Saturday, December 29, 2012

“ သူတော်ကောင်းတို့ရဲ့ စိတ်နေသဘောထား ”


“ သူတော်ကောင်းတွေဟာ-
- ပစ္စည်းဥစ္စာလည်း ကုန်ချင် ကုန်ပါစေ၊
- ကိုယ်အင်္ဂါတွေလည်း ပျက်စီးချင် ပျက်စီးပါစေ၊
- အသက်ပါ သေချင်သေပါစေ။
တရားကိုတော့ အပျက်မခံဘူး။
ကိုယ်ကျင့်တရားကိုတော့ စွန့်လွှတ်မှာ
မဟုတ်ဘူး။ ”

- သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားနဲ့
ကျန်တဲ့သူတွေရဲ့ စိတ်နေသဘောထားက အများကြီး
ကွာတယ်။ များသောအားဖြင့် လူတွေက ငါ့ထိ မခံဘူး။
ငါ့ပိုက်ဆံထိ မခံဘူး။ ငါ့သားသမီးထိ မခံဘူးဆိုတဲ့ သူက
များတယ်လေ။ ကိုယ်ကျင့်တရားထိရင် မခံဘူးဆိုတဲ့သူက
အင်မတန်ရှားတယ်။ တရားဓမ္မနဲ့ ပတ်သက်လာလို့ရှိရင်
ကိုယ်ကျင့်တရားကို လွယ်လွယ်ကူကူ စွန့်လွှတ်ကြတယ်။


- သူတော်ကောင်းတွေကျတော့ အဲဒီလိုမဟုတ်ဘူး။
ကိုယ်ကျင့်တရားကို တန်ဖိုးထားပြီး အသက်ထက် မြတ်နိုး
တယ်။ ထိန်းသိမ်းစောင့်ရှောက်တယ်။ အဲဒါ သူတော်ကောင်း
တွေရဲ့စိတ်ဓာတ်၊ သူတော်ကောင်းတွေရဲ့ အတွေးနဲ့
ကျန်တဲ့သူတွေရဲ့အတွေးဟာ အများကြီးကွာတယ်။ ”

- ( ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ )
Young Buddhist's Association က ကူးယူဖော်ပြဝေငှလိုက်ပါတယ်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ