Friday, September 21, 2012

♣♣ မြှုံးမိတဲ့ငါး ♣♣

အနိစ္စ အနိစ္စရယ်နဲ့၊ ဘိဇ္ဇနကိုဖြင့် တဆိတ်ကမှ မမြင်လို။

ဒုက္ခ ဒုက္ခနဲ့၊ နှုတ်ကသာ ဆိုလို့ ညည်းပေမယ့်၊ လူစည်းစိမ်ရတနာ ရွှေငွေနဲ့၊

ဘမရာ ဗွေသဟာတွေး တွေးလိုက်တော့ အေးတော့မလို။

အနတ္တ အနတ္တရယ်နဲ့၊ ပါးစပ်က ဆိုသာဆို၊ ကိုယ့်ကိုယ်နဲ့ပါတကား၊
ထင်ချက်ကယ်ကွာ၊ ယာဉ်စက်စုံ ဒေသနာနဲ့၊ တင်လက္ခဏာ ဘယ်လိုသုံးပေမယ့်
(မင်းတို့မှာကွာ) မြှုံးမိတဲ့ငါး…။ (ကြောင်ပန်းဆရာတော်)

ဆိုလိုချက်။ ။ အနိစ္စ အနိစ္စ..လို့ (ပုတီးစိတ်) ဆိုနေကြပေမယ့် ပျက်စီးသွားတာ ပြိုက်ကွဲသွားတာ၊ သေကွဲ ရှက်ကွဲစတာတွေကို တစ်စက်မှ မမြင်လိုကြ။

ဒုက္ခ ဒုက္ခနဲ့ ပါးစပ်က ဆိုနေကြပေမယ့်၊ လူစည်းစိမ် ရွှေငွေတိုက်တာ အခြွေရံအသင်းပင်း တွေနဲ့ နေရာတော့ အေးသလိုလို။

အနတ္တ အနတ္တလို့ ညည်းတွားတတ်ကြပေမယ့် ငါကိုယ် ငါ့ဟာ ငါ့သား ငါ့သမီးတွေ ငါ့စည်းစိမ် ငါတိုက်တာ ငါမှငါနဲ့ပါလား၊

ဆိုတာတခြား သိတားတခြားမို့ လက္ခဏာရေးသုံးပါး ဘယ်လိုတင်တင် ကိုယ့်အသိကမှ လက္ခဏာ မ၀င်ရင်တော့ သံသရာမြုံးထဲမှာ မိနေတဲ့ ငါးတွေလိုပဲတဲ့။


ဒီကဗျာလေး ဖတ်မိတော့ ဆရာတော်ကြီး မရှိလို့တော်တော့တယ်၊ ရှိများရှိခဲ့ရင် မြှုံးမိတဲ့ ငါးနဲ့နှိုင်းရုံမက ကရုဏာအားကြီးပြီး ထများရိုက်လေမလား မသိတော့ လို့ တွေးလိုက်မိသေးတယ်....:)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ