လေပြေငယ်သုတ်ပါလို့ ရွှေဘုတ်က အိုးအီ၊
အုံ့မိုင်းငယ်ရီ နေမီအောင်တခိုလှမ်းခဲ့ရ၊
ကောက်ငန်းက သူပြန်ပုံမှာ ခတ္တာငုံပန်းနှစ်ဆင့်ငယ်နှင့်၊
ပန်းဝင့်လို့ရွာကိုဝင် အမြင်ဆန်းပါဘိတယ်လေး။
ညဉ့်ချမ်းရယ်နေရီ၊
ချိန်တော်မှီ ကေသီပန်းနှင့်၊
ရေခပ်လမ်းမှာ စခန်းသင့်လို့၊
ထက်ဆင့်နီရောင် ချည်စိမ်းပေါင်နှင့်၊
ယဉ်အောင်တောသူ သနပ်ခါးကွက်ပါးမှာကူလို့၊
အမူကြီးကမ်းကုန်ကို ဘယ်မြို့ပုံသာချင်သောရယ်လို့
ပြောကြမယ်လေး။
(ဦးကြီး)
ဒီနေရာမှာ တွေ့လို့ တင်ပြပါတယ်၊ အားလုံး ခံစားကြည့်စေချင်လို့ပါ။
