Monday, June 23, 2014

ဗုဒ္ဓဘာသာလက်စွဲ (၁၆) **ငါးပါးသီလခန်း မှတ်ဖွယ်**



ပထမတန်း အတွက်ညွှန်ပြချက်။

[ဆရာများသိရန်သာ, တပည့်အား ပြောရန်မဟုတ်၊]

ငါးပါးသီလခန်း။

[ငါးပါးသီလ တောင်းပုံကို ဤအခန်း၌ ကလေးများ ကျက်ဖို့ရာ များနေမည်စိုး၍ မပြသေးဘဲ ဒုတိယတန်းကျမှ ပြပါမည်။]

ပါဏာတိပါတ။     ။ပါဏောတိ ဝေါဟာရတောသတ္တော ပရမတ္ထတော ဇီဝိတိန္ဒြိယံ၊ သရသေနေဝ ပတနသဘာဝဿ အန္တရာဧဝ အတိပါတနံ အတိပါတော၊ အတိက္ကမ္မ ဝါ သတ္ထာဒီဟိ အဘိဘဝိတွာ ပါတနံ အတိပါတော၊ ["ပါဏာတိပါတ" ပုဒ်၌ "ပါဏ+အတိပါတ"  ဟုခွဲ၊) ပါဏ ဟူသည် အများပြောရိုးအားဖြင့် သတ္တဝါတည်း၊ ပရမတ္ထအသုံးအားဖြင့် ရုပ်နာမ်နှစ်ပါးတွင် ပါဝင်သော ဇီဝိတိနြေ္ဒတည်း၊ ထိုပါဏသည် ကံအရှိန်ကုန်လျှင် သူ့အလိုလို ကျရမည့် (ချုပ်ဆုံး ရမည့်) သဘောရှိ၏၊ သူ့အလိုလို ကျချိန် မရောက်မီ အကြား၌ အလျင်အမြန်ကျစေခြင်း, (ဥပမာ-အသက်ခုနစ်ဆယ်ပြည့်လျှင် သူ့အလိုလိုကျရမည့် ပါဏကို

ငါးဆယ်အရွယ် ခြောက်ဆယ်အရွယ်လောက်၌ အလျင်အမြန်ကျစေခြင်း, ကျအောင် ပြုလုပ်ခြင်း)သည် ပါဏာတိပါတမည်၏၊ [ပါဏ=သတ္တဝါ (ဇီဝိတိနြေ္ဒ) ကို+အတိ=လျင်မြန်စွာ+ပါတ=ကျစေခြင်း၊] တစ်နည်း-သူ့အလိုလို ကျချိန် မရောက်မီ ဓားစသောလက်နက်တို့ဖြင့် အတင်းလွှမ်းမိုး၍ကျစေခြင်းသည် ပါဏာတိပါတ မည်၏၊ ဤနည်း၌ အတိသဒ္ဒါသည် လွှမ်းမိုးခြင်းအနက်ဟောတည်း၊ အချုပ်မှာ-သူ့ကို သတ်ကြောင်းဖြစ်သော ဒေါသစေတနာပင်တည်း။


အဒိန္နာဒါန။         ။အဒိန္နန္တိပရပရိဂ္ဂဟိတံ၊ တဒါဒါယက ဥပက္ကမသမုဋ္ဌာပိက ထေယျစေတနာ အဒိန္နာဒါနံ၊ ["အဒိန္န+အာဒါန" ဟု ပုဒ်ခွဲ၊] အဒိန္နဟူသည် သူများပိုင်ဥစ္စာတည်း၊ ထိုဥစ္စာကို ယူကြောင်း လုံ့လကို ဖြစ်စေတတ်သောခိုးယူကြောင်း စေတနာသည် အဒိန္နာဒါနမည်၏၊ ["အဒိန္နာ" ဟု ရေးချသံပါအောင် သင်ပေးပါ၊]

ကာမေသုမိစ္ဆာစာရ။        ။ကာမေသူတိ မေထုနသမာ စာရေသု၊ မိစ္ဆာစာရောတိ ဧကန္တနိန္ဒိတော လာမကာစာရော၊

[ကာမေသုကို "မေထုန် အကျင့်တို့၌" ဟုဖွင့်၏၊ မိစ္ဆာစာရောကို "ဧကန် ကဲ့ရဲ့ထိုက်သော ယုတ်မာသော အကျင့်" ဟုဖွင့်၏၊ မိမိ အိမ်သူအိမ်သားချင်း ပျော်ပါးမှု ကာမဂုဏ်တို့၌ ဤသိက္ခာပုဒ် အရ အပြစ်မရှိပဲ သူ့မယား သမီးပျိုများနှင့် လည်းကောင်း, မိမိယောက်ျားမှ တခြားယောက်ျားနှင့် လည်းကောင်း ပျော်ပါးမှုကို လည်းကောင်း "ဧကန် ကဲ့ရဲ့ထိုက်သော ယုတ်မာသောအကျင့်" ဟု ဆိုရ၍ ကာမေသု မိစ္ဆာစာရကံ ထိုက်သည်၊ ["မိစ္ဆာစာရော=မှားသော အကျင့်" ဟုမြန်မာပြန် လွဲတတ်သည်၊]

မုသာဝါဒ။ ။မုသာတိ အဘူတံ အတစ္ဆံ ဝတ္ထု ("မုသာ" ဆိုတာ ပြောသလို မဟုတ်သော မမှန်သောဝတ္ထု၊) ဝါဒေါတိ တဿ ဘူတတော တစ္ဆတော ဝိညာပနံ၊ ("ဝါဒ"ဆိုတာ ထိုမဟုတ် မမှန်သော အရာကို ဟုတ်တဲ့အနေ မှန်တဲ့အနေအားဖြင့် သူတစ်ပါးကို သိစေခြင်း သိအောင် ပြောဆို ပြုမူရေးသားခြင်းတည်း၊ )ထိုသို့ပြောဆိုခြင်း ပြုလုပ်ပြခြင်း ရေးသားခြင်းကိုပင် "လိမ်ခြင်း, ညာခြင်း, လှည့်စားခြင်း" ဟုခေါ်သည်။

သုရာမေရယမဇ္ဇပမာဒဋ္ဌာန။        ။သုရာတိပူဝသုရာ(မုံ့ကို ပြုလုပ်အပ်သော သေရည်၊) ပိဋ္ဌသုရာ(မုံ့မှုန့်တို့ကို ပြုလုပ်အပ်သော သေရည်၊) ဩဒနသုရာ (ထမင်းကို ပြုလုပ်အပ်သော သေရည်) ကိဏ္ဏပက္ခိတ္တာ(သေရည် မျိုးစေ့ကို ထည့်ခပ်၍ ပြုလုပ်အပ်သော သေရည်၊) သမ္ဘာရ သံယုတ္တာ (ဖန်းခါးသီး မုန့်ညင်းစေ့ စသော အဆောက်အဦးတို့နှင့် ရောစပ်အပ်သော သေရည်၊) ဣတိ ပဉ္စသုရာ (ဤသို့အားဖြင့် သေရည်ငါးမျိုး ရှိသည်၊)

မေရယ။   ။ပုပ္ဖာသဝ(သစ်မည်စည်ပွင့် အုန်းပင် စသော ပန်းပွင့်တို့ကို ကြာမြင့်စွာစိမ်၍ ပြုလုပ် အပ်သော ပန်းအရက်၊)ဖလာသဝ (ပိန္နဲသီးစသော အသီးအရက်၊) မဓွာသဝ(မုဒရက်သီးရည် စဗျစ်ရည်စသော ချိုသော အရက်၊) ဂုဠာသဝ(ကြံရည်အရက်၊) သမ္ဘာရသံယုတ္ထ (ရှစ်ရှားဖန်းခါး စပ်သော အရသာစသည်တို့ကို ရောစပ်၍ ပြုလုပ်အပ်သော အရက်၊) ဤသို့အားဖြင့် အရက် ငါးမျိုး ရှိသည်။

မဇ္ဇပမာဒဋ္ဌာန။     ။တံ သဗ္ဗမ္ပိ မဒကရဏဋ္ဌေနမဇ္ဇံ=
ထိုသေရည်အရက် အားလုံးသည်ပင် သောက်သူကို မူးယစ်အောင် ပြုတတ်သောကြောင့် "မဇ္ဇ" မည်၏၊ ပမာဒဋ္ဌာနန္တိ ပမာဒကာရဏံ=မေ့လျော့ခြင်း၏ အကြောင်းလည်းဖြစ်၏။

ဝေရမဏိ။ ။ဝေရမဏီတိ ဝေရဟေတုတာယ ဝေရသညိတံ ပါဏာတိပါတာဒိ ပါပကမ္မံ မဏတီတိ ဝေရမဏိ၊ သူ့အသက်ကို သတ်မှုစသော အကျင့်တို့သည် ရန်များခြင်း အကြောင်းဖြစ်၍ ဝေရ=ရန်မည်၏၊ ထိုပါဏာတိပါတ စသောရန်ကို ပယ်ဖျောက်တတ်သောကြောင့် ပါဏာတိ ပါတ စသည်မှ ရှောင်ကြဉ်သော ကုသိုလ်စိတ် စေတနာကို "ဝေရမဏိ" ဟုဆိုသည်၊ "ဝေရံ" -ပါဏာတိ ပါတစသော ရန်ကို+မဏတိ-ပယ်ဖျောက်တတ်၏၊ ဣတိ-ထို့ကြောင့်၊ " ဝေရမဏိ-ဝေရမဏိ မည်၏" ။

တစ်နည်း။ ။ဝိရမတိ ဧတာယာတိ ဝေရမဏိ၊ ဧတာယ-ဤ ကုသိုလ် စေတနာ (ဝိရတိစေတသိက်)ဖြင့်၊ ဝိရမတိ-ပါဏာတိပါတစသည်မှ ရှောင်ကြဉ်ရ၏၊ ဣတိ-ထိုသို့ ရှောင်ကြဉ် ကြောင်း၏ အဖြစ်ကြောင့်၊ဝေရမဏိ-

ဝေရမဏိမည်၏၊ ပထမနည်း၌ "ပါဏာတိပါတာ-မှ၊ ဝေရမဏိသိက္ခာပဒံ-ရန်ဟူသမျှကို လုံးဝ ပယ်ဖျောက်တတ်သော သိက္ခာပုဒ်ကို" ဟု အနက်ဆို၊ ဤသိက္ခာပုဒ်ကို စောင့်စည်းလျှင် ရန်ဖြစ်စရာ မရှိ=စစ်တိုက်ဖွယ် မလိုဟု ဆိုလိုသည်၊ ဒုတိယနည်း၌ကား"ပါဏာတိပါတာ-မှ၊ ဝေရမဏိသိက္ခာပဒံ-ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို" ဟု အနက်ဆို။

သိက္ခာပဒံ။          ။သိက္ခာပဒန္တိ သိက္ခိတဗ္ဗပဒံ, သိက္ခာကောဋ္ဌာသော၊ ကျင့်သင့်ကျင့်ထိုက်သော တရားအစု၊ "ပါဏာတိပါတမှ ရှောင်ကြဉ်သော ကုသိုလ်စိတ်, စေတနာ, ဝိရတိစေတသိက်, လည်းကောင်းတို့နှင့် ယှဉ်ဘက်စေတသိက်များ၊ ဤတရားအားလုံးသည် ကျင့်ထိုက်သော တရား တစ်စု ဖြစ်ကြ၏၊" ["ပါဏာတိပါတာ" မှစ၍ "သိက္ခာပဒံ" အထိ အဖွင့်များသည်၊ အဋ္ဌသာလိနီ=ဒွါရကထာ, သမ္မောဟဝိနောဒနီ=သိက္ခာပဒဝိဘင်္ဂဋ္ဌကထာ, ဝိနည်း မဟာဝါ=မဟာခန္ဓကအဖွင့် တေရသကဏ်ဋီကာတို့မှ ထုတ်ယူအပ်သော အဖွင့်များတည်း။]

ဆွမ်းတော်ကပ်စသည်၌မှတ်ရန်။

ဘုန်းတော်အနန္တ။  ။ဘဂဝါဂုဏ်တော်ဖွင့်၌ ဖွင့်ပြလေ့ရှိသော “ကိုယ်တော်ကို အဏုမြူ ပမာဏမျှ သေးငယ်အောင် ဖန်ဆင်းနိုင်သော အဏိမာဘုန်းတော်, ကိုယ်တော်ကို ပေါ့ပါးအောင် ဈာန်ပျံ နိုင်အောင် ဖန်ဆင်းနိုင်သော လဃိမာကုန်တော်”စသည်နှင့်တကွ ဣဿရိယ ဓမ္မ, ယသ, သိရီ, ကာမ, ပယတ္တဟူသော ဘုန်းတော်ခြောက်ပါးတို့တွင် တစ်ပါးတစ်ပါးလျှင် မကုန် မဆုံးနိုင်အောင် ကြီးကျယ် များပြားလှသောကြောင့် “ဘုန်းတော်အနန္တ”ဟု ဆို ရပေသည်။ [အနန္တ=အဆုံးမရှိ။]

    ကံတော်အနန္တ, ဉာဏ်တော်အနန္တ။      ။လေးအသင်္ချေနှင့် ကမ္ဘတစ်သိန်း ကာလပတ်လုံး ဖြည်းဆည်းပူအပ်သော ကုသိုလ်ကံ ပါရမီတော်များလည်း ရေတွက်၍ မကုန် မဆုံးနိုင်အောင် များ ပြားလှသောကြောင့် “ကံတော်အနန္တ”ဟု ဆိုရပေသည်၊ လောက၌ သိစရာတွေသည်မကုန်နိုင်၊ ထို မကုန်နိုင်သော သိစရာတွေကို ဗုဒ္ဓမြတ်စွာ၏ ဉာဏ်တော်သည် အကြောင်းပေါ်လာတိုင်း သိတော်မူ၏၊

ဤသို့ သိစေရာ မကုန်နိုင်သကဲ့သို့ ဉာဏ်တော်လည်းမကုန်နိုင်သောကြောင့် “ဉာဏ်တော် အနန္တ”ဟု ဆိုရပေသည်။

တပည့်ဝတ်, သားသမီးဝတ်၌မှတ်ရန်။

[သိင်္ဂါလောဝါဒသုတ်လာ ဘုရားဟော ကျင့်ဝတ်များ။]
    တပည့်ဝတ်ပါဠိတော်။  ။ “ဥဋ္ဌာနေန, ဥပဋ္ဌာနေန, သုဿုသာယ, ပါရိစရိယာယ, သက္ကနံ သိပ္ပဥဂ္ဂဟဏေန”ဟု တပည့်ဝတ်ပါဠိ ရှိ၏၊ ဥဋ္ဌာနေနကို “အာသနာဥဋ္ဌာနေန=ဆရာလာသည်ကို မြင်လျှင် နေရာမှ ထပေးခြင်းဖြင့်” ဟု ဖွင့်၍ “အာသနာ ဥဋ္ဌာယ ပစ္စုဂ္ဂမနံ ကတွာ ဟတ္တတော ဘဏ္ဍကံ ဂဟေတွာ”စသည်ဖြင့် “ဆီး၍ ကြိုပြီးလျှင် လက်မှာပါသော ဘဏ္ဍာကို ယူရမည်”ဟု ဖွင့်၏၊ လင်္ကာ၌ပါသော ငါးပါးတွင် “လာမူကြိုဆီး”နှင့် သဘောတူသည်။

    ဥပဋ္ဌာနေနကို “ဒိဝသဿ တိက္ခက္တုံ ဥပဋ္ဌာန ဂမနေန-တစ်နေ့သုံးကြိမ်း ဆည်းကပ် ခစား သွားခြင်းဖြင့်”ဟု ဖွင့်၏။

ထိုကြောင့် “ဆည်းကပ်ချဉ်းခ”ဟု ထည့်လိုက်ရသည်၊ “သုဿုသာယ=စကားကို ကောင်းစွာ နားထောင်ခြင်းဖြင့်” ကား “ဆုံးမနာယူ”ဟူသော လင်္ကာပိုဒ်နှင့်တူ၏၊ “ပါရိစရိယာယ-မျက်နှာ သစ်ရေ ပေးခြင်းစသော ပြုစုလုပ်ကျွေးခြင်းဖြင့်”လည်း “ထံနီးလုပ်ကျွေး”ဟူသော လင်္ကာပိုဒ်နှင့် တူ၏၊ “သက္ကစ္စံ သိပ္ပုဟဏေန=ကောင်းမွန်စွာ အတတ်သင်ယူခြင်းဖြင့်”လည်း “သင်တွေး အံရွတ်”နှင့် တူသည်။

    သားသမီးဝတ်ပါဠိတော်။         ။(၁) ဘတော နေသံဘရိဿာမိ-မိဘတို့က ကျွေးမွေး အပ်ခဲ့သော ငါသည်ယခုအခါ မိဘတို့အားပြန်၍ ကျွေးမွေးအံ၊ ဤဝတ်ကို “ကျွေးမွေးမပျက်”ဟု လင်္ကာပိုဒ်က ဆိုသည်၊ (၂) ကိစ္စံနေသံ ကရိဿာမိ=မိဘတို့၏ ကိစ္စကိုပြုမည်၊ ဤဝတ်ကို “ဆောင်ရွတ်စီမံ”ဟု ဆိုသည်၊ (၃) ဒါယဇ္ဇံ ပဋိပဇ္ဇာမိ=အမွေကို သိမ်းပိုက်ခံယူအံ့၊ ဤဝတ်ကို “မွေခံထိုက်စေ”ဟု ဆိုသည်၊ (၄) ပေတာနံ ဒက္ခိဏံ အနုပဒဿာမိ=သေလွန်သော မိဘတို့ကို အလှူဒါနပြု၍ အမျှဝေမည်၊ ဤဝတ်ကို “လှူမျှဝေ၍”ဟု ဆိုသည်၊ (၅) ကုလဝံသံ ထပေဿာမိ=

အမျိုး အနွယ်ကို တည်တံ့စေအံ့၊ ဤဝတ်ကို “စောင့်လေမျိုးနွယ်”ဟု ဆိုသည်။

ပထမတန်းညွှန်ပြချက်ပြီး၏။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ