Wednesday, July 11, 2012

ကျွန်ုပ်ရှက်မိသော စကားလုံးများ

“မင်းတို့ စားလို့ကုန်မယ့် အစာလောက်ပဲ မှာပါ”

“မင်းတို့ငွေဟာ မင်းတို့ပိုင်တာ မှန်ပါတယ်။ ဒါပေမယ့် သယံဇတတွေဟာ လူအများနဲ့ဆိုင်တဲ့ ပစ္စည်းဖြစ်တယ်။”


“ကမ္ဘာကြီးမှာ လူတွေအများကြီးပဲ၊ သယံဇာတတွေ ရှားပါးပြတ်လတ် ဒုက္ခရောက်နေကြတယ်။ မင်းတို့ဟာ ဒီသယံဇာတတွေကို ဖြုန်းတီးနေစရာ ဘာအကြောင်းကြောင့်မှ လုပ်စရာ မဟုတ်ဘူး။”


ဒီစကားတွေက ဂျာမနီနိုင်ငံက စားသောက်ဆိုင်ကြီးတစ်ဆိုင်က လူမှုထိန်းသိမ်းအဖွဲ့မှ အရာရှိတစ်ယောက်က မှာပြီး အစားအစာတွေကို ကုန်အောင်မစားသွားကြတဲ့ (အမေရေိကန်)ကလူတစ်စုကို ယူရိုနှစ်ဆယ် ဒဏ်ရိုက်ရင်း ပြောခဲ့တဲ့ စကားပါ။


(၂၁-၁၁-၂၀၁၁) အတွေးသစ်ဂျာနယ်မှာပါတဲ့ ကိုကိုမောင် (G.E.M) ရဲ့ ကျွန်တော့်ဖေဖေနှင့် နွယ် ဆိုတဲ့ ဆောင်ပါးလေးမှာ ဖတ်လိုက်မိတာကို ပြန်လည်ခံစားရင်း တွေးနေမိပါတယ်။


“သြော်… သူတို့နိုင်ငံကလူတွေရဲ့ စိတ်ဓာတ်က မြင့်မြတ်လိုက်ကြတာ၊ ဘာလုပ်လုပ် အများအတွက်ကို အဓိကထားကြည့်ကြတာ၊ ငါတို့နိုင်ငံက လူအတော်များများ ငါအပါအ၀င် ကိုယ့်အတွက်ပဲကြည့်ကြတာ၊”


လူမျိုးမတူသူအချင်းချင်း ၊ ဘာသာမတူသူအချင်းချင်း၊ အဆင့်အတန်းမတူသူအချင်းချင်း ပြိုင်လို့ရတာတွေမှန်သမျှ ကိုယ့်မာန ကိုယ့်အတ္တလေးတွေကိုယ်စီနဲ့ ပြိုင်ဆိုင်နေလိုက်ကြတာ..၊ အများအတွက် ကြည့်ဖို့ မေ့နေမိတယ်လေ..။


အ၀တ်အထည်တွေ တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ထည်လဲဝတ်ကြပါတယ်၊ အဲဒါတွေဟာ သယံဇာတ အများပိုင်ပစ္စည်းတွေလို့ စိတ်ကူးတောင် မစိတ်ကူးဖူးဘူး။


ငါရှိလို့ ငါဝတ်တာ ဘယ်သူ့ ဂရုစိုက်ရမလဲ-ဒါပဲ ခေါင်းထဲမှာရှိခဲ့တယ်။

စားသောက်ဆိုင်မှာ အစားအစာများ မှာရင်ကော ထို့အတူပါပဲ။


တွေးတောရင်း ရင်ထဲမှာ ပြည့်သိပ်ကြပ်လာတယ်….ကိုယ့်ကိုယ်ကို ရှက်လည်းရှက်မိပါရဲ့။

အဲဒီပြည့်သိပ်ကြပ်နေတာလေးတွေကို ပို့စ်အဖြစ်အံချလိုက်တာပါဗျာ၊ အားလုံးနာလည်ပေးကြပါ။


တစ်ခုတော့ မေးချင်သေးတယ် မင်း….၀တ်ထားတဲ့ အ၀တ်ဟာ မင်း…ငွေရှိလို့ဝတ်တယ်လို့
ခံယူသလား…………သို့မဟုတ် အများပိုင် သယံဇာတတွေလို့ ခံယူသလား……… မင်းစားတဲ့ အစားအစာတွေကော…………
မင်း………….ကော…..
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ