Saturday, July 28, 2012

“မောင်ကြီးတို့ ပျော်စံရာ”

မလွမ်းရော့သော်ကော
ကျွန်းမော့မော့မြောက်ခွင်
မူးရေယဉ်လက်ျာစီးပါလို့၊
မောင်ကြီးတို့ပျော်တဲ့ရွာ။
မြောက်ညှာနှင့်တောင်စွယ်
လက်ကယ်က၊
အင်းနှစ်ဘက်ကာတယ်လေး။

တစ်ခေါက်ကယ်လမ်းဆုံ
ရွာသဘောကိုပြောမယုံသော်
ကြုံလျှင်ဝင်ခဲ့ပါလားနော်အဝေး။
နှစ်မပြာဖြူ ရောက်တော်မူလျှင်၊
မပူချမ်းငြိမ်း အခြင်ရယ်မြေနီး၊
ထန်းရွက်ကယ် စီးပါတဲ့၊
မောင်ကြီးအိမ်မှာစည်းစိမ်ငယ်ခံ၊
ဟင်းချဉ်ပေါင်ဘက် ပြုတ်ဘူးရွက်နှင့်၊
ပိချက်ရေ ရံပြီးလျှင်၊
ဆန်ထမင်းရဲကျော်ကို
ဝန်ကတော်ပုံလောက်ပြေးအောင်၊
ကျွေးပမယ်လေး။

ဦးကြီး

ရတနာပုံနေပြည်တော်သတင်းစာ မှ

ဒီကဗျာလေးကတော့ မူးမြစ်ပါတ်ဝန်းကျင်မှာတည်ရှိနေတဲ့ရွာမှာနေသူ ယောက်ျားလေးက
မိန်းကလေးတစ်ဦးကိုဖိတ်ခေါ်ပုံဖြစ်ပါတယ်။
သူတို့ရဲ့ထန်းလက်မိုးတဲ့အေးချမ်းတဲ့အိမ်လေးမှာ ဘယ်လိုဧည့်ခံမယ်ဆိုတာကိုပြောပြတဲ့
ကဗျာလေးဖြစ်ပါတယ်။


ဒီနေရာမှာ တွေ့လို့ ဝေငှလိုက်တာပါ။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ