ကြားဖူးတဲ့ဟာသလေးကို ပြောပြချင်ပါသေးတယ်။
တစ်ခါတုန်းက ဘုံလောင်းတိုးပြီးမှ ဆွမ်းခံထိုင်အိမ်ကို လှည့်ဝင်တဲ့ ကိုယ်တော်လေးတစ်ပါးကို ဆွမ်းခံအိမ်က ဒါယကာကြီးက ကိုယ်တော်လေးရဲ့ သပိတ်ကို ဖွင့်ကြည့်ပြီးတော့-
ကိုယ်တော်..ဆွမ်းနဲ့ဆွမ်းဟင်းတွေ များလှချည်လား၊ ဘုန်းတော့ အကြီးသားနော်..လို့ ကိုယ်တော်လေးကို လျှောက်ထားတော့
ကိုယ်တော်လေးက- ဘုန်းကြီးဆို ကျုပ်က စ-ဒ-ဘ-၀ကိုယ်တော်ဗျ၊ ဘုန်းကြီးတာပေါ့လို့ အမိန့်ရှိလိုက်တယ်။
ကိုယ်တော်လေးစကားကို ဒကာကြီးက သဘောမပေါက်ဘူး။ ဘာလဲ စ-ဒ-ဘ-၀ကိုယ်တော်ဆိုတာတဲ့။
စ-ဒ-ဘ-၀ကိုယ်တော်ဆိုတာ ဒကာကြီးရေ..စ-ကစောစောထ၊ ဒ-ကဒုန်းပြေး၊ ဘ-ကဘုံလောင်းတိုး၊ ဒါဆိုရင် ၀-၀အောင်စားရမှာတဲ့ဗျ ဒကာကြီး..။
ပြီးမှ ဒကာကြီးက-ကိုယ်တော်က စ-ဒ-ဘ-၀ဆိုတော့ တပည့်တော်ကလည်း ဖ-ဆ-ပ-လ ဟင်းလောင်းလိုက်အုံးမယ် ကိုယ်တော်ရေ..၊ ဆွမ်းဟင်းခွက်ကလေး စွန့်တော်မူပါ ဆိုပြီး ဦးဇင်းလေးထံ ဆွမ်းဟင်းခွက်ကိုယူ၊ မီးဖိုခန်းထဲဝင်ထည့်ပြီး လေင်းလှူလိုက်သတဲ့။
ဦးဇင်းလေးလည်း ဒကာကြိးလောင်းလှူလိုက်တဲ့ဆွမ်းဟင်းခွက်ကို သေသေချာချာ မှတ်သားပြီးတော့ ကျောင်းကိုပြန်ခဲ့သတဲ့။
ကျောင်းရောက်ရောက်ချင်းပဲ ဒကာကြီးလောင်းလိုက်တဲ့ ဖ-ဆ-ပ-လဟင်းကို ဖွင့်ကြည့်လိုက်တော့ ဆီမဆမ်း၊ ဆားမဖြူတဲ့ ပဲပြုတ်တွေဖြစ်နေတာ တွေ့လိုက်ရသတဲ့။ နောက်နေ့ အိမ်ရောက်တော့ ဒကာကြီးကို ဦးဇင်းလေးက -ဒကာကြီးပြောတဲ့ ဖ-ဆ-ပ-လ ဟင်းကလည်း ပဲပြုတ်ကြီးလို့ ပြောတော့
ဒကာကြီးက-ဟုတ်တယ်လေ ကိုယ်တော်ရဲ့၊ ကိုယ်တော်က စ-ဒ-ဘ-၀ကိုယ်တော်ဆိုတော့ တပည့်တော်က ဖ-ဆ-ပ-လ ဟင်းလောင်းတာလေ လို့လျှောက်တယ်။
ဘာလဲ ဖ-ဆ-ပ-လ ဟင်းဆိုတာ၊
“ဖ-ဆ-ပ-လဆိုတာက ဖ-ဖုန်းကြီးတွေကြွလာပြီ၊ ဆ-ဆီမဆမ်း၊ ဆားမဖြူးတဲ့၊ ပ-ပဲပြုတ်ကို၊ လ-လောင်းလှူလိုက်ပါတယ်ဘုရားလို့ အဓိပ္ပါယ်ရတယ် ကိုယ်တော်ရဲ့..။ဒီတော့မှ ဦးဇင်းလေးက ဒကာကြီးပြောတဲ့ ဖ-ဆ-ပ-လဟင်းကို သဘောကျပြီး ပြုံးသွားပါတော့တယ်တဲ့..။
ပျော်ရွင်ကြပါစေ...
(မန္တလေးတက္ကသိုလ်အမှတ်တရ)
ဒီနေရာလေးမှာ တွေ့လို့ ဝေငှလိုက်တာပါ။ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
