Thursday, December 13, 2012

ဘာသာသွေး အပိုင်း (၂၇) (သာသနာ့အန္တရာယ်ပြခန်း) {မဟာဂန္ဓာရုံဆရာတော်}


၈။ သာသနာ့အန္တရာယ်ပြခန်း

ကျောင်းသား မရှိပြစ်

ကျေးရွာ ဘုန်းတော်ကြီးကျောင်းများ၌ကျောင်းသား မရှိခြင်းသည် သာသနာတော်အတွက် သာမန်အန္တရာယ် မဟုတ်ပါ၊ သစ်ပင်ကြိး၌ ရေ သောက်မြစ် ပြတ်နေသည့်ပမာ ကြိးစွာသော ဓမ္မန္တရာယ် ဖြစ်ကြောင်းကို အများပင် စဉ်းစားပြီး ဖြစ်ပါလိမ့်မည်၊

မိမိတို့၏ လက်ရှိ သာသနာ့ ဝန်ဆောင်များသည် ငယ်စဉ်က စ၍ ပိဋကပညာ အလိမ္မာတို့ကို အခြေ ခံရသောကြောင့် တစ်စ တစ်စကြိးပွားလျက် သာသနာ့တာဝန်ကို ဆောင် နိုင်ကြသည် မဟုတ်ပါလော၊ ဘုန်းကြိးကျောင်းသားမရှိလျှင် ရှင်သာမ ဏေလည်း ကြာရှည်စွာ ဖြစ်မည့်သူ မရှိနိုင်၊ သာမဏေမှ တက်၍ အ ဆက်ဆက် တာဝန်ဆောင်မည့် ရဟန်းတော်များလည်း မရှိနိုင်ပါ။

ထို့ပြင် ဘုန်းတော်ကြိးများ၏ သွန်သင် ပြသမှုကို မခံခဲ့ကြရသော တိုင်းသူပြည်သားလည်း ဘုန်းတော်ကြိးများကို မိရိုးဖလာကိုးကွယ်မှု         လောက်သာ ရှိတော့မည်ဖြစ်၍ “သာသနာစစ်စစ်ကို ထောက်ပံ့မည်သူများ”ဟု ကိုးစားလောက်သူများ မဖြစ်နိုင်တော့ပါ၊

သစ်ပင်ကြိးမှာ ရေသောက်မြစ် ပြတ်နေသည့်အပြင် ပတ်ဝန်းကျင် အမြစ်ကလေးများမှာလည်း အအေးဓာတ် မရတော့သကဲ့သို့ အခြေခံကျောင်းသားမရှိသည့် ပြင် ထောက်ပံ့ချင်သူလည်း တစ်စ တစ်စ နည်းပါးရာမှလုံးဝမရှိသော အဖြစ်သို့ ရောက်ရတော့မည် ဖြစ်၍ ဗုဒ္ဓမြတ်စွာ သာသနာသစ်ပင်ကြီးသည် မကြာမီပင် ခြောက်သွေ့ယိုင်လဲ၍ မခိုင်မြဲသော ဘဝသို့ ရောက်ရ ပါတော့မည်။
                                                                            
အန္တရာယ်ကိုဘယ်လို တားမလဲ

ဘုန်းကြိးတို့၏ ရှင်တော်ဘုရားသည် ပဋိစ္စသမုပ္ပာဒ်ဒေသနာမှစ၍ အကြောင်းရှိမှ အကျိုးဖြစ်ပုံကို ဟောပြတော်မူလေ့ ရှိ၏၊ “အကြောင်း မရှိဘဲ အကျိုးဖြစ်သည်”ဟု တစ်ခုတစ်လေမှ ဟောတော်မမူပါ၊ သာသနာတော်၏ ဆုတ်ယုတ်ရာမှ ကွယ်ပမည့် အချက်၌လည်း ပြခဲ့သော အကြောင်း အကြောင်းတွေ ထင်ရှားနေပြီ မဟုတ်ပါလော၊

မကောင်း သောအကြောင်းကြောင့် အကောင်းသောအကျိုးကို တွေ့ရလျှင် မကောင်းသော အကြောင်းနေရာဝယ် ကောင်းသောအကြောင်းကို လဲလှယ်နိုင်ပါမူ ဧကန်မုချ ကောင်းကျိုးရဦးမည်ကိုလည်း သိနိုင်ပါသည်၊

ယခုအခါ ဘုန်းတော်ကြိးကျောင်းများ၌  ကျောင်းသားမရှိမှုသည် အရေးအကြိးဆုံအကြောင်းဟု ကောင်းကောင်း သဘောပေါက်သော မိမိ တို့သည် ကျောင်းသားရှိလာအောင် ဘယ်လိုပြုပြင်ကြမည်နည်း၊ ခေတ် ဟောင်းတုန်းက ပထမပြန်စုံစမ်းရေးကော်မတီ ပေါ်လာသောအခါ ထို ကော်မတီတွင် ပါဝင်သော ကျေးဇူးရှင် အဘယာရာမဆရာတော်ဘုရားသည် မူလတန်း ဂဏန်းသင်္ချာနှင့် အခြေခံပါဠိမျှကို ပထမငယ်တန်းမ ဝင်မီတစ်ဆင့်ထားဖို့ အကြံပေးခဲ့ဖူးကြောင်းကို ပြခဲ့ပါပြီ။

သူနာကြိုက်ဓာတ်စာ

ယခုအခါ သာသနာတော်ကို ပြုပြင်လိုသောပုဂ္ဂိုလ်များ အတော် ကလေး လှုပ်လှုပ်ရွရွ ဖြစ်လာကြပါပြီ၊ လှုပ်လှုပ်ရွရွ ဖြစ်လာရခြင်းမှာလည်း “ဤအတိုင်း သွားလျှင် မြန်မာနိုင်ငံသာသနာသည် သိပ်မကြာတော့”ဟု အမြင်ပေါက်သူတွေ များလာသောကြောင့် ဖြစ်ပါသည်၊

 မြန်မာနိုင်ငံသာသနာသည် တစ်နည်းအားဖြင့် ဆေးမှားမခံသောသူနာနှင့် တူပါသည်၊ ဘာဆေးမျှ မကျွေးဘဲ လက်ရှိဓာတ်စာများနှင့်ထားလျှင်   ဤသူနာသည် သူ့အလိုလို တဖြည်းဖြည်း သွားရရှာပါလိမ့်မည်၊ ခေတ် ပေါ်ဆေးများကို တိုက်ကျွေးပြုစုပါလျှင်ကား အနာနှင့်ဆေး သင့်အောင် ပေးဖို့ အရေးကြိးပါသည်၊ ဆေးတစ်ချက် မှားလျှင် ဖြတ်ကနဲ သွားပါလိမ့်မည်၊

ဤဥပမာဖြင့် ဘာကို ဆိုလိုပါသလဲဟုမေးလျှင်..လက်ရှိ စာသင် စာချ စာမေးပွဲ ကျင်းပ၍ ဘုရားပွဲကျောင်းပွဲ ကထန်ပွဲ ရှင်ပြုပွဲ စသော ပကာသနဒါနမှုနှင့် အပျော်အပါးဒါနမှုတို့သည် သူနာကြိုက် ဓာတ်စာများနှင့်တူ၏၊ ဘာကြောင့်နည်း?၊ မျော်လင့်ချက်မရှိသော လူ မမာကို “စားချင်တာ စားပါစေတော့”ဟု ဆေးကုဆရာက ပြောသဖြင့် ဆွေမျိုးများက စားချင်တာ ပေးနေသည်နှင့် တူသောကြောင့်တည်း၊             ဤနည်းကို “ဖြေဖြေသွားမည့် သူနာကြိုက်ဓာတ်စာပေးနည်း” ဟု ဆို လိုပါသည်။
                  
ကြိုတင်၍စဉ်းစားဖွယ်

တဖန် “အင်္ဂလိပ်စာ, ဂဏန်းသင်္ချာတို့ကို ဆရာလုပ်ဖို့ သင်ပေး၍ ကျေးရွာ ကျောင်းများ၌ ကျောင်းသားတွေ ပြန်လည်၍ လာစေမည်ဟု ရည်ရွယ်သော်လည်း တကယ်တတ်လာသောအခါ လူထွက်သူကထွက်, ကျောင်းလခယူ၍ စာပြသူက ပြ, ဤသို့လုပ်နေကြလျှင်ကား ဆေးမှား သောသူနာလို မကြာခင် သာသနာကွယ် သွားပါလိမ့်မည်၊

ဤအချက်သည် အမှန်ကြိုတင်၍ တွက်ရမည့်အချက် ဖြစ်ပါသည်၊ ဘာ့ကြောင့်   နည်း?-အဏုမြူဓာတ်ကို တွေ့ရှိအောင် ကြိုးစားသော လောကဓာတ် ဆရာတို့သည် သူတို့၏အဏုမြူကို လူသားများအကျိုးရှိသောနေရာတွင် သုံးစေလိုသော်လည်း အုပ်ချုပ်သူတို့က လူသားတွေ အစုလိုက် အပြုံလိုက် သေမည့် ကိစ္စ၌ပင် အသုံးချနေသကဲ့သို့ မျှော်လင့်ချက်က တခြား, လက်တွေ့က တခြားဖြစ်နေတတ် သောကြောင့် ဘာသန္တရအတွက် သာသနာကွယ်လွယ်မည့် အချက်ကိုလည်း ကြိုတင်၍ တွက်ရပါလိမ့်မည်။
                  
ဘာသန္တရ သင်နေကြပြီ

ယခုအချိန်အခါ၌ အတော်များများ ပုဂ္ဂိုလ်တို့ အင်္ဂလိက်စာကို သင် ယူနေကြ ပါပြီ၊ ထိုပုဂ္ဂိုလ်များတွင် စာချတန်းအောင်ပြီးသော ပုဂ္ဂိုလ် အများအပြား ပါဝင်၏၊ ထိုပုဂ္ဂိုလ်တို့၏ ရည်ရွယ်ချက်မှာ မူလကကောင်း သောရည်ရွယ်ချက်ပင် ဖြစ်ပါလိမ့်မည်၊

သို့သော် အတော်ကြာကြာ သင် မိသောအခါ စိတ်ကူးတစ်မျိုး အမြင်တစ်မျိုး ပြောင်းလွဲသွားကြဟန်တူ၏၊ ထို့ကြောင့် တချို့အထံမှ တစ်ဆင့်ကြားရသော စကားတို့၌ ဗုဒ္ဓမြတ် စွာ၏တရားတော်နှင့် ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတဉာဏ်တော်ကို မယုံကြည် သံ ပါလာ၏၊

တချို့ကား ထိုအမြင်ပြောင်းမှုကြောင်းလည်းကောင်း, အမြင်မပြောင်းသော် လည်း အကြောင်းအမျိုးမျိုးကြောင့်လည်းကောင်း လူ့ဘောင်သို့ ပြောင်း၏၊ ထိုသို့ အဖြစ်များနေပုံကို မြင်ရကြားရသော  ဒကာ ဒကာမတို့သည် အင်္ဂလိပ်, ဟိန္ဒူ, သက္ကတဟူသောဘာသန္တရ (ဘာသာအမျိုးမျိုး) သင်ယူခြင်းကို အားမပေးဝံ့ကြပေ။

မဟာဂန္ဓာရုံဆရာတော်၏ ဘာသာသွေးစာအုပ်မှ.....ဆက်လက်ဖော်ပြပါမည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ