Friday, September 28, 2012

စိန်ခြူးကြာညောင်ဘောလယ် (လှိုင်ထိပ်ခေါင်တင်)


♣ စိန်ခြူးကြာညောင်၊ လရောင်လင်းပါလို့ 

မှန်ရွှေပြူ ပြတင်းငယ်က မယ်ခုမျှော်

သုံးချက်စည်တော် ရိုက်ဆော်ညှင်းတယ်လေး

လင်းပြန်လုနော်။


♣ သဇင်းသင်းပါတဲ့၊ ခင်းပြန့် ပေါ်

လာနိုးငယ် မယ်မျှော်လို့ ၊ တကိုယ်တော်ထူး

ထွေရာစိတ်ကူးပါလို့ ၊ ဖူးရွှေလက်တင်

ဖြစ်ရှေးကုန်စင်၊ ဘ၀င်တုန်ဆွေးတယ်လေး

တွေးကြံလိုက်ရင်။


♣ သစ္စာတော်စူးပါစေ့၊ ဆိုဦးကပင်

ခင်လေးကို မောင်ကြင်ငဲ့၊ သည်သက်တွင်ဘဲ

နောင်သွေ မလွှဲပါဘူ့  ယုံတော့မေ။

ပြဒုမဘွေ သိဟာတင့်တယ်လေး

စိုးညာမြင့်နေ။ ။


♣ နတ်ဒေ၀ီဖြားသော်လဲ၊ တပါးမသွေ

ရှစ်ဗြဟ္မာချွေပါလို့ ၊ အောင်ဇေယျာညွှန်း

မတ်ခြွေရွှေဝန်းငယ်နှင့်၊ ရေသွန်းတော်ခံ၊

မဟေသီမှန်၊ ဒေ၀ီတပ်တယ်လေး

ဦးဆယ်ထပ်ရံ။ ။


♣ သည်မေထင်စားပါလို့၊ ကြင်အားငယ်သန်၊

ခုများမှာသူတဉာဏ်နှင့်၊ မူတဟန်ခြား၊

ပြုတော်မူအားရန်တော့၊ မျက်ထားတော်သုန်၊

မချစ်ပြင်ပြင်၊ မကြင်ကိုယ်တော် စိမ်းတယ်လေး၊

ပိန်းပိတ်လို့ မှုန်။ ။

(လှိုင်ထိပ်ခေါင်တင်)

ပန်းချီ--- Mann Zar Hein
ဒီနေရာလေးကနေ ကူးယူတင်ပြလိုက်တာပါ။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ