ဓမ္မစည်ကြီး ရိုက်တီးဆောက်ရွမ်းလိုက်တော့
စကြာဝဠာ ကမ္ဘာပါတုန်ဟီး
ကောင်းချီးပေးခဲ့တဲ့ ဝါဆိုလပြည့်
ဗုဒ္ဓပရမေ့ နုတ်တော်မှ
ကောဏ္ဍညကြီး သစ္စာကို ထိုးထွင်းပြီး
သိခြင်းကြီး သိပါပြီ ဟရို့..ဆိုပြီး
အညာသိ ဝတ ဘော ကောဏ္ဍညော
အညာသိ ဝတ ဘော ကောဏ္ဍညော ရယ်လို့
ဥဒါန်း ရင့်ကျူးသံတွေ
ဘဝဂ်ပါ ညံခဲ့တဲ့ ဝါဆိုလပြည့်နေ့
ဝါဆိုလပြည့် ဥဒါန်းသံကနေစီးဆင်း
ယခုအခါ ထိန်လင်းနေတဲ့ သာသနာ
ပြည်မြန်မာဟာ ဥဒါန်းသံ ညံနေတုန်းပေါ့၊
ဝါဆိုလပြည့်ကစခဲ့တဲ့ ဥဒါန်းရေးစီးကြောင်း
မထိန်းသိမ်းရင်လည်း ပျောက်မယ်
အထိန်းမတတ်ရင်လည်း ပျက်ပြယ်
အားလုံးမှာတော့ တာဝန်အပြည့်
အသံလွင့်လွန်းတော့လည်း ဆူညံ
ရင်ထဲမှာပဲ ပဲ့တင်ပြန်တော့ မပြန့်ပွား
ပါးနပ်တဲ့ဉာဏ်နှင့်ယှဉ်ပြီး ဥဒါန်းရေစီးကြောင်း
ကောင်းထက်ကောင်းဖို့ အားလုံးမှာတော့ တာဝန်အပြည့်။
((( တွေးမိသလို ရေးမိခြင်းသာ၊ အမှားပါရင် နားလည်ပေးစေချင်သည် သူငယ်ချင်းတို့ ..... ))))
စကြာဝဠာ ကမ္ဘာပါတုန်ဟီး
ကောင်းချီးပေးခဲ့တဲ့ ဝါဆိုလပြည့်
ဗုဒ္ဓပရမေ့ နုတ်တော်မှ
ကောဏ္ဍညကြီး သစ္စာကို ထိုးထွင်းပြီး
သိခြင်းကြီး သိပါပြီ ဟရို့..ဆိုပြီး
အညာသိ ဝတ ဘော ကောဏ္ဍညော
အညာသိ ဝတ ဘော ကောဏ္ဍညော ရယ်လို့
ဥဒါန်း ရင့်ကျူးသံတွေ
ဘဝဂ်ပါ ညံခဲ့တဲ့ ဝါဆိုလပြည့်နေ့
ဝါဆိုလပြည့် ဥဒါန်းသံကနေစီးဆင်း
ယခုအခါ ထိန်လင်းနေတဲ့ သာသနာ
ပြည်မြန်မာဟာ ဥဒါန်းသံ ညံနေတုန်းပေါ့၊
ဝါဆိုလပြည့်ကစခဲ့တဲ့ ဥဒါန်းရေးစီးကြောင်း
မထိန်းသိမ်းရင်လည်း ပျောက်မယ်
အထိန်းမတတ်ရင်လည်း ပျက်ပြယ်
အားလုံးမှာတော့ တာဝန်အပြည့်
အသံလွင့်လွန်းတော့လည်း ဆူညံ
ရင်ထဲမှာပဲ ပဲ့တင်ပြန်တော့ မပြန့်ပွား
ပါးနပ်တဲ့ဉာဏ်နှင့်ယှဉ်ပြီး ဥဒါန်းရေစီးကြောင်း
ကောင်းထက်ကောင်းဖို့ အားလုံးမှာတော့ တာဝန်အပြည့်။
((( တွေးမိသလို ရေးမိခြင်းသာ၊ အမှားပါရင် နားလည်ပေးစေချင်သည် သူငယ်ချင်းတို့ ..... ))))