Sunday, May 13, 2012

မဟာဂန္ဓာရုံဆရာတော်၏ တပ်လှန့်သံ

ဒို့မြေဌာနီ ရှေးခါစီဝယ်၊ မထေရ်အပေါင်း စံရာကျောင်းမှ ငြိမ်းငြောင်းသာယာ မိန့်အာဏာကို၊ ရပ်ရွာလူများ လွန်လေးစားခဲ့၊ ခုကားသို့နှယ် မဟုတ်ကွယ်၍ နယ်ပယ်ပွားစီး သားသမီးတို့၊ ဘုန်းကြီးကျောင်းတွင် စာမသင်တော့။
ထို့ပြင် မြို့နေ ကလေးတွေက၊ ဒို့မေဘာသာ ဒို့မေစာကို သင်ရာကောင်းမျှ မထင်ကြဘဲ ပြင်ကလာပေး စာပထွေးကို အလေးဂရု အရေးပြု၏။
ယခုလိုသာ နှစ်ပေါင်းကြာလျှင်၊ မြန်မာပြည်ဖွား တိုင်းရင်းသားတို့ ဘုရားကိုစွန့် တရားစွန့်၍၊ စွန့်လိမ်မှန်စွာ မြတ်သံဃာတည်း။
ထိုအခါလူများ ကိုယ်ကျင့်အားဖြင့်၊ တရားမပါ အမှားစာကြောင့်၊ များစွာ ခုထက် တိုး၍ပျက်လိမ့်။
သို့တွက်များပြား ဘုန်းဘုရားတို့၊ တရားကိုယ်ကျင့် လုံအောင်ကျင့်၍၊ မလင့်စေရ ကိုယ်ဒေသ၌ သိပ္ပ ၀ိဇ္ဖာ ပြသင့်ရာကို၊ ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ ဘုန်းလှိုင် ဟောပြ သြ၀ါဒကို၊ စိတ်ကကြည်ဖြူ လိုက်နာယူ၍၊ ကိုယ်မှု နှုတ်ပြောင်း၊ စိတ်လည်း ကောင်းလိမ့်။
အကောင်း မကောင်း အကြောင်းကြောင်းကို၊ သောင်းပြောင်း ကုန်စင် အစုံမြင်၍၊ ထေရ်ရှင် ရှေ့သွား၊ ဘုန်းအများ၏ တရားစဉ်နှင့် အဆင့်သင့်သား၊ ရှင်ကျင့်ဝတ်ခေါ် ရှေးစာတော်ကို၊ ခေတ်ပေါ် လှစ်ဆင့်၊ စုံအောင်ဖွင့်သည် ........ မျိုးနှင့် သာသနာ တည်ကြောင်းတည်း။
                          

                                                                          (အမရပူရမြို့၊ မဟာဂန္ဓာရုံဆရာတော်ကြီး)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ