ဒန့်သလွန်ပင်သည် ဟင်းသီးဟင်းရွက်ပင်အဖြစ် မြန်မာနိုင်ငံ နေရာအနှံ့ အပြားတွင် ပေါက်ရောက်သည်။ ပင်လတ်မျိုးဖြစ်ပြီး အမြင့် ၂၅ ပေအထိ မြင့်သည်။ အခေါက်ထူ၍ချောပြီး အဖြူစက်ကလေးများရှိသည်။ အတွင်းသား ဖြူသည်။ ဒန့်သလွန်သီးသည် ရှည်လျား၍ အစိမ်းရင့်ရောင်ရှိပြီး အက်ကွဲ သီးဖြစ်သည်။ အမြှောင်း ပါသည်။ အသီးအတွင်းတွင် အစေ့များတန်းစီလျက် ငါးစေ့၊ ခြောက်စေ့ခန့်ပါဝင်သည်။ အတွင်းသားထူ သည်။ အစေ့၌ အတောင် ပ
ါသည်။ ကဆုန်၊ နယုန်လ များတွင်သီးသည်။
မြန်မာ့ဆေးကျမ်းများအလိုအရ ဒန့်သလွန်သည် အနည်းငယ်ချို၏။ ဖန်သော အရသာရှိ၏။ ထက်မြက် ၏။ ကြေလွယ်၏။ နှုတ်ကိုမြိန်စေ၏။ ဝမ်းမီးကို တောက် စေ၏။ လေ၊ သလိပ်၊ သည်းခြေကိုနိုင်၏။ အပူနာ၊ အဖျဉ်း၊ ဂူလုံး၊ အကြောအခြင်ရောင်ရမ်းနာတို့ကို နိုင် ၏။ မျက်စိကိုအကျိုးပြု၏။
ဒန့်သလွန် ရွက်ကို ကြက်သွန်ဖြူ၊ ပတဲကောမြစ်၊ မိဿလင်တို့နှင့် ဟင်းခါး ချက်သောက်သော် ရာသီထိမ် ခြင်းပျောက်၏။ ဒန့်သလွန်ရွက်ကို သုံးခွက် တစ်ခွက် တင်ဟင်းချိုအဖြစ်ပြုတ်သောက် သော် သွေးတိုးကျ၏။
ဒန့်သလွန် မြစ်ကိုထုထောင်းကြိတ်ချေ၍အရ ည်ကို
ညှစ်ကာ စားပွဲဇွန်းနှင့် တစ်ဇွန်းခန့် သောက်ပါက အသံ ဝင်၊ အသံကပ်၊
လည်ချောင်းနာပျောက်၏။ ဒန့်သလွန် မြစ်နှင့် မုန်ညှင်းစေ့မျှတပေါင်းစပ်၍
ရောကြိတ်ပြီး ရေ တွင် နှစ်နာရီ ကျော်မျှစိမ်ကာ တစ်ခါသောက်စားပွဲဇွန်း
တစ်ဇွန်း တစ်နေ့သုံးကြိမ် သောက်ပါက အစာမကြေ ဝမ်းဖောဝမ်းရောင်ပျောက်ကင်း ၏။ ဒန့်သလွန် မြစ်ကို သုံးခွက်တစ်ခွက်တင်ကျို၍ စားပွဲဇွန်းတစ်ဇွန်းမှန်မှန် သောက်သော် ဝမ်းတွင်းသက်တန့်ပျောက်၏။
မြန်မာ့ဆေးကျမ်းများအလိုအရ ဒန့်သလွန်သည် အနည်းငယ်ချို၏။ ဖန်သော အရသာရှိ၏။ ထက်မြက် ၏။ ကြေလွယ်၏။ နှုတ်ကိုမြိန်စေ၏။ ဝမ်းမီးကို တောက် စေ၏။ လေ၊ သလိပ်၊ သည်းခြေကိုနိုင်၏။ အပူနာ၊ အဖျဉ်း၊ ဂူလုံး၊ အကြောအခြင်ရောင်ရမ်းနာတို့က
ဒန့်သလွန် ရွက်ကို ကြက်သွန်ဖြူ၊ ပတဲကောမြစ်၊ မိဿလင်တို့နှင့် ဟင်းခါး ချက်သောက်သော် ရာသီထိမ် ခြင်းပျောက်၏။ ဒန့်သလွန်ရွက်ကို သုံးခွက် တစ်ခွက် တင်ဟင်းချိုအဖြစ်ပြုတ်သောက်
ဒန့်သလွန် မြစ်ကိုထုထောင်းကြိတ်ချေ၍အရ
ပန်းနာရင်ကျပ် ရောဂါအတွက် ဒန့်သလွန်မြစ်ကို ကြိတ်၍ရသောအရည်ကို
ချင်းရည်နှင့် ရောသောက် ရာ၏။ ဒန့်သလွန်မြစ်မှုန့်နှင့်
ပရန္နဝါမြစ်မှုန့်ဆတူကို အုန်းနို့၊ ပျားရည်တို့နှင့်ရောစပ်ချက် ပြီး
နံနက်ညတစ်ဇွန်း စီသောက်သော် အားအင်ပြည့်ဖြိုး ခွန်အားတိုး၍ အသက်ရှည်၏။
အမြစ်ကိုကြိတ်၍ စည်းပေး သော် ရောင်တင်းခြင်းပျောက်၏။ အမြစ်ကြိတ်ညှစ်ရည်ကို
နို့နှင့်ရောသောက် သော် ဆီးချိုရောဂါပျောက်၏။
ဒန့်သလွန်သီးကို ဟင်းချက်ကျွေးက ကလေးများ သန်ကောင်၊ တုတ်ကောင် ကင်းရှင်းစေ၏။ အသီးကို အမှုန့်ပြုသကြားနှင့်ရောသောက်ပါက
ဆီးများခြင်း ပျောက်၏။ ဒန့်သလွန်စေ့သည် အဆိပ်သင့်ခြင်းနှင့်
ခေါင်းကိုက်ရောဂါ ဖြစ်ခြင်းကို ပျောက်ကင်းစေတတ် ၏။ အစေ့ကိုအမှုန့်ပြု၍
နား၌ထည့်ပေး သော် နား ကိုက်ခြင်း၊ နားပြည်ယိုခြင်းများပျောက်က င်း၏။ အစေ့ ဆီကို အနာပေါက်နှင့် ယားနာအမျိုးမျိုးတို့၌သုံး၏ ။ ဒန့်သလွန်ပွင့်ကို ဖောရောင် ခြင်း၊ အဖျဉ်းကြီးခြင်း၊ အကြောရောဂါ၊ သက်တန့်ရောဂါ၊ သလိပ်ရောဂါနှင့် လေဖောက်ပြန်သောရောဂါများအတွ က်
ဆေးဖော်စပ် သုံးရ၏။ လတ်ဆတ် သော အခေါက်အရည်ကို နား၌ ထည့်ပေးသော်
နားနာကျင်ကိုက်ခဲခြင်း၊ နားပြည်ယို ခြင်းများကို ပျောက်ကင်း စေတတ်သည်။ ။
Royal Hero Media
ဒန့်သလွန်သီးကို ဟင်းချက်ကျွေးက ကလေးများ သန်ကောင်၊ တုတ်ကောင် ကင်းရှင်းစေ၏။ အသီးကို အမှုန့်ပြုသကြားနှင့်ရောသောက
Royal Hero Media