Thursday, January 10, 2013

အားငယ်နေရန်မလို


မိမိတို့အနေဖြင့် မည်သည့်အခြေအနေဆိုးများ၌ ကြုံရသည်ဖြစ်စေ
အားငယ်နေရန်မရှိ။ အသုံးချတတ်ရန်သာ အရေးကြီး၏။

မိမိတို့ တွေ့ကြုံရသမျှသည် ထာဝရဘုရား၏ ဖန်ဆင်းချက်မဟုတ်၊
မိမိ၏ ဖန်ဆင်းချက်သာဖြစ်၏။
အကယ်၍ မှားယွင်းစွာ ဖန်ဆင်မိခဲ့ခြင်းကြောင့်
ဒုက္ခအမျိုးမျိုးနှင့် တွေ့ကြုံရလျှင်လည်း အားငယ်ရန်မလို။
ယင်းဒုက္ခကို မှန်ကန်စွာ အသုံးချတတ်ရန်သာလို၏။

အမှန်အားဖြင့် မကျော်လွှားနိုင်သော အခက်အခဲဟူသည် မရှိ။
အချိန်ကြာလျှင်သာ ကြာမည်၊ ကျော်လွှားနိုင်သည်တော့ အမှန်။

သတိပဋ္ဌာန်ဒေသနာတော်အရ အကုသိုလ်ကိုလည်း
သင်္ခါရအဖြစ် ဖြစ်ပျက်ရှုရန် အသုံးချ၍ရ၏။

ထို့ကြောင့် ဘယ်သူမပြု မိမိမှု ဟူသော ကမ္မနိယာမအရ
ရရှိလာသော မိမိတို့၏ လက်ရှိအခြေအနေကို
ကောင်းသည် ဖြစ်စေ၊ ဆိုသည်ဖြစ်စေ
အကောင်းဘက်သို့ ရောက်အောင် အသုံးချနိုင်ဘို့ လိုပါ၏။ (ဆရာကြီး ဦးရွှေအောင်၏ ဓမ္မပဒမှ)

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ