Monday, July 9, 2012

“ရွာသို့ တခေါက်”

ခြူသံကလေး တလွင်လွင်
လှည်းယဉ်နဲ့ ရွာကိုပြေး---။

ထန်းရိပ်ညို တမာတောနဲ့
မန်ကျီး ကုက္ကို ထနောင်းပင် နှောပါတဲ့
ဇီး သရက်ချို ငှက်ပျောတွေ ပေါပေသကွဲ့
တောကျကျ ရွာကလေး---။

လမ်းတခွင်
လှမ်းမြင်သူ မိတ်အပေါင်းက
နေကောင်းလား မေး---။


ရွာဝင်က ကန်ရေပြင်
စိမ်းလဲ့လဲ့ ကြည်ကြည်လင်
ဗေဒါပင် လှုပ်လှုပ်ဘေး
ဗျိုင်းအုပ်က ဖွေး---။

နွားကျောင်းသား ကိုလူပျို
ပုလွေတို ကြူသံပေး
လွမ်းချင်ဖွယ့် တေး--။

လှပျိုဖြူ ညိုပြာညက်
ပါးပေါ်မှာ ပါးကွက်ကလေးနဲ့
ရှက်တတ်ချေ သေး---။

အိမ်ရောက်တော့ အမေအို
ဆီးတဲ့လို့ ကြို
မျက်နှာပေး ချိုချိုနဲ့
တဘက်ကလေး ကပိုကယိုနဲ့
သားမောင်ကို ရေချိုပေး
့ အေးပါဘိ---လေး။ ။

သန်းစိန်

အားလုံးကို မျှဝေဖို့ facebook မှ  ကူးယူလာတာပါ။ ဘယ်လောက်လွမ်းစရား ကောင်းသလဲ ခံစားကြည့်စေချင်ပါတယ်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ