Saturday, July 7, 2012

မှတ်မိအောင်လုပ်နည်း..။

လူတစ်ယောက် သင့်ကို အမြဲတမ်း အမှတ်ရနေစေလိုပါသလား..။ သူ့ဆီက ပိုက်ဆံချေးလိုက်ပါ..။(Funny world)
ဟိုနေ့က ဖတ်မိတဲ့ဟာသလေးတစ်ခုပါ။ အဲဒါလေးကို ဖတ်ပြီး ဘာအတွေးဝင်လာသလဲဆိုတော့ ဒို့ ဘုန်းကြီးလောကမှာလဲ ဘုန်းကြီးနဲ့ဒကာ/မ မှတ်မိအောင်လုပ်နည်းလေးကို သွားသတိရမိတယ်။
ဒါကြောင့်မို့ ကြားဖူးတဲ့ ဟာသလေးတစ်ခုကိုပြောပြချင်ပါသေးတယ်။
တစ်ခါတုန်းက ဆရာတော်ကြီးတစ်ပါးထံ မန္တလေးသူ အမျိုးသမီးငယ်လေးတွေအုပ်စု လာပြီးကန်တော့ကြပါတယ်။ အမျိုးသမီးလေးတွေက စတင်ပြီးနုတ်ဆက်ကြတယ်။
ဆရာတော်ဘုရား.. တပည့်တော်မတို့ကို မှတ်မိပါသလား ဘုရားလို့လျှောက်ထားတယ်။ နင်တို့က ဘယ်သူ့သမီးတွေလဲ လို့မေးလိုက်ပါတယ်။
-တပည့်တော်မတို့က ဆရာတော်ရဲ့ဒကာမကြီး ဒေါ်…ဘယ်သူရဲ့သမီးတွေပါပေါ့။
-အော်.အေး…အေး။
-အော်..အေး..အေး သာပြောတာ မှတ်မိတဲ့ဟန်မပေါ်ဘူး၊
ဒီတော့ အမျိုးသမီးငယ်လေးတစ်ယောက်က -ဆရာတော်…မှတ်မိပြီးလားဘုရားလို့ လျှောက်ထားတယ်..။
-နင်တို့က ငါမှတ်မိအောင်မှ မလုပ်တာ၊ ဘယ်မှတ်မိမလဲ လို့ဆရာတော်က ပြန်မိန့်လိုက်တော့ ကလေးမလေးတစ်ယောက်က- ဆရာတော်မှတ်မိအောင် ဘယ်လိုလုပ်ရမလဲဘုရား လို့လျှောက်ထားပြန်တယ်။
ဒီတော့မှ ဆရာတော်ကြီးက တိုတို တုတ်တုတ်နဲ့မိန့်ကြားတယ်…

-ခဏခဏလှူတဲ့..း) ။
ဒီစကားကြားတဲ့ အမျိုးသမီးငယ်လေးတစ်စု -ခစ်, ခစ် ကနဲအသံထွက်အောင် ရယ်သွားပါတော့တယ်..။ တဆက်တည်းမှာပဲ-အခုလဲ ဆရာတော်မှတ်မိအောင် လှူမှာပါဘုရားလို့လျှောက်ထားပြီး လှူဒါန်းစရာလေးတွေကို လှူဒါန်းကြပါတော့တယ်..။

လပြည့်ဝန်း(သာစည်)

ပျော်ရွင်ကြပါစေ..။

(မန္တလေးသာသနာ့တက္ကသိုလ်အမှတ်တရ)

ဒီနေရာက တွေ့ခဲ့တာကို ပြန်လည်မျှဝေခြင်းပါ၊ အားလုံးကို မှတ်မိချင်လို့ပါ..:) :)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ