Sunday, October 7, 2012

ကိုယ့်ကိုယ်ချစ်ရင် စောင့်ရှောက်ပါ


ကိုယ့်ကိုယ်ချစ်ပြီးတော့ အရမ်းမဲ့ ချစ်နေရုံနဲ့ မပြီးဘူး၊
ကိုယ့်ကိုယ် ကိုချစ်လို့ရှိလျှင် ကျန်းမာ ပညာ စီးပွား ကြိုးစား၊
ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုလျှင် စောင့်ရှောက်နေ၊ ကိုယ့်ကိုယ်ကိ

ုမပျက်စီးစေနဲ့၊
ကလေးလေး ကျောင်းသားအရွယ် ဒီတရားနားလည်လို့ရှိလျှင်
ကြိုးစားပြီးတော့ ပညာသင်၊
တော်တော်ကြာတော့ မင်း ပညာမတတ်လို့ရှိလျှင် အောင်တန်းကျသွား လိမ့်မယ်၊
ဟော ကိုယ့်ကိုယ်ချစ်လျှင်ကြိုးစားပြီးတော့သင်ပါ၊

အရွယ်လေး တော်တော်ရောက်လာလို့ စီးပွားရှာရမယ့်အချိန်ကျလို့ရှိလျှင်
ကိုယ့်ကိုယ်ကို အချစ်ဆုံး၊ စီးပွားကို ကြိုးစားရှာမှ၊
စီးပွားမရှိလို့ရှိလျှင် လူရာမဝင်ပေဘူး၊
တော်တော်လေးကြာတော့ အိမ်ထောင်ရက်သားကျလို့
အိမ်နဲ့ယာနဲ့ နေလို့ရှိလျှင်လဲ အောက်ကျမယ်၊
မင်းချစ်တဲ့ အိမ်သူ ကလဲ အောက်ကျမယ်၊
မင်းတို့ရဲ့ အဆက်အပွားဖြစ်တဲ့ သားသမီး တွေလဲ အောက်ကျနောက်ကျဖြစ်ကုန်မယ်၊

ဒီတော့ မင်းလေးမတော် မတရားမနေလိုက်ပါနဲ့၊
မင်းကိုယ်မင်း ကျန်းမာရေး ဂရုစိုက်ပါ၊
ပေါင်း သင်းဆက်ဆံရေး မိတ်ဆွေကောင်းတွေ တွေ့အောင်ရှာလိုက်ပါ။


ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုလို့ရှိလျှင်
စီးပွားရှာတော့ မတရားမရှာလိုက်နဲ့ ဘာဖြစ်လို့လဲ၊
ကြည့်လေ တစ်အိမ်လုံးစားနေတဲ့ အစားတွေကိုမင်းက
မတရားရှာပြီးတော့ကျွေးလျှင် နောက်တစ်ဘဝ
မကောင်းကျိုးခံစားရတဲ့ အခါကျတော့
ဒီထဲက တစ်ယောက်မှ ပါမှာမဟုတ်ဘူး၊ မင်းခံရလိမ့်မယ်၊

အိမ်သူဖြစ်တဲ့သူကလည်း "အင်းကိုယ့်ကိုယ်ကို ညည်းနော် ကိုယ့် ကိုယ်ကိုသတိထားနော်၊ စီးပွားမတရားမရှာလိုက်နဲ့၊ ညည်းကိုညည်း ကျန်းမာရေး ဂရုစိုက်၊
ညည်းကတပင်တပန်းနဲ့ တကယ်ပဲ ဖတ်ဖတ်မော အောင်
စီးပွားတွေရှာပြီးတော့ ညည်းကပိန်ခြောက်ပြီးတော့
ညည်းဟာ လူရာမဝင်ဘူးဆိုလို့ရှိယင် ညည်းလူက ညည်းကိုအထင်သေးမှာ၊
ဒီတော့ ညည်းကိုညည်းလေ သတိထားလိုက်စမ်း၊
ကျန်းမာရေးကို သတိထားလိုက်စမ်း၊
ဒီဘဝအတွက် စီးပွားရေးကို မကုန်တန်မကုန်ရအောင်
သတိထားလိုက်စမ်းပါ၊

ဒီဘဝအတွက်ရှာဖွေတဲ့အခါမျာ အကုသိုလ်ပါပြီးတော့ မရှာလိုက်စမ်းပါနဲ့။
ကိုယ့်ကိုယ်ကို ကျန်းကျန်းမာမာ ချမ်းချမ်းသာဖြစ်အောင်နေပြီး တော့
တရားသဖြင့် စီးပွားရှာစမ်းပါ၊
ကိုယ့်ကိုယ်ကို မတရားစီးပွားရှာလို့ ရှိယင် ကိုယ်နစ်နာလိမ့်မယ်၊
အဲဒီလို စိတ်ထဲမှာ စွဲပြီးတော့ ငါ့ကိုယ်ငါ ကောင်းအောင်နေမယ်၊
ငါကိုယ်ငါသူတော်ကောင်းဖြစ်အောင်နေမယ်၊
ငါ့ကိုယ်ငါ ကျန်းမာအောင်နေမယ်၊

ငါ့အိမ်သူအိမ်သားတွေရဲ့ ဝတ္တရား ငါစောင့်ရှောက်ပေးမယ်၊
ဝတ်ကျေအောင်ငါကောင်းကောင်းစောင့်ရှောက်ပေးမယ်၊
ဝတ္တုကျေအောင် ငါ ကောင်ကောင်းစောင့်ရှောက်ပေးမယ်၊
ထင်ရှားတဲ့ အမျိုးသမီးကောင်းတယောက်ဖြစ်အောင် ငါကြိုးစားမယ်၊

ထင်ရှားတဲ့ အိမ်ထောင်သည်တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်၊
ဟောသလို ဘက်ကကြိုးစားပါ၊
မတရားစီးပွားရှာပြီးတော့ မတရားလုပ်ကိုင်ကျွေးမယ် ဆိုတဲ့ စိတ်ကိုတော့
နည်းနည်းကလေးမှ မထားလိုက်ကြနဲ့။

(မဟာဂန္ဓာရုံဆရာတော်၏ ကိုယ့်ကိုယ်ကိုချစ်လျင် ကိုယ်ပြုပြင် တရားတော်မှ)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ