ဤဆိုဒ်သို့ လာရောက်လေ့လာသူများ ကိုစိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ
ရနံ့စံအိမ်
မူလစာမျက်နှာ
အဘိဓမ္မာကဏ္ဍ
ဆောင်းပါး
နည်းပညာ
ပုံပြင်များ
ဖတ်မိတာလေးများ
ဘာသာရေး
အမေးအဖြေများ
အဆိုအမိန့်
ယဉ်ကျေးမှုသံစဉ်
လွမ်းစရာ့သံစဉ်များ
ကဗျာ
နံနက်ခင်းသြဝါဒ
ဘာသာသွေး
တရားနာယူရန်
တစ်ဘဝသံသရာ
ဗုဒ္ဓဘာသာလက်စွဲ
ကိုယ်ကျင့်အဘိဓမ္မာ
အနာဂတ်သာသနာရေး
လူအထက်တန်းတက်ရာလမ်း
နီတိရနံ့
စာပေရနံ့
သာသနာရေးရာ
Tuesday, April 30, 2013
ဒါန ဘာခက်သလဲကွဲ့ (ဘုန်းတော်ကြီး ဦးသီလ)
အလှူဒါနပြုလိုသူများအတွက် လှူစရာတွေက ပေါလှဘိသည်။
၁၂၆၇-ခုနှစ်၊ ပြာသိုလတွင် ရဟန္တာဟု ကျော်ကြားသော ဘုန်းတော်ကြီး ဦးသီလသည် ရွှေကျင်မြို့၌ သိမ်သမုတ် ကြွတော်မူ၏။
ထိုစဉ် တောင်ပေါ်မှ ကရင်ကြီး ငါးယောက် ကန်တော့ပွဲ ကိုယ်စီနှင့် လာရောက်ဖူးမြော်ကြသည်။
ဘုန်းတော်ကြီး။ ။ မင်းတို့တောင်ပေါ်မှာ ချမ်းသာတဲ့လူ ပေါကြရဲ့လား။
ဒကာများ။ ။ မပေါပါ အရှင်ဘုရား။ ဆင်းရဲတဲ့လူတွေပဲ များပါတယ်။
ဘုန်းတော်ကြီး။ ။ ရေမိုးကော ပြည့်စုံကြရဲ့လားကွဲ့။
ဒကာများ။ ။ ပြည့်စုံပါတယ်ဘုရား၊ ရေလဲ အင်မတန်ကောင်းပါတယ်။
ဘုန်းတော်ကြီး။ ။ အိမ်း..ဒါဖြင့် နေရာကျသားပဲ၊ မင်းတို့ဆင်းရဲတဲ့ ကရင်ဒကာတွေ ပိုက်ဆံမကုန်ဘဲနဲ့ ကုသိုလ်ရအောင် ဘုရားကို နေ့တိုင်းရေတစ်ခွက် တစ်ခွက်လှူကြ ကြားလား။
ဒကများ။ ။ မှန်ပါ့ အရှင်ဘုရား။
ဘုန်းတော်ကြီး။ ။ ဒါန ဘာခက်သလဲကွယ့်။ ပန်းမပွင်တဲ့အခါမျိုး သစ်ခက်သစ်ညွန့်ကလေးတွေ ချိုးပြီးလှူ၊ ဖယောင်းတိုင် မ၀ယ်နိုင်တဲ့အခါ ကောက်ရိုးတွေစည်းပြီး ဘုရားကို မီးပူဇော်ကြ။ ကဲ...ကဲ ငါးပါးသီလ ယူပြီး ပြန်ကြ။
မကြားစဖူး တရားထူးကို ကြားနာရသဖြင့် ဒကာများ ၀မ်းသာမဆုံး ရှိကြလေ၏။ တန်ခိုးအဘိညာဉ်ဖြင့် လက်တွေ့ သိမြင်တော်မူကြသော သူတော်ကောင်းကြီးများက လူတိုင်း ချမ်းသာစေလိုသော စေတနာဖြင့် မလုပ်တတ်စရာလည်း မရှိရအောင် ညွှန်ပြတော်မူခြင်း ဖြစ်သည်။
မြတ်စွာဘုရားရှင်၏ သာသနာတော်သည် အလွန် ပွင့်လင်း၏။ လိုက်နာကျင့်သုံးရမည့် လမ်းစဉ်ကလည်း လွယ်ကူ လွန်းလှသည်။
တစ်နည်းအားဖြင့် ရိုးရိုးရှင်းရှင်းကလေးပင်တည်း။
အရိုးခံကြီးပင်တည်း။ တကယ်ယုံကြည်၍ အဟုတ်လုပ်နိုင်မှုသာ အရေးကြီး၏။
ခြံစည်းရိုးတွင် အလေ့ကျ ပေါက်နေသော ပန်းတစ်ပွင့်ဖြင့်လည်း နိဗ္ဗာန်ရောက်စေနိုင်၍ နတ်ပြည်လောက်ကိုမူ အသာကလေးပင်တည်း။ (လိပ်ဆူးရွှေပန်း နတ်သမီး စသည်ကို ထောက်ပါ။)
(ရတနာသုံးပါးကျေးဇူး၊ ဓမ္မစရိယဦးဌေးလှိုင်) မှ
Newer Post
Older Post
Home
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ