ဘိက္ခုမဟုတ်ပါဘူး၊ ဘိက္ခုနီမပါ။ နာမည်ကြီး သာဝတ္ထိမြို့သူပေါ့။ လူ့ဘ၀က အင်မတန်ဆင်းရဲပါတယ်။ သူအရွယ်ရောက်လို့ မိဘများက ၀ါးထီးလုပ်ကိုင်ပြီး အသက်မွေးသူအမျိုးသားတစ်ယောက
်နှင့် လက်ထပ်ပေးလိုက်ကြပါတယ်။ အဲဒီအမျိုးသားနဲ့ သားတစ်ယောက်ထွန်းကားခဲ့တယ်။ နာမည်က သုမင်္ဂလ…တဲ့။ (ဒယ်အိုးဆရာတော်နဲ့ အမည်တူပေါ့။)
အဲ..သားကလေးရဲ့ သုမင်္ဂလဆိုတဲ့နာမည်နဲ့ ဆက်နွယ်လို့ သူ့အမေကိုလည်း သုမင်္ဂလမာတာ လို့ အများတကာက ခေါ်ဝေါ်ကြလေသတဲ့။
သားကလေး သုမင်္ဂလ ကတော့ အရွယ်ရောက်လို့ သာသနာ့ဘောင်မှာ ရဟန်းပြုပြီး ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်သွားပ
ါတယ်။ ဒီတော့ မိခင်ဖြစ်တဲ့ သုမင်္ဂလမာတာကလည်း သားကလည်းသာသနာ့ဘောင်မှာ အိမ်ကလင်ကလည်း အသုံးမကျ ဆင်းရဲ့သားဘ၀နဲ့ သူခမျာ ကိုယ့်ဝမ်းစာကိုယ် လက်ထောင်းဆုံးကလေးနဲ့ ထောင်းဖွပ်ပြီး စားရရှာသတဲ့။
သူ့လင်ကတော့ ဆင်းရဲတာကို မရှက်တတ်ဘူး။ ၀ါးတွေကိုရှာဖွေစုဆောင်းပြီ
း နေ့စဉ်နေ့တိုင်း ၀ါးထီးလုပ်ပြီး အသက်မွေးရတာကလည်း ပင်ပန်းလှပေါ့။ လင်တော်မောင် နေ့စဉ်နေ့တိုင်း ခွဲစိတ်နေတဲ့ ၀ါးလုံးခွဲသံတွေကလည်း စိုးစိုးစိစိနဲ့ ငြိးငွေ့စရာ။ နေ့စဉ်ချက်နေကျ ထမင်းအိုးလေးကိုလည်း အသစ်မလဲနိုင်လို့ ရေမြွေစော်တောင်နံနေသတဲ့။
ဒီလိုဆင်းရဲဒုက္ခတွေကို နေ့စဉ်ခံစားရတဲ့ သုမင်္ဂလမာတာဟာ ရှေ့ဆက်သည်းခံနိုင်ဖို့ အင်အားတွေလျော့နည်းလာတယ်။ ပါရမီကနိုးဆော်လို့ ထင်ပါရဲ့ နောက်ဆုံးတော့ လင်ကို ခွင့်တောင်းပြီး သားရဟန်းရှိတဲ့ သာသနာ့ဘောင်ကို ၀င်ရောက်ခိုလှုံလိုက်ပါတော့တ
ယ်။
ဘိက္ခုနီအဖြစ်ကို ရရှိပြီးတဲ့ သုမင်္ဂလမာတာဟာ ဘ၀မမေ့ပါဘူး။ သူလူ့ဘ၀တုန်းက ဆင်းရဲပင်ပန်းခဲ့တာတွေကို သံဝေဂအဖြစ်ခုတုံးလုပ်ပြီး ၀ိပဿနာလက်နက်တွေနဲ့ သူ့ဘ၀ကို ထုဆစ်ပြီး အလှအပဆုံးဘ၀ အချမ်းသာဆုံးဘ၀ဖြစ်အာင် ပုံဖော်ကြိုးစားပါတယ်။ နောက်ဆုံးတော့ သူလိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိပါတော့တယ်။ သံဝေဂကိုအရင်းခံပြီး ၀ိပဿနာတရား ပွားများအားထုတ်လိုက်တာ မကြာခင် ပဋိသမ္ဘိဒါပတ္တရဟန္တာမ ဖြစ်တော်မူသွားပါတယ်။
ရဟန္တာဖြစ်ပေမယ့် ဘ၀ကို မေ့မသွား။ ဟိုယခင်က မိမိပင်ပန်းဆင်းရဲခဲ့ရပုံနှ
င့် အခုလက်ရှိချမ်းသာနေပုံတို့က
ို နှိုင်းယှဉ်ပြီး ၀မ်းပမ်းတသာနဲ့ ဥဒါန်းများတောင်ကျူးရင့်ခဲ့
(၁) ငါသည် ကျည်ပွေ့ဖြင့် ဆန်ဖွပ်ရသော ဘ၀မှ ကောင်းကောင်းကြီး လွတ်ခဲ့ပေပြီ၊ ကောင်းကောင်းကြီး လွတ်ခဲ့ပေပြီ၊ ငါ၏ လင်သည် အရှက်တရားနည်းပါးသဖြင့် ငါ့ မနှစ်သက်ပေ၊ နေ့စဉ်နေ့တိုင်း ထီးလုပ်နေရခြင်းကိုလည်း ငါ မနှစ်သက်ပေ။ ငါ၏ ထမင်းအိုးသည်လည်း ရေမြွေစော် နံလှ၏။
(၂) ငါသည် ရာဂနှင့် ဒေါသတို့ကိုလည်း နားငြီးစရာ စိုးစိုးစိစိ ၀ါးခွဲသံကဲ့သို့ ပယ်ဖျောက်လိုက်၏။ ထိုသို့ ပယ်ဖျောက်နိုင်ခဲ့သော ငါသည် ယခုအခါ သစ်ပင်ရင်းသို့ ချဉ်းကပ်၍ ချမ်းသာလေစွဟု ဆင်ခြင်ကာ ဖလသမာပတ်ဝင်စားနေပေ၏..။ တဲ့
အရှင်မရဲ့ ဥဒါန်းကျူးရင့်သံကို နားထဲမှာ ခံစားကြည့်လိုက်စမ်းပါ။ နက်နဲ့တဲ့ အဓိပ္ပာယ်တွေ ပါဝင်နေသလို မိမိတို့အတွက် တစ်စုံတစ်ခုကို ညွှန်ပြနေသလို ခံစားမိပါတယ်။
မိမိတို့ ဆန်ဖွပ်ခဲ့ရတဲ့ ဘ၀ပေါင်း ဘယ်လောက်များခဲ့ပြီလဲ။ နောက်ကော ဘယ်လောက်များ ဒီလို ဘ၀မျိုးတွေ လျှောက်လှမ်းရဦးမှာလဲ။ အရှင်မလို ဆင်းရဲတဲ့ ဘ၀အမောတွေ ငြိမ်းငွေ့စိတ်ပျက်စရာ ဘ၀တွေ၊ စိတ်ပျက်စရာ အသိုင်းအ၀ိုင်းတွေနဲ့ ဘယ်လောက်ကြုံခဲ့ရပြီလဲ။ ဘယ်လောက်ကြုံရဦးမှာလဲ။ ခုကော…..
အရှင်မရဲ့ ဥဒါန်းနောက်တစ်ပုဒ်ဟာ အဖြေလို့ထင်ပါတယ်။ ရာဂနှင့် ဒေါသဆိုတဲ့ ကျေနပ်မှုနှင့် မကျေနပ်မှုတွေကိုသာ ပယ်ဖျောက်လိုက်ပါ။ ချမ်းသာအစစ်တွေ့မယ်လို့ ညွှန်ပြနေသလို ခံစားမိတယ်။ ဟုတ်တယ်..ဘ၀မှာ ကျေနပ်မှုနှင့် မကျေနပ်မှုဟာ လူတွေကို တော်တော်ဒုက္ခပေးတယ်။
တဏှာမူလက သုတ်မှာ ကျေနပ်တတ်တဲ့တဏှာကိုအရင်းခံ
ပြီး နောက်ဆုံး ဒုတ်ဆွဲ ဓားဆွဲ ကိုယ်နဲ့ရော နှုတ်နဲ့ပါ သူတစ်ပါးကို ပြောဆိုထိပါးပုတ်ခတ်မိတတ်တယ
်၊ မင်း နင်စသဖြင့် ရိုင်းစိုင်းတဲ့စကားတွေ ကုန်းစကားတွေ မဟုတ်မတရားစကားတွေ ပြောဆိုရင်း အကုသိုလ်ပေါင်းများစွာ ပြုမိရက်သားဖြစ်သွားပါတယ်။-
ဒါကြောင့် ကျေနပ်တတ်တဲ့ လောဘကလေးကို ဖျောက်ပြစ်ပါ။ နောင်ဘယ်တော့မှ ရှင်သန်ခွင့်မရအောင် သတ်ပစ်လိုက်ပါ…လို့ ပြောနေသယောင်ယောင်ပါပဲ။
မကျေနပ်တတ်တဲ့ ဒေါသကိုလည်း သတ်ပစ်လိုက်ပါ။ တစ်ခါတစ်လေမှာ မကျေနပ်တတ်တဲ့တရားကြောင့် ကျေနပ်စရာတွေဟာလဲ စိတ်ပျက်စရာဖြစ်သွားတတ်တယ်ေ
လ။
တကယ့် အမြင့်မြတ်ဆုံးအာရုံဖြစ်တဲ့
ဘုရားစတဲ့အာရုံကို မြင်ပေမယ့် မကျေနပ်မှုဒေါသက မနာလိုစရာ၊ မခံချင်စရာ မကျေမချမ်းနဲ့ စိတ်ပျက်စရာတွေအဖြစ်ပြောင်း
ပေးတတ်တယ်။ အာရုံဆိုးတာတွေနဲ့ တွေ့ကြုံရရင်တော့ ပိုဆိုးတာပေါ့၊ ရမ်းပုံမီကျဖြစ်သွားတတ်တယ်ေ
ကြည့်စမ်းပါဦး…မထေရ်မဟာ လူဘ၀ဆင်းရဲတုန်းက မကျေနပ်လိုက်တာ။ ခုတော့ သစ်ပင်ရင်းမှာ နေရတာတောင် ချမ်းသာသတဲ့။ ကျေနပ်မှုတရားနှင့် မကျေနပ်မှုတရားတွေကို ပယ်လိုက်တာနဲ့ အခြေအနေတွေ မိုးနဲ့မြေလို့ ကွားခြားသွားလိုက်တာလို့ စဉ်းစားမိပါတယ်။
ဒါကတော့ မိမိရဲ့ အယူအဆပါနော်..။ သတ္တ၀ါ နှစ်ဦးဟာ အယူအဆ တူမျှဘို့ ခဲယဉ်းတယ်လို့ အဋ္ဌကထာမှာ ဖွင့်ဆိုတော်မူခဲ့တယ်လေ… စာရှုသူတွေ သုမင်္ဂလမာတာရဲ့ အကြောင်းဖတ်ရှုပြီး ဘယ်လိုတွေးခေါ်ခံစားမိသလဲ ဆိုတာကို ကြားချင်လိုက်ပါဘိတော့တယ်……
……..
♣♣♣ကိုးကား။ ။ ထေရီဂါထာအဋ္ဌကထာ၊ အင်္ဂုတ္တိုရ်ပါဠိတော်၊
ထေရီထေရာ ရဟန္တာပုဂ္ဂိုလ်ကြီးများ(၀ဏ္ဏသ
ီရိ)။
