Sunday, July 22, 2012

လ္ဘက်ရည်(ရေနွေးကြမ်း) သောက်ရေး မသောက်ရေး ထိုးစစ်ကဗျာ (၂)ပုဒ်)


လ္ဘက်ရည် မပြတ်သမျှ၊ မရည်တတ်မှန်သည်။
လာဘ်ရဖို့ မကြံစည်၊ ကံနှစ်လီ ချွတ်ယွင်း။
ကျိုးမရ ချိန်ပုတ်ခါ၊ အိမ်လုပ်မှာ တိုးလို့လစ်ဟင်း။
ဝိုင်းဖွဲ့၍ ရီစရာ၊ ၀စီမှာ သိမ်ဖျင်း။
မကြည်သာ အိမ်တွင်းက၊ ကျိန်ဆဲရင်း နားပူ။
သုံးစရာ ပိုက်ဆံပါးပြန်တော့၊ မယားက တိုးလို့သာဆူ။
မိုက်ဉာဏ်များတဲ့ အလကားလူရယ်၊
အခြားသူ ဆိုပြောကြသည့်၊ လောကနှင့်သံသရာ၊ ကျိုးမရှိပါ။
ကရားတစ်လုံးနှင့်၊ မခြားသုံးပါလျှင်၊ မယားမုန်းကာ ကွာတတ်ချည်ရဲ့လေး…။ (မာန်လည်ဆရာတော်)

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

လ္လက်ရည် အမြဲသောက်၊ ချွဲပျောက်လို့ ဆီးရွှင်၊
လည်းကောင်းနောက်၊ တစ်မျိုးမြင်သည်၊ သူခိုးပင်ရန်ကင်း၊
ဤကဲ့သို့ ရန်မသီလျှင်၊ ကြံအစည် တိုးလိမ့်မယွင်း။
တရားနှင့် ကျိုးများရှာလျှင်၊ နိုင်းကြားစွာ ကြံခြင်း၊
တစ်မျိုးအား ဉာဏ်လင်း၍၊ ဓမ္မခဏ်ရင်း ဖွေရှာ၊
ကျမ်း ဓမ္မာ တင်ကာပြ၊ သင်္ခါရ အောက်မေ့ရပါ။
ထင်အပြ အကြောင်းရှာလျှင်၊ ကောင်းရာကို စိတ်စွဲ၍၊
မအိပ်ဘဲ အသက်ရှည်၊ လင်းလုအောင်နေ၊
သို့မို့ကြောင့်၊ ရတက်ပြေအောင်၊ လ္ဘက်ရည် သောက်ကြရအောင်ကွဲ့လေး…။ (လယ်တီဆရာတော်)

♣♣  (မာန်လည်ဆရာတော်နှင့် လယ်တီဆရာတော်နှစ်ပါး လ္ဘက်ရည် သောက်ရေး မသောက်ရေး ထိုးစစ်ကဗျာ (၂)ပုဒ်) ဖြစ်သည်ဟု ၀ါးတန်းဆရာတော်ဘုရားကြီး၏ ဓမ္မကထိကလမ်းညွှန်တွင် ဖော်ပြထားပါသည်။ ♣♣
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ