Thursday, October 11, 2012

ဝိပဿနာ အားထုတ်ရခြင်း အကြောင်း (အရှင်သေဋ္ဌိလ)


မြန်မာနိုင်ငံတွင် ဈာန် အကြောင်းထက် ဝိပဿနာ အကြောင်းသာ အများဆုံးပြောကြပါတယ်၊ သမထ သို့မဟုတ် ဈာန်အကြောင်းကို သိပ်မပြောကြပါ၊ဘာကြောင့်လဲဆိုတော့
မြန်မာလူမျိုးများက ဈာန်ဆိုတာ. နိဗ္ဗာန် သို့ဆိုက်ရောက်စေမယ့်. အဆင့်မဟုတ်ဘဲ ဒုတိယ အဆင့်သာ ဖြစ်တယ်လို့ အထင်ရှိကြလို့ပါဘဲ။
ဒါက ပထမ အကြောင်းရင်းပါ။

 နောက် အကြောင်းကတော့ ဝိပဿနာ ပွားများခြင်းဟာ နိဗ္ဗာန်သို့ဆိုက်ရောက်ရာ. ဖြတ်လမ်း ဖြစ်တယ်လို့ အထင်ရှိကြပါတယ်။
တစ်ချို့ကြတော့ ရက် အနည်းငယ် ကျင့်ကြံ ပွားများရုံနဲ့ နိဗ္ဗာန်သို့ဆိုက်ရောက်နိုင်တယ် လို့ အထင်ရှိကြပါတယ်။
 

သုံးရက်တရားစခန်းများ ခုနစ်ရက်တရားစခန်းများ ရှိကြပါတယ်၊. ဈာန်ရတယ်ဆိုလို့ရှိရင် ရေပေါ် လမ်းလျှောက်ပြခြင်း ၊စတဲ့ တန်ခိုး ဣဒ္ဓိပါဒ်. များကို အထင်အရှားပြဖို့လိုအပ်လာပါတယ်။. သို့ပေမဲ့ နိဗ္ဗာန်ကို ဆိုက်ရောက်တဲ့. သောတာပန် တစ်ယောက်အတွက်ကတော့ ဒါတွေကို အထင်အရှားပြဖို့မလိုတော့ပါဘူး၊
 

ဒါတွေကို ကျော်လွန်ပြီး ထူးကဲတဲ့ ငြိမ်းချမ်းမှူကို ရရှိအောင်နိုင်သွားခြင်းဖြစ်ပါတယ်။ ဒါဟာ ဝိပဿနာကိုစိတ်ဝင်စားစေတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။(အရှင်သေဌိလ)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ