Wednesday, July 31, 2013

စေတနာသည် ကံ


" စေတနာသည် ကံ " ...

ကုသိုလ် စေတနာကြောင့် ဖြစ်တဲ့ ကောင်းတဲ့အလုပ် ... အပြော ... အကြံ ... အတွေးတွေကို ကုသိုလ်ကံ ...

အကုသိုလ် စေတနာကြောင့် ဖြစ်တဲ့ မကောင်းတဲ့အလုပ် ... အပြော ... အကြံ ...အတွေးတွေကို အကုသိုလ်ကံ ...

လို့ ခေါ်လိုက်တာပါပဲ .....

အမှန်တော့ မြတ်စွာဘုရားက ဒီအလုပ်တွေကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရင်း စေတနာကိုပဲ "ကံ"လို့ မိန့်တော်မှုပါတယ် ...

အပြစ်ကင်းတဲ့ စေတနာကောင်းနဲ့လုပ်ရင် ကုသိုလ်ကံ ...

အပြစ်မကင်းတဲ့ စေတနာဆိုးနဲ့လုပ်ရင် အကုသိုလ်ကံ ... ပေါ့


ဒီတော့ ..... ဒီကံကိုပြုလုပ်တဲ့ လက်သည် အတ္တအသက်ဝိညာဉ် Soul ဆိုတာ ရှိစရာ မလိုတော့ဘူးးး

ဘာကြောင့်လဲ ??? ဆိုတော့ .....

အလုပ်တိုင်း ကံတိုင်းဟာ သူအကြောင်းနဲ့သူ ဖြစ်လာတာချည်းမို့ပဲ ...

ပြီးတော့ .....

ဒီအလုပ် ဒီကံကြောင့် ဖြစ်ပေါ်တဲ့ အကျိုးကို ခံစားတဲ့အတ္တ(Soul)လဲ မရှိဘူးလို့ ဗုဒ္ဓ၀ါဒက ယူဆတယ် ...

ဒါဖြင့် ... ဘယ်သူက ခံစားသလဲဆိုရင် အဲဒီအလုပ် အဲဒီကံကို လုပ်ခိုက်မှာ ဖြစ်နေတဲ့ ရုပ်အစဉ် နာမ်အစဉ်နဲ့ တစဉ်းတည်း ဖြစ်ချည် ပျက်ချည်နဲ့ ဆက်လက်ဖြစ်နေတဲ့ နောက်နောက် ရုပ်နာမ် အစဉ် တစ်ခုခုမှာ အဲဒီ့အကျိုးက ဖြစ်ပေါ်တယ် ...

ဒါကိုပဲ ... လောကဝေါဟာရအားဖြင့် "ပြုလုပ်သူပဲ ခံစားရတယ်"လို့ ပြောဆို သုံးနှုန်းကြရတယ် ...။

(ချမ်းမြေ့ဆရာတော်ဘုရား)

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ