Monday, May 20, 2013

"မှော်ဆရာ့ စက်ကွင်း"


♦ ငယ်ရွယ်နုရွ၊ ပျိုမျစ်လှ၍
မာနယစ်မူး၊ ရူးနေသူ။

♦ ပညာထွန်းတောက်၊ ပါရဂူမြောက်၍
မောက်မာ မာန၊ ကြွနေသူ။

♦ ဥစ္စာဓန၊ ပေါကြွယ်ဝ၍
အတ္တမာနကြီးနေသူ။

♦ များချွေရံရှိ၊ အာဏာပြည့်၍
အတိမာနရောက်နေသူ။

♦ အများနှင့်ဆန့်ကျင်၊ အဟုတ်ထင်၍
မှော်ဝင်မာန ပူးနေသူ။

အရာရာကျရူံ့း၊ ချစ်သူမုန်း၍
နုံးချည့်မာနစွဲနေသူ။
ပိုးဖလံအဖြစ် မီးဝယ်နစ်သို့
မုန်း ချစ် စွန်းတွက်၊ မာနတက်ဘိ
လက်ရှိအခြေ၊ အောင်မြင်နေလည်း
ရေပွက်ပမာ၊ ခဏသာ ။

ကံဟောင်းကူဖေး၊ အကျိုးပေးကြောင့်
လူရေးခွင်ဝယ်၊ လူတွင်ကျယ်လုပ်
မာန်စွယ်ထုတ်ပြ၊ သရုပ်လှလည်း
လင်းရလျှပ်စီး၊ တပြက်သာ။

သြော်… လူတွေလူတွေ
အပူတွေကြား၊ အယူမှားလျှက်
တရားဆိတ်သုဉ်း၊ အချိန်ဖြုန်းသော် . . .

လုံးရာမှပြား၊ ပြားရာမှအက်
အက်ရာမှကွဲ၊ ကွဲရာမှကြေ
ကြေရာမှမွ၊ မွရာမှလွင့်
လွင့်ရာမှပျောက်၊ နိဂုံးရောက်သော်
တောက်လောင်မစဲ၊ မီးကျင်းထဲမှ
လူးလဲမထသာ၊ နာကြီးနာသည်
မာနဒဏ်က စုန်းမှော်အသွင်
မသာတမျှ နံစွနှလုံးညှော်ဝင်
ထာဝရ၊ ဟန်မကျ
ပြုံးပျော်မရွှင်။

- (အောင်ပန်းဝေ-ရွှေဘို)

[မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏
"လူဖြစ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်" စာအုပ်မှ -]

(မာန ၏ အပြစ်များကို ထင်ရှားပေါ်လွင်အောင်
ထောက်ပြထားတဲ့ ကဗျာလေးပါ ။)
facebook မှ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ