Monday, August 6, 2012

“ကျောင်းသင်္ခမ်းနဲ့  မြန်မာပြည်”

အမှားလုပ်လဲ ငုတ်တုတ်ခံ
အမှန်လုပ်လဲ မတုံ့ ပြန်
ရှေးရှေးဘ၀က ကုသိုလ်ကံ
ကံပေးသမျှ ရောင့်ရဲ ကြ
ဒါမှ မြန်မာ ပီသတဲ့ဗျ ။

ဗုဒ္စဘာသာ တို့ တိုင်းပြည်
လောကီရေးကို မတွေးပြီ
တမလွန်သို့  စိတ်ကရည်
နိဗ္ဗန်ရွှေပြည် ပန်းတိုင်သို့ 
ကိုယ်ပိုင် ဥစ္စာ စွန့် လွှတ်လို့ 
အလှူရေစက် ချကြစို့ ။

ငါတို့ နိုင်ငံ ထွန်းကားရန်
စိတ်အား မထက်သန်
အကြံဥာဏ် တွေ ထုတ်မသုံး
သိပ္မံ နည်းတွေ မုန်း ။

တဟုန်းဟုန်း နဲ့  တိုးတက်ရန်
ဟောသည် ကမ္ဘာမြေ
မြန်မာတွေ နေရစ်တော့
ကျောင်းသင်္ခမ်း မှာ စံလေရော့ ။ ။

ဆရာ တင်မိုး
၂၃ ၊ ဇွန် ၊ ၁၉၉၉
ဗုဒ္ဒဟူး နံနက်ခင်း


ဒီနေရာမှာ တွေ့လို့ ဝေငှလိုက်တာပါ။

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ