မင်း ထမ်းတဲ့  သဲကြမ်း တစ်ခေါက်
ဘုရားတည်ဖို့ ရောက်ချင်ရောက်
ကျောင်းဆောက်ဖို့ ယူချင်ယူ
လူတကာနင်းဖို့  ခင်းချင် ခင်း
ဂူ သွင်းဖို့ သုံးချင်သုံး
မင့် အပြုံးနဲ့ မြင်ကြည့်လိုက်စမ်း။
မင်းထမ်းတဲ့  သဲကြမ်းတစ်ခေါက်
ဘုရားတည်ဖို့ ရောက်ချင်ရောက်
ကျောင်းဆောက်ဖို့ ယူချင်ယူ
လူတကာနင်းဖို့  ခင်းချင် ခင်း
ဂူ သွင်းဖို့ သုံးချင်သုံး
မင့် အပြုံးနဲ့ မြင်ကြည့်လိုက်စမ်း။
မင်းထမ်းတဲ့  သဲကြမ်းတစ်ခေါက်
ဘယ်လောက်အရာရောက်သလဲ။
တစ်ပေါက်တစ်ခါး အတွက် ရင်းနှီး
မင်းချွေး ဒီးဒီး ကျပေမဲ့ 
ရနေတဲ့ မင်း ကုသိုလ်တွေ
မင်းယူတတ်ရင်တော့ ရမှာပေါ့ .။
ခပ်ပျော့ ပျော့ အတွေးတွေကို ဖောက်ထုတ်
မင်းလုပ်နေတဲ့ အလုပ်ပေါ် စေတနာထား
တနေ့ တခြား တော့ ကြီးပွားလာမှာပါ။
ကြီးပွားမှုကိုပဲရှေးရှု .
စေတနာကို တော့ ဥပက္ခာ မပြုနဲ့ ပေါ့.ကွာ။
ခေါင်းမော့ ၊ ရင်ကော့ လို့ ကြိုးစား
တိုးပွားလာရင် ဘ၀မမေ့နဲ့ 
ခန တွေ့ ကြတာချင်းအတူတူ
သံသရာကို ယူသွားနိုင်ဖို့ အားထုတ်
ခုတော့ ...မင်းချွေး လေးတွေ သုတ်လိုက်ပါဦး .............။
..................................................................
ချစ်သော.....................သားယုန်။