Sunday, July 15, 2012

စွန့်သင့်တာကို ရဲရဲ စွန့်နိုင်မှ

ဒါန၊ သီလ၊ သမထ ၀ိပဿနာ ထို ၄ဖြာ၊ကောင်းရာပို့ဆောင်သည်။
လမ်းကြောင်း ၄ ခု၊ပို့ဆောင်မှု ယခု နောင်ခါ စိတ်အေးသည်။

သဒ္ဓါ၊ ၀ိရိယ၊ သတိ၊ သမာဓိ၊ ပညာ..အဲ့ဒီအင်အား (၅) ပါးနဲ့ထိန်းပြီးစေတနာကိုပို့လွှတ် သယ်ဆောင်တင်ပို့ ရမယ့် လမ်းကြောင်းက (၄) သွယ် ရှိပါတယ်။
(၁) ပေးကမ်းစွန့်ကြဲ လှူဒါန်းရတဲ့ဒါန၊

(၂) ကိုယ် နှုတ်ကို ထိန်းရတဲ့ သီလ၊

(၃) စိတ်ကိုထိန်းရတဲ့သမထ၊

(၄) အမြင်မှန် ရအောင်ကြည့်ရတဲ့ဝိပဿနာ၊ အဲ့ဒီ (၄) ပါးပါဘဲ၊

ဒီ(၄)ပါးစလုံးဟာစွန့်သင့်တာကိုစွန့်နိုင်မှ ရတာချည်းပါ။
ဒါနဆိုတာကိုယ့်မှာရှိတဲ့ပစ္စည်းကိုစွန့်ရတာ၊ သီလ ကတော့မကောင်းတဲ့ ကိုယ်နှုတ်အမူအရာ ကိုစွန့်ပစ်ရတာ၊ သမထ က စိတ်အပူအခိုးအငွေ့ ကိလေသာတွေကို စွန့်ရတာပဲ၊ ၀ိပဿနာကျတော့အထင်အမြင် လွဲနေတာကို စွန့်ရတာပါ၊ စွန့်သင့်တာကို ရဲရဲ စွန့်နိုင်မှ ကောင်းမှု့စွမ်း အား တိုးပွားရပါတယ်။

တိပိဋက(ယောဆရာတော်)အရှင်သိရိန္ဒာ ဘိဝံသ၏ သာဓုလေးပါး မြတ်တရားမှ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ