္စရေ။
ယင်းဂါထာကို တက်သေးအင်းအနီရှိ "တက်သေး ကုသိနာရုံ" စေတီကို တည်ထားကိုးကွယ်ခဲ့သည့်
သာယာဝတီမင်း၏ မြောက်နန်းမိဖုရား စာဆိုတော် လှိုင်ထိပ်ခေါင်တင်၏ မိခင် နန်းမတော် မမြကလေး အမြဲရွတ်ဆိုသော မင်္ဂလာဂါထာဖြစ်သည်။
ဤမင်္ဂလာဂါထာကို စစ်ကိုင်းမြို့သူမြို့သားတို့က " မြကလေး ဂါထာ " ဟု ခေါ်ကြသည်။
စစ်ကိုင်းတောင် ပထမဂန္ဓာရုံဆရာဘုရားကြီး ရွတ်ပွားပူဇော်ကြောင်းလည်း သိရသည်။
လောကီဂါထာများ၌ " ပမောစေယျ ဂါထာ " ဟု အမည်ပေးထားသည်၊
ပမောစေယျ-ဆိုသည်မှာ " အခက်အခဲ အကျပ်အတည်း မှန်သမျှ လွတ်မြောက်ခြင်း " ဟု အဓိပ္ပာယ်ရသည်။
အထက်ပါဂါထာများ၏ အနက်အဓိပ္ပာယ်မှာအောက်ပါအတိုင်းဖြစ်သည်။-
၁။ လောကေ=လောကသုံးခွင် ဘုံအပြင်၌၊ ဗုဒ္ဓေါစ=မြတ်စွာဘုရား သည်သာလျှင်၊ မင်္ဂလော=လူ, နတ်, ဗြဟ်္မာ သတ္တ၀ါ အပေါင်းတို့တွင် အတုမရ အဖက်မရ လွန်မြတ်လှသော အနုတ်္တရမဟာ မင်္ဂလာကြီးအစစ် ဖြစ်တော်မူပေ၏။ သမ္ဗုဒ္ဓေါစာပိ=မြတ်စွာဘုရားသည်သာလျှင်၊ လောကဂ္ဂေါ=လောကသုံးရပ် ဘုံသုံးထပ်တွင် အမြတ်ဆုံး အထွတ်ဆုံးကြီးပါပေတည်း။ ဗုဒံ္ဓ သရဏံ=ဘုရားတည်းဟူသော ကိုးကွယ်ရာကို၊ အာဂမ္မ=ကိုးကွယ်သမှု အစွဲပြု၍၊ သတ္တာ=နတ်, လူ, ဗြဟ္မာ သတ္တ၀ါတို့ သည်၊ သဗ္ဗဒုက္ခာ-သဗ္ဗဒုက္ခေဟိ=ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ၊ ပမုစ္စရေ-ပမုစ္စန်္တိ=ကင်းလွတ်ကြရကုန်၏။
၂။ လောကေ=လောကသုံးခွင် ဘုံအပြင်၌၊ ဓမ္မောစ=မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်တရားတော်မြတ်သည်သာလျှင်၊ မင်္ဂလော=တရား အပေါင်းတို့တွင် အတုမရ အဖက်မရ လွန်မြတ်လှသော အနုတ္တရမဟာ မင်္ဂလာကြီးအစစ် ဖြစ်တော်မူပေ၏။ ဓမေ်္မာ=တရားတော်သည်ကား၊ ဂမ်္ဘီရော=အသိခက်ခဲ လွန်နက်နဲသည်၊ ဒုဒ္ဒသော=အသိဉဏ်ထဲ မြင်နိုင်ခဲ သည်၊ ဟောတိ=အမှန်စင်စစ် ဖြစ်ပါပေ၏။ ဓမ္မံ သရဏံ=တရားတည်း ဟူသော ကိုးကွယ်ရာကို၊ အာဂမ္မ=ကိုးကွယ်သမှု အစွဲပြု၍၊ သတ္တာ=နတ်, လူ, ဗြဟ္မာ သတ္တ၀ါတို့ သည်၊ သဗ္ဗဒုက္ခာ-သဗ္ဗဒုက္ခေဟိ=ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ၊ ပမုစ္စရေ-ပမုစ္စန်္တိ=ကင်းလွတ်ကြရကုန်၏။
၃။ လောကေ=လောကသုံးခွင် ဘုံအပြင်၌၊ သံဃောစ=မြတ်စွာ ဘုရား၏ တပည့်သား သံဃာတော်မြတ်သည်သာလျှင်၊ မင်္ဂလော= အပေါင်းအများ တပည့်သားအစုတွင် အတုမရ အဖက်မရ လွန်မြတ် လှသော အနုတ္တရမဟာ မင်္ဂလာကြီးအစစ် ဖြစ်တော်မူပေ၏။ သံဃော= သံဃာတော်သည်ကား၊ သဒါ=အခါခပ်သိမ်း၊ ဒက္ခိဏေယျော=နောက်နောက်ဘ၀ အကျိုးရဖို့ ပျိုးချတုံလတ် မြတ်သောအလှူဝတ္ထုကို ခံယူခြင်းငှာထိုက်တန်လှပေသည်၊ ဟောတိ=အမှန်စင်စစ်ဖြစ်ပါပေ၏။ သံဃံ သရဏံ=သံဃာတည်းဟူသော ကိုးကွယ်ရာကို၊ အာဂမ္မ=ကိုးကွယ်သမှု အစွဲပြု၍၊ သတ္တာ=နတ်, လူ, ဗြဟ္မာ သတ္တ၀ါတို့သည်၊ သဗ္ဗဒုက္ခာ-သဗ္ဗဒုက္ခေဟိ=ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ၊ ပမုစ္စရေ-ပမုစ္စန်္တိ=ကင်းလွတ်ကြရကုန်၏။
(ဆရာတော် ဦးဇောတိကာဘိဝံသ၊ တောင်ထီးလင်း) ရေးသားသည့် နန်မတော်မမြကလေး အမြဲရွတ်ဆိုသော မင်္ဂလာဂါထာနှင့် သစ္စာပြု ဇယမင်္ဂလာ(၁၀)ဂါထာ စာအုပ်မှ ဝေငှပါသည်။
လယ်တီစာပေအမြုတေတွင်လည်း ယင်းဂါထာကို လယ်တီစဉ်ဆက် ၀တ်ရွတ်စဉ်တွင် ထည့်သုံးခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။ အနက်အဓိပ္ပာယ်ကို ယင်းလယ်တီစာပေအမြုတေမှ ကူးယူဖော်ပြပါသည်။
Labels:
ဘာသာရေး
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ
