ရသမြောက်ခံစံစားကြည့်ခြင်
တပည့်တော်တို့ လိုက်ပြီးတော့ ရှာဖတ်တဲ့အခါမှာ လောကနန္ဒာ စေတီနဲ့
စပ်ပြီးတော့ ဘာတွေသွားပြီး တွေ့ရတုန်းဆိုတော့ လောကနန္ဒာစေတီရဲ့ ခြေရင်း
ဆိပ်ကမ်းပေါ့။ လောကနန္ဒာဆိပ်ကမ်းလို့ ခေါ်တယ်။ ဒီဆိပ်ကမ်းကို ရောက်တဲ့အခါ၊
ကြည့်တဲ့အခါ ဆရာဇော်ဂျီရေးထားတာရှိတယ်။ သူဒီဆိပ်ကမ်း၊ ဒီစေတီကို
ရောက်တဲ့အခါတိုင်းမှာ ရှင်ဘုရင်နှစ်ပါးရဲ့ သာသနာတော်အတွက်၊ လူမျိုးအတွက်
မာန်မာနတွေ ခဝါချခဲ့တာကိုမြင်ပြီး လေးစားမိ၊ ကြည်ညိုမိပါတယ်တဲ့။ ဒီလို
ခံစားချက်လေးတွေ ထွက်လာတယ်။
အနောရထာမင်း မာန်ချရာဆိပ်ကမ်း
ပဌမအချက်က ဘာလဲဆိုတော့ ပြောပြမယ်။ လောကနန္ဒာဆိပ်ကမ်းက
အဲဒီခေတ်ထဲမှာ သီဟိုဠ်သွားတဲ့ သင်္ဘောဆိပ်ဖြစ်တယ်။ အညာသူ၊ အညာသားတွေ၊
အောက်သူ၊ အောက်သားတွေ ထန်းလျက်တို့၊ ပဲတို့ လဲလှယ်ရောင်းဝယ်ရာ
ဖြစ်တယ်။ အဲဒီခေတ်က အင်မတန်စည်ကားတဲ့ ဆိပ်ကမ်းပဲ။
အနော်ရထာမင်းဟာ စွယ်တော်မြတ်ကို သီဟိုဠ်ကနေ ပင့်တဲ့အခါမှာ
ဆင်စီးပြီးတော့ အဲဒီဆိပ်ကမ်းက ဆင်းကြိုတယ်။ ဆင်းကြိုတဲ့အခါ သူက
ဆင်ပေါ်ကနေပြီးတော့ ပင့်တယ်။ စွယ်တော်ပင့်တဲ့ ပုဂ္ဂိုလ်တွေက မသင့်တော်ဘူးလို့
လျှောက်တယ်။ ဒီတော့ ရေထဲမှာ လည်ပင်းလောက်ထိ ဆင်းပြီးတော့ စွယ်တော်ကို
ကြိုဆိုပင့်ဆောင်ခဲ့တယ်။
အဲဒီတော့ ဆရာဇော်ဂျီက လောကနန္ဒာစေတီရောက်လို့
လောကနန္ဒာဆိပ်ကမ်းရောက်တဲ့အခ
အနော်ရထာမင်းဟာ ဘုရား၊ တရား၊သံဃာနဲ့ စပ်လာပြီဆိုရင် သူ့ရဲ့ မာန်မာနတွေ
ခဝါချပြီးတော့ စွယ်တော်ကို ရေထဲမှာ ရေလည်ပင်းထိတဲ့အထိဆင်းပြီး ကြိုဆို
ပင့်ဆောင်တယ်။ ညွတ်ညွတ်ပြောင်းပြောင်း၊ မြတ်မြတ်နိုးနိုး ပူဇော်ပြီးတော့
စွယ်တော်မြတ်ကို ပင့်ခဲ့တယ်။ ဆရာဇော်ဂျီရဲ့ စိတ်ထဲမှာ ဒီလိုအာရုံ ထင်လာတယ်။
လောကမှာ မူလက မာနတွေ ဘယ်လောက်ပဲကြီးနေပေမယ့် ဘုရား၊ တရား၊
သံဃာနဲ့တွေ့ရင် ပါရမီရှင်ပုဂ္ဂိုလ်တွေဟာ မာန်မာနတွေ ခဝါချကြတယ်။ ဒီလို
မြင်လာတယ်။ ပါရမီရှင်မဟုတ်လည်း မာန်မာန ချသင့်တယ်။ လောကနန္ဒာ ဆိပ်ကမ်း
မြင်ကွင်းကိုတွေ့တိုင်း အနော်ရထာမင်းနဲ့ စွယ်တော်မြတ်စေတီကို မှန်းပြီးတော့
ကြည်ညိုအားကျစိတ်တွေ ဖြစ်တဲ့အကြောင်း ရေးထားတယ်ပေါ့။
နရပတိစိစည်သ်သူမူမင်းးလည်
နောက်မင်းတစ်ပါးက ဘယ်သူလဲဆိုတော့ .... နရပတိစည်သူမင်း။
နရပတိ စည်သူမင်းရဲ့ မာန်မာနတွေလည်း ဒီလောကနန္ဒာ ဆိပ်ကမ်းမှာ
ခဝါချထားခဲ့တယ် ဆိုတာ တွေးပြီးစိတ်ထဲမှာ ကြည်ညိုမြတ်နိုးမိတယ်ဆိုတဲ့
အကြောင်း ရေးထားတာ။ ဆရာဇော်ဂျီကတော့ အပြည့်အစုံရေးမထားဘူး။
စာအုပ်တွေ ၂ အုပ်၊ ၃ အုပ် လောက် စုကြည့်လိုက်လို့ရှိရင် အပြည့်အစုံ
သိခွင့်ရတယ်။
နရပတိစည်သူမင်းဟာ စွယ်တော်လေးဆူထဲက တုရင်တောင်
စေတီကို ဖူးပြီးတော့ ပြန်လာတဲ့အခါမှာ ချောက်ကမ်းပါးကြီးတစ်ခု တွေ့ရတယ်။
စူဠာမဏိစေတီရှိတဲ့နေရာဟာ မူလက ချောက်ကမ်းပါးကြီး။ ချောက်ကမ်းပါး
ကြီးထဲမှာ ပတ္တမြားတစ်လုံး အရောင်တောက်နေတာမြင်တော့ အဲဒီနေရာမှာ စေတီ
တည်ချင်စိတ်ပေါက်တယ်။
ချောက်ကမ်းပါးကြီးနေရာမှာ စေတီတည်ချင်တော့
တိုင်းသူပြည်သူသားတွေကို လုပ်အားပေးဆင့်ခေါ်တော့တာပဲ။
နေရာတွေကတော့ ချောက်ကမ်းပါးဟုတ်ချင်မှ ဟုတ်မှာပါ။ ဒီပတ္တမြားကို
အကြောင်းပြုပြီးတော့ စေတီတည်ချင်တာနဲ့ လုပ်အားပေးခိုင်းတာ။
ကရုဏာရှင် ပံသုကုကူမထေရ်
အဲဒီခေတ်က ပံသုကူမထေရ်ဟာ ပြည်သူပြည်သားတွေ လုပ်အားပေးရတဲ့
အတွက် စီးပွားရေးတွေ၊လူမှုရေးတွေ နစ်နာတယ်ဆိုတဲ့အကြောင်းပြော
ပံသုကူမထေရ်က ဒီလိုပြောပြ တရားဟောတဲ့အခါ နရပတိစည်သူမင်းကလည်း
တန်ခိုးကြီးမားတဲ့မင်းဆိုတေ
မင်းကလည်း နားမထောင်ဘဲနဲ့ ဆက်လက်ပြီးတော့ လုပ်အားပေးခိုင်းတယ်။
ပံသုကူမထေရ်ကက ဆန္ဒပြတဲ့အနေနဲ့ နန်းတော်ကို ဆွမ်းခံမကြွတော့ဘူး။ ဆွမ်းခံ
မကြွတော့ ရှင်ဘုရင်က ဘာပြောသလဲဆိုတော့ ... “ငါ့ဆွမ်း မစားချင်ရင်တော့
ငါ့နိုင်ငံမှာမနေမှဖြစ်မှာ။
အဲဒီလို သွားပြီးပြောမိတယ်။
အာဇာနည်စိတ်ဓာတ်
ပံသုကူမထေရ်ကလည်း ဘာမှ မပြောတော့ဘူး။ သပိတ်လွယ်ပြီးတော့
လောကနန္ဒာဆိပ်ကမ်းကို ဆင်းတော့တာပဲ။ သီဟိုဠ်ကြွမယ်ဆိုပြီး
သင်္ဘောစောင့်တယ်။ သင်္ဘောစောင့်တဲ့အချိန်မှာ ဒီသတင်း
နရပတိစည်သူမင်းကြားတော့ တုန်လှုပ် သွားတယ်။ တန်ခိုးကြီးတဲ့
မင်းလည်းဖြစ်တယ်။ စိတ်ထားကလည်း ကောင်းတယ်။
မာန်မာနခက်ထန်တဲ့အတွက် ပြောမိပေမယ့် ပညာရှင်တစ်ယောက် ဆုံးရှုံးတော့မယ် ဆိုတော့
သူ့စိတ်ထဲမှာ တုန်လှုပ်သွားတယ်။ မင်းချင်းယောကျာ်းကို လိုက်ပြီးတော့
တောင်းပန်ခိုင်း၊ ပင့်ခိုင်းလိုက်တယ်။ ပံသုကူမထေရ်ကလည်း ပြန်ကြွလာတယ်။
နရပတိစည်သူမင်းကြီးဟာ အမှားတွေကိုမြင်ပြီး ဝန်ချတောင်းပန်ခဲ့တယ်။
နှလုံးသားမှာ သူတော်ကောင်းဓာတ်တွေ လွှမ်းသွားတယ်။ ဒါလေးကို ရေးထားတာ
တွေ့ရတယ်။
ခေတ်မီခဲ့တဲ့ပုဂံ
ဒီနေရာမှာ ကောက်ချက်ချပြီး သင်ခန်းစာလေးတွေ ယူကြည့်ရအောင်။
ပံသုကူမထေရ်က ဒီလိုမင်းမျိုးရဲ့ နိုင်ငံမှာ မနေဘူးဆိုပြီးတော့ ဆင်းသွားတဲ့အခါ
သီဟိုဠ်သွားဖို့ သင်္ဘောစောင့်တာ လောကနန္ဒာဆိပ်ကမ်းပဲ။ အဲဒီတော့ လောကနန္ဒာ
ဆိပ်ကမ်းဟာ နိုင်ငံခြားသားတွေနဲ့ အဆက်အသွယ်ရှိတယ်။ ရှေးခေတ်ပုဂံဟာ
ခေတ်မီတဲ့ သဘောကိုလည်း ပြတယ်။ အချိန်မရွေး သီဟိုဠ်သင်္ဘောတွေ ဝင်ထွက်
နေတယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ရောက်တယ်။ ယခုခေတ် ရန်ကုန် သင်္ဘော ဆိပ်ကမ်း
လိုပဲ နိုင်ငံခြားသင်္ဘောတွေ အဝင်အထွက်ရှိတဲ့ ဆိပ်ကမ်းလို့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး
မြင်လို့ရတယ်။
မြင့်မြတ်သောစိတ်ဓာတ်ပိုင်ရ
နောက်သင်ခန်းစာတစ်ခုက ဘာလဲ။ ပံသုကူမထေရ်ဟာ “ငါဒီလို
ပြောလိုက်ရင် ဘုရင်ကတော့ စိတ်ဆိုးတော့မှာပဲ။ ငါ့ကို လှူနေကျ ဆွမ်းအုပ်တွေ
ပို့မှာမဟုတ်တော့ဘူး” လို့ စိတ်မထားဘူး။ ပြည်သူပြည်သားတွေ ဆင်းရဲနေတာကို
ဆင်းရဲနေတဲ့အကြောင်း၊ မသင့်တော်တာကို မသင့်တော်တဲ့အကြောင်း ရဲရဲဝံ့ဝံ့
သွားပြီးပြောတယ်။ ဒါကြောင့် ပံသုကူမထေရ်ရဲ့ စိတ်ဓာတ်ဟာ သိပ်ပြီးတော့
ကြည်ညိုစရာကောင်းတယ်။ အားကျအတုယူစရာ ကောင်းတယ်။
♣♣ မြစကြာဆရာတော်၏ ညဥ့်ဦးယံသြဝါဒမှ..