Tuesday, January 1, 2013

ဗုဒ္ဓနှင့် မွတ်သိပ်သူ။


တစ်ရံရောခါ မြတ်ဗုဒ္ဓလျှင်
အာဠ၀ီပြည် လှမ်းကြွချီစဉ်
လမ်းတွင်ပုဏ္ဏား ဆင်းရဲသားသည်
အစားအစာ မရှိပါ၍
ဆာလောင်ခမျာ မွတ်သိပ်ပါသော်
ဗုဒ္ဓါချက်ချင်း သပိတ်တွင်းမှ
ထမင်းကိုပေး သူကျွေးမွေး၏
ကျွေး၍ပြီးမှ တရားပြ
ပုဏ္ဏားရွှင်ပျ အလင်းရ။

သည်အခါတွင် -
ရှင်ရဟန်းမှ အချို့ကလျှင်
ဗုဒ္ဓရှင်ကို ကဲ့ရဲ့ဆို၏
"ဘယ်လိုဗုဒ္ဓါ ပြုကျင့်ပါလိမ့်
အစာကိုကျွေး တရားပေးသတဲ့"


ထိုအခါသော် -
ရှင်တော်ဗုဒ္ဓ ရှင်းလင်းပြ၏
"အစာငတ်သူ မွတ်သိပ်သူကို
ဘယ်သူဟောပြော ဘာတွေဟောလည်း
ဟော်သော်မပြီး အချည်းနှီးတည်း။
ဝမ်းမီးငြိမ်းကာ ၀မ်းဝပါမှ
သင်ငါဟောပြ နားဝင်ကြတည့်။
လောကလူသား လူအများတို့
ခံစားရောဂါ အဖြာဖြာတွင်
အစာငတ်ရှာ မွတ်သိပ်နာကား
ရောဂါသည်းဆုံး အပြင်းဆုံး"ဟု
ဆုံးမပြောမှ နားလည်ကြ
ဗုဒ္ဓ ဗုဒ္ဓ - လက်တွေ့ကျ။

( ဆရာကြီးမင်းယုဝေ )
( ဓမ္မပဒ၊ သုခ၀ဂ် )

မူရင်း 3 Treasures: Buddha, Dhamma & Sangha မှကူးယူသည်
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ