Friday, April 12, 2013

သူများတန်ဖိုးထားတာ, မထားတာ အရေးအကြီးဘူး



" ကိုယ့်စိတ်ကို သိသွားတဲ့သူဟာ တည်ငြိမ်ရင့်ကျက်
ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ အသိဉာဏ်ကို ရရှိသွားတဲ့ အတွက်
သူတစ်ပါး ကိုယ့်ကိုအထင်ကြီးသလား ၊ သေးသလားဆိုတာ
အချိန်ကုန်ခံပြီးတွေးမနေဘူး။

ကိုယ်လုပ်စရာရှိတာကို ကိုယ့်ဟာကိုယ်ကြိုးစားပြီးတော့
တန်ဖိုးထားပြီးတော့ လုပ်သွားတယ်။ လုပ်သွားရတာကိုပဲ
ကိုယ့်ဟာကိုယ် ကျေနပ်ပြီးနေတာပဲ။

သူများတန်ဖိုးထားတာ, မထားတာ အရေးအကြီးဘူး။
ကိုယ်တန်ဖိုးထားဖို့ပဲ အရေးကြီးတယ်။ သူတစ်ပါးက
မြှောက်ပင့်ပေးလို့၊ အထင်ကြီးလို့ ကျေနပ်နေတဲ့ ကျေနပ်မှုမျိုး
မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် လုပ်နေတာကိုပဲ ကျေနပ်ပြီး
နေတာပဲ။ "

- ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ )
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ